အကြင်အရှင်မြတ်၏ လက်တော်တွင် ငါကိုယ်တော်၏ဝိညာဥ်ရှိပြီး ထိုအရှင်မြတ်ကို တိုင်တည်၍ပြောမည်။ မကြာခင် အသင်တို့ထဲတွင် တရားမျှတစွာအုပ်ချုပ်မည့် မရ်ယမ်၏ သားတော် (အီစာ) ဆင်းသက်လာလိမ့်မည်။ ထိုအချိန်၌ သူသည်လက်ဝါးကပ်တိုင်ကို ချိုးဖျက်မည်။ ဝက်တိရစ္ဆာန်တွေကို သတ်ဖြတ်မည်။ အခွန်အခကို ဖျက်သိမ်းပစ်မည်။ (အလှူ) ငွေလက်ခံမည့်သူ တစ်ဦးမှမရှိတော့သည်အထိ ဥစ္စာပစ္စည်းများ ပေါများကြွယ်ဝလာလိမ့်မည်။
Choose an available translation of this Hadeeth
Hadeeth text
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အကြင်အရှင်မြတ်၏ လက်တော်တွင် ငါကိုယ်တော်၏ဝိညာဥ်ရှိပြီး ထိုအရှင်မြတ်ကို တိုင်တည်၍ပြောမည်။ မကြာခင် အသင်တို့ထဲတွင် တရားမျှတစွာအုပ်ချုပ်မည့် မရ်ယမ်၏ သားတော် (အီစာ) ဆင်းသက်လာလိမ့်မည်။ ထိုအချိန်၌ သူသည်လက်ဝါးကပ်တိုင်ကို ချိုးဖျက်မည်။ ဝက်တိရစ္ဆာန်တွေကို သတ်ဖြတ်မည်။ အခွန်အခကို ဖျက်သိမ်းပစ်မည်။ (အလှူ) ငွေလက်ခံမည့်သူ တစ်ဦးမှမရှိတော့သည်အထိ ဥစ္စာပစ္စည်းများ ပေါများကြွယ်ဝလာလိမ့်မည်။
Explanation
Benefits
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ရှရီအဟ် တရားလမ်းစဉ်အား အခြားမည်သည့်လမ်းစဉ်ကမျှ မပယ်ဖျက်နိုင်ပေ။
နောက်ဆုံးခေတ်သမယ၌ ဥစ္စာပစ္စည်းတွင် ဗရ်ကသ် မင်္ဂလာများ ကျရောက်လာမည်ဖြစ်ပြီး ဥစ္စာပစ္စည်းနှင့်ပတ်သက်၍ လူတို့၏အလိုရမ္မက် လည်း လျော့နည်းသွားကြမည်။
အီစာ (အလိုင်းဟိစ္စလာမ်)သည် နောက်ဆုံးခေတ်၌အစ္စလာမ့် တရားလမ်းစဉ်အတိုင်း အုပ်ချုပ်မည်ဟုဆိုခြင်းသည် အစ္စလာမ်သာသနာတော်သည် အမြဲရှင်သန်နေမည်ဖြစ်ကြောင်း သတင်းကောင်းတစ်ရပ်ပင်ဖြစ်သည်။
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

