افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم.
#6389[صحيح]
HadeethEnc · 1.34.0

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ကိစ္စနှစ်ခုကြားတွင် ရွေးချယ်ခွင့်ပေးခံရလျှင် ပို၍လွယ်ကူသောအရာကိုပင် ရွေးချယ်တော်မူလေ့ရှိသည်။ ထိုပို၍လွယ်ကူသောအရာသည် အပြစ်မဟုတ်သရွေ့ကာလပတ်လုံး (ပို၍လွယ်ကူသောအရာကိုသာ ရွေးချယ်တော်မူလေ့ရှိသည်။) အကယ်၍ ထိုပို၍လွယ်ကူသောအရာသည် အပြစ်ဖြစ်ခဲ့လျှင် ကိုယ်တော်သည် ထိုအရာမှ လူသားအားလုံးထက်ပို၍ ဝေးစွာနေတော်မူသောသူ ဖြစ်သည်

Available translations

Choose an available translation of this Hadeeth

01

Hadeeth text

မုအ်မင်န်တို့၏ မိခင်ကြီး အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ကိစ္စနှစ်ခုကြားတွင် ရွေးချယ်ခွင့်ပေးခံရလျှင် ပို၍လွယ်ကူသောအရာကိုပင် ရွေးချယ်တော်မူလေ့ရှိသည်။ ထိုပို၍လွယ်ကူသောအရာသည် အပြစ်မဟုတ်သရွေ့ကာလပတ်လုံး (ပို၍လွယ်ကူသောအရာကိုသာ ရွေးချယ်တော်မူလေ့ရှိသည်။) အကယ်၍ ထိုပို၍လွယ်ကူသောအရာသည် အပြစ်ဖြစ်ခဲ့လျှင် ကိုယ်တော်သည် ထိုအရာမှ လူသားအားလုံးထက်ပို၍ ဝေးစွာနေတော်မူသောသူ ဖြစ်သည်။ ထို့ပြင် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် မိမိကိုယ်ရေးကိုယ်တာအတွက် လက်တုံ့
ပြန်တော်မမူခဲ့ပေ။ သို့သော် အလ္လာဟ်အရှင်မြတ်၏ စည်းမျဉ်းတော်များ၊ ဂုဏ်တော်များကို ချိုးဖောက်ကျူးလွန်ခြင်းခံရလျှင်မူ ထိုအရာကိုအကြောင်းခံပြီးကိုယ်တော်သည် အလ္လာဟ်အရှင်မြတ်အတွက် လက်တုံ့
ပြန်တော်မူသည်။
02

Explanation

မိခင်မွန်ကြီး အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ အချို့သောကိုယ်ကျင့်တရားများနှင့်ပတ်သက်၍ အသိပေးတင်ပြခဲ့ပြီး ၎င်းအနက်အချို့မှာ - တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ကိစ္စနှစ်ခုကြားတွင် ရွေးချယ်ခွင့်ပေးခံရလျှင် ပို၍လွယ်ကူသောအရာကိုပင် ရွေးချယ်တော်မူလေ့ရှိသည်။ သို့သော် ထိုလွယ်ကူသောအရာသည် အပြစ်တစ်စုံတစ်ရာ ဖြစ်စေနိုင်လျှင် ကိုယ်တော်သည် ထိုအရာမှ လူသားအားလုံးထက်ပို၍ ဝေးစွာနေတော်မူသောသူ ဖြစ်သည်။ ထိုသို့သော အခြေအနေမျိုးတွင် ပို၍ခက်ခဲသောအရာကိုသာ ရွေးချယ်တော်မူသည်။ ထို့အတူ တမန်တော်မုတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် မိမိကိုယ်ရေးကိုယ်တာကိစ္စများအတွက် မည်သည့်အခါမျှ လက်တုံ့ပြန်တော်မမူခဲ့ပေ။ မိမိ၏ရပိုင်ခွင့်ကို ကျူးလွန်ခံရလျှင်ပင် ခွင့်လွှတ်တော်မူသည်၊ လျစ်လျူရှုတော်မူသည်။ သို့သော် အလ္လာဟ်အရှင်မြတ်၏ ပညတ်တော်များကို ချိုးဖောက်ကျူးလွန်မှုများ (အလ္လာဟ်၏ စည်းမျဉ်းတော်များ ချိုးဖောက်ခံရခြင်း) နှင့် ကြုံတွေ့ရသောအခါတွင်မူ အလ္လာဟ်အရှင်မြတ်အတွက်သာ လက်တုံ့ပြန်တော်မူသည်။ ထိုသို့သော အခြေအနေမျိုးတွင် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို ချိုးဖောက်မှုအတွက် အမျက်တော်သည် အခြားကိစ္စရပ်များထက် အဆမတန်ပိုမိုပြင်းထန်လေ့ရှိသည်။
03

Benefits

၁။ အပြစ်ပါဝင်ခြင်းမရှိသရွေ့ ကိစ္စရပ်များတွင် ပို၍လွယ်ကူသောနည်းလမ်းကို ကျင့်သုံးခြင်းသည် မွတ်စ်သဟဗ် ဖြစ်သည်။
၂။ အစ္စလာမ်သာသနာသည် လွယ်ကူမှုကို ရှေးရှုသော သာသနာဖြစ်သည်။
၃။ အလ္လာဟ်အရှင်မြတ်အတွက် (အရှင်၏စည်းမျဉ်းများ ချိုးဖောက်ခံရသည့်အခါ) အမျက်ထွက်ခြင်းသည် တရားတော်၌တောင်းဆိုထားသော လုပ်ရပ်ဖြစ်သည်။
၄။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် သည်းခံခြင်း၊ ခွင့်လွှတ်ခြင်းနှင့် အလ္လာဟ်အရှင်မြတ်သတ်မှတ်ထားသည့် စည်းမျဥ်းပညတ်ချက်များကို အကောင်အထည်ဖော်ရာတွင် မှန်ကန်မျှတစွာ ဆောင်ရွက်ခြင်း စသည့်အရည်အသွေးများ ပိုင်ဆိုင်ထားသည်။
၅။ အိမာမ်အိဗ်နုဟဂျရ်က ဤဟဒီးစ်တော်တွင် ခက်ခဲသောအရာကို စွန့်လွှတ်ကာ လွယ်ကူသောအရာဖြင့် ကျေနပ်ရောင့်ရဲနေခြင်း၊ လိုအပ်သည်ထက်ပို၍ တင်းကျပ်စွာ မဆောင်ရွက်ခြင်းတို့ ပါဝင်သည်ဟု ဆိုသည်။
၆။ အလ္လာဟ်အရှင်မြတ်၏ အခွင့်အရေးများ(ကို ချိုးဖောက်ခြင်း) မှ အပ ကျန်ကိစ္စရပ်များတွင် ခွင့်လွှတ်ခြင်းကို ကျင့်သုံးရန် အားပေးတိုက်တွန်းထားသည်။

Attribution

[متفق عليه]

Categories

Share

Share hadeeth

Sharing options · 0 Total shares

Share

← Back to encyclopedia
Shopping Basket

Loading...