HadeethEnc · 1.34.0
‘မုနာဖိက်’ အရေခြုံမွတ်စ်လင်မ်၏ ပမာသည် ဆိတ်အုပ် နှစ်အုပ်ကြားထဲ၌ မည်သည့်ဘက်လိုက်ရမည်ကိုမသိသည့် ဆိတ်မကဲ့သို့ဖြစ်သည်။ ၎င်းသည် တစ်ကြိမ်တွင် ဤအုပ်စုဆီသို့သွားပြီး နောက်တစ်ကြိမ်တွင် နောက်အုပ်စုဆီသို့သွားသည်။
Available translations
Choose an available translation of this Hadeeth
01
Hadeeth text
အစ်ဗ်နုအုမရ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ ‘မုနာဖိက်’ အရေခြုံမွတ်စ်လင်မ်၏ ပမာသည် ဆိတ်အုပ် နှစ်အုပ်ကြားထဲ၌ မည်သည့်ဘက်လိုက်ရမည်ကိုမသိသည့် ဆိတ်မကဲ့သို့ဖြစ်သည်။ ၎င်းသည် တစ်ကြိမ်တွင် ဤအုပ်စုဆီသို့သွားပြီး နောက်တစ်ကြိမ်တွင် နောက်အုပ်စုဆီသို့သွားသည်။
02
Explanation
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ‘မုနာဖိက်’ အရေခြုံမွတ်စ်လင်မ်အား ဆိတ်နှစ်အုပ်ကြားတွင် မည်သည့်နောက်သို့လိုက်ရမည်ကို မသိဘဲ သို့လောသို့လော ဖြစ်နေသည့် ဆိတ်မဖြင့် ပမာပေးကာ ရှင်းပြတော်မူခဲ့သည်။ ၎င်းသည် ဤအုပ်စုဘက်သို့ တစ်ခေါက်သွားလိုက် ထိုအုပ်စုဘက်သို့ တစ်ခေါက်သွားလိုက် ဖြစ်နေသည်။ မုနာဖိက်တို့သည် အီမာန် သက်ဝင်ယုံကြည်မှုနှင့် ‘ကုဖ်ရ်’ သွေဖည်ငြင်းပယ်မှုကြား၌ ဝေခွဲမရသူများဖြစ်ကြသည်။ ၎င်းတို့သည် မုအ်မင်န်ယုံကြည်သူများနှင့် အတွင်း၊အပြင်နှစ်ခုစလုံးတွင် တူညီမှုမရှိသလို ကာဖိရ်သွေဖည်ငြင်းပယ်သူများနှင့်လည်း အတွင်း၊အပြင် နှစ်ခုစလုံးတွင် တူညီမှုမရှိကြပေ။ သို့သာမက ၎င်းတို့၏ အပေါ်ယံသည် မုအ်မင်န်ယုံကြည်သူများကဲသို့ဖြစ်ပြီး ၎င်းတို့၏အတွင်းစိတ်၌ ဒွိဟသံသယရှိသူများဖြစ်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် တစ်ခါတစ်ရံ မုအ်မင်န်များဘက်သို့ တိမ်းညွတ်ပြီး တစ်ခါတစ်ရံ ကာဖိရ်များဘက်သို့ တိမ်းညွတ်ကြသည်။
03
Benefits
အဓိပ္ပါယ်ကို အနီးစပ်ဆုံး နားလည်သဘောပေါက်စေရန်အတွက် ပမာပေး၍ ရှင်းပြခြင်းသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ နည်းစနစ်ပင်ဖြစ်သည်။
‘မုနာဖိက်’ အရေခြုံမွတ်စ်လင်မ်များ၏ စိတ်နှစ်ခွဖြစ်မှု၊ သံသယဖြစ်မှု၊ မတည်ငြိမ်မှု စသည့်အခြေအနေများကို ရှင်းပြထားသည်။
‘မုနာဖိက်’အရေခြုံမွတ်စ်လင်မ်တို့၏ အခြေအနေနှင့် ပတ်သက်၍ သတိပေးခြိမ်းခြောက်ထားသည်။ ထို့ပြင် အတွင်း၊အပြင် နှစ်ခုစလုံးအီမာန်ပေါ်တွင် မှန်ကန်ခိုင်မာစွာ ရပ်တည်ရန် တိုက်တွန်းနှိုးဆော်ထားသည်။
‘မုနာဖိက်’ အရေခြုံမွတ်စ်လင်မ်များ၏ စိတ်နှစ်ခွဖြစ်မှု၊ သံသယဖြစ်မှု၊ မတည်ငြိမ်မှု စသည့်အခြေအနေများကို ရှင်းပြထားသည်။
‘မုနာဖိက်’အရေခြုံမွတ်စ်လင်မ်တို့၏ အခြေအနေနှင့် ပတ်သက်၍ သတိပေးခြိမ်းခြောက်ထားသည်။ ထို့ပြင် အတွင်း၊အပြင် နှစ်ခုစလုံးအီမာန်ပေါ်တွင် မှန်ကန်ခိုင်မာစွာ ရပ်တည်ရန် တိုက်တွန်းနှိုးဆော်ထားသည်။
Attribution
[رواه مسلم]
Categories
Share
Share hadeeth
Sharing options · 0 Total shares

