အသင်တို့အနက် တစ်ဦးတစ်ယောက်သည် မကောင်းမှုတစ်ခုခုကို မြင်တွေ့ခဲ့ပါက ၎င်းအား မိမိလက်ဖြင့် တားမြစ်ပါ။ အကယ်၍ ထိုသို့မပြုလုပ်နိုင်လျှင် မိမိ၏နှုတ်လျှာဖြင့် တားမြစ်ပါ။ အကယ်၍ ထိုသို့မပြုလုပ်နိုင်လျှင် မိမိ၏စိတ်နှလုံးသားအတွင်းမှ ထိုအရာကိုမကောင်းမှုဟုမှတ်ယူပါ။ ဤသည် အီမာန်ယုံကြည်မှု၏ အနိမ့်ဆုံးအဆင့်ဖြစ်သည်။
Choose an available translation of this Hadeeth
Hadeeth text
အဗူစအီးဒ် ခွဒ်ရီး (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်တော်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်တော်မူသည်ကို ကြားသိခဲ့ရသည်။ အသင်တို့အနက် တစ်ဦးတစ်ယောက်သည် မကောင်းမှုတစ်ခုခုကို မြင်တွေ့ခဲ့ပါက ၎င်းအား မိမိလက်ဖြင့် တားမြစ်ပါ။ အကယ်၍ ထိုသို့မပြုလုပ်နိုင်လျှင် မိမိ၏နှုတ်လျှာဖြင့် တားမြစ်ပါ။ အကယ်၍ ထိုသို့မပြုလုပ်နိုင်လျှင် မိမိ၏စိတ်နှလုံးသားအတွင်းမှ ထိုအရာကိုမကောင်းမှုဟုမှတ်ယူပါ။ ဤသည် အီမာန်ယုံကြည်မှု၏ အနိမ့်ဆုံးအဆင့်ဖြစ်သည်။
Explanation
Benefits
မကောင်းမှုကိုတားမြစ်ရာ၌ တဆင့်ပြီးတဆင့်ပြီးတားမြစ်ရန်အမိန့်ပေးထားပြီး လူတိုင်းသည်မိမိတတ်စွမ်းနိုင်သမျှတားမြစ်ရမည်။
မကောင်းမှုမှတားမြစ်ခြင်းသည် သာသနာတော်၌ကြီးကျယ်လှသည့် ကဏ္ဍတစ်ရပ်ဖြစ်ပြီး ဤတာဝန်နှင့် မည်သူမျှမလွတ်ကင်းပေ။ မွတ်စ်လင်မ်တိုင်းသည် မိမိတတ်စွမ်းမှုနှင့်အညီ တာဝန်ပေးအပ်ခြင်းခံထားရသည်။
ကောင်းမှုကို ညွှန်ကြားခြင်း၊ မကောင်းမှုမှ တားမြစ်ခြင်းသည် အီမာန်၏ လက္ခဏာဖြစ်ပြီး အီမာန်သည် တိုးတက်ခြင်း လျော့နည်းခြင်းရှိသည်။
မကောင်းမှုကိုတားမြစ်ခြင်း၌ ရှိရမည့်အချက်တစ်ချက်မှာ ထိုလုပ်ရပ်သည် မကောင်းမှုဖြစ်ကြောင်း အခိုင်အမာသိရှိထားခြင်း ဖြစ်သည်။
မကောင်းမှုကိုတားမြစ်ခြင်း၌ စည်းကမ်းချက်တစ်ခုရှိသည်။ ၎င်းမှာ မကောင်းမှုကိုတားမြစ်ရာ၌ ထို့ထက်ပို၍ဆိုးသော မကောင်းမှု ဖြစ်ပေါ်လာခြင်းမရှိစေရပါ။
မကောင်းမှုကို တားမြစ်ခြင်းတွင် စည်းကမ်းချက်များ၊ ကျင့်ဝတ်များရှိသောကြောင့် မွတ်စ်လင်တစ်ဦးအနေဖြင့် ၎င်းတို့အား လေ့လာသင်ယူရမည်။
မကောင်းမှုကို တားမြစ်ရာ၌ ရှရီအဟ်၏မူဝါဒ၊ အသိပညာနှင့် ခိုင်လုံသောသက်သေများ ရှိရန်လိုအပ်ပေသည်။
မကောင်းမှုအား နှလုံးသားဖြင့်ပင် မတားမြစ်ခြင်းသည် အီမာန်အားနည်းမှုကို ညွှန်ပြနေသည်။
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

