افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم.
#6078[صحيح]
HadeethEnc · 1.34.0

ဤသို့ ဤသို့ ပြောဆိုကြသော လူများ၏ အရေးကား အဘယ်နည်း။ ငါကိုယ်‌တော်သည် ည၌ ဆွလားသ်ဝတ်ပြုသည်၊ အိပ်စက်ခြင်းကိုလည်းပြုသည်။ ရိုဇာဥပုသ်လည်း စောင့်ထိန်းသည်။ ရိုဇာမထားဘဲလည်းနေသည်။ အမျိုးသမီးများနှင့် အိမ်ထောင်လည်းပြုသည်။ သို့ဖြစ်ရာ မည်သူမဆို ငါကိုယ်တော်ရဲ့ စွန္နသ်လမ်းစဉ်မှ ကျောခိုင်းခဲ့ပါက ထိုသူသည် ငါကိုယ်တော်၏ အွမ္မသ်သားထဲကမဟုတ်ပေ။

Available translations

Choose an available translation of this Hadeeth

01

Hadeeth text

အနတ်စ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ " တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ ဆွဟာဗဟ်သာဝကတချို့သည် တမန်တော်မြတ်၏ ဇနီးကြင်ယာတော်များထံ ကိုယ်တော်၏ အကွယ်၌ လျှို့ဝှက်စွာသော ပြုလုပ်သော အမလ်အကြောင်း မေးမြန်းခဲ့ကြသည်။ ၎င်းတို့ထဲမှ အချို့က (မိမိတို့၏ ဝတ်ပြုမှုကို နည်းသည်ဟု ထင်ကာ) "ကျွန်ုပ် အမျိုးသမီးများနှင့် အိမ်ထောင်ပြုတော့မည် မဟုတ်" ဟု ဆိုကြသည်။ အချို့က "ကျွန်ုပ် အသား စားသုံးတော့မည် မဟုတ်" ဟု ဆိုကြသည်။ အချို့က "ကျွန်ုပ် အိပ်ရာပေါ်တွင် အိပ်တော့မည် မဟုတ်" ဟု ဆိုကြသည်။ (ထိုသတင်း ကိုယ်တော့်ထံ) ရောက်ရှိသောအခါ ကိုယ်တော်သည် အလ္လာဟ်အရှင်မြတ်အား ချီးမွမ်းထောမနာပြုပြီးနောက် မိန့်ကြားတော်မူသည်- "ဤသို့ ဤသို့ ပြောဆိုကြသော လူများ၏ အရေးကား အဘယ်နည်း။ ငါကိုယ်‌တော်သည် ည၌ ဆွလားသ်ဝတ်ပြုသည်၊ အိပ်စက်ခြင်းကိုလည်းပြုသည်။ ရိုဇာဥပုသ်လည်း စောင့်ထိန်းသည်။ ရိုဇာမထားဘဲလည်းနေသည်။ အမျိုးသမီးများနှင့် အိမ်ထောင်လည်းပြုသည်။ သို့ဖြစ်ရာ မည်သူမဆို ငါကိုယ်တော်ရဲ့ စွန္နသ်လမ်းစဉ်မှ ကျောခိုင်းခဲ့ပါက ထိုသူသည် ငါကိုယ်တော်၏ အွမ္မသ်သားထဲကမဟုတ်ပေ။"
02

Explanation

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ ဆွဟာဗဟ်သာဝကတချို့သည် ကိုယ်တော်၏ ဇနီးကြင်ယာတော်တွေရဲ့အိမ်တွေဆီကို လာရောက်ပြီး ကိုယ်တော်၏ အိမ်တွင်း၌ လျှို့ဝှက်ပြုလုပ်အပ်သော အေဗာဒသ်ခဝပ်ဆည်းကပ်မှုအကြောင်း မေးမြန်းခဲ့ကြသည်။ ၎င်းတို့အား (ကိုယ်တော်၏ အေဗာဒသ်ခဝပ်ဆည်းကပ်မှုအကြောင်း) ပြောပြသည့်အခါ သူတို့သည် ထိုဝတ်ပြုမှုကို နည်းပါးသည်ဟု ထင်မြင်ကြပြီး ဤသို့ ပြောဆိုခဲ့ကြသည်- "ကျွန်ုပ်တို့နှင့် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အဘယ်သို့တူနိုင်မည်နည်း။ ကိုယ်တော်သည် ရှေ့ယခင်ပြုခဲ့သော အပြစ်များနှင့် နောက်မှပြုမည့် အပြစ်များ အားလုံးကို ခွင့်လွှတ်တော်မူခြင်းခံရပြီး ဖြစ်သည့်(အတွက် အပြစ်မှ လုံးဝကင်းစင်သည်။) ယင်းနှင့် ဆန့်ကျင်ဘက်အားဖြင့် မိမိအား ခွင့်လွှတ်မည် သို့မဟုတ် ခွင့်မလွှတ်မည်ကို မသိသူသည် ခွင့်လွှတ်ချမ်းသာ‌ပေးမှုရရှိရန်အတွက် ဝတ်ပြုကိုးကွယ်မှုကို များများပြုလုပ်ရန် လိုအပ်သည်။ ထို့နောက် ၎င်းတို့အနက်မှ အချို့က "ကျွန်ုပ် အမျိုးသမီးများနှင့် အိမ်ထောင်ပြုတော့မည် မဟုတ်" ဟု ဆိုကြသည်။ အချို့က "ကျွန်ုပ် အသားစားသုံးတော့မည် မဟုတ်" ဟု ဆိုကြသည်။ အချို့က "ကျွန်ုပ် အိပ်ရာပေါ်တွင် အိပ်တော့မည် မဟုတ်" ဟု ဆိုကြသည်။ ( ဤသတင်း ကိုယ်တော့်ထံရောက်ရှိသောအခါ ကိုယ်တော်သည် အမျက်ဒေါသထွက်တော်မူခဲ့သည်။ ထို့နောက် လူတို့အား မိန့်ခွန်းပြောကြားခဲ့သည်။ အလ္လာဟ်အရှင်မြတ်အား ချီးမွမ်းထောမနာပြုပြီး ဤသို့ မိန့်ကြားတော်မူခဲ့သည်- "ဤသို့ ဤသို့ ပြောဆိုကြသော လူများ၏ အရေးကား အဘယ်နည်း။ အလ္လာဟ်အရှင်မြတ်၏ ကစမ်၊ဧကန်စင်စစ် ငါကိုယ်တော်သည် သင်တို့အနက် အလ္လာဟ်အရှင်မြတ်ကို အကြောက်ဆုံး၊ သက္ကဝါတရားအရှိဆုံးသူ ဖြစ်သည်။ သို့ရာတွင် ငါကိုယ်‌တော်သည် ည၌ထ၍ ဆွလာသ်ဆောက်တည်ဖို့အတွက် အင်အားပြည့်ဝ‌နေရန် အိပ်စက်ခြင်းကိုလည်း ပြုသည်။ ငါကိုယ်‌တော်သည် (နဖိလ်)ရိုဇာဥပုသ်စောင့်ထိန်းဖို့အတွက် အင်အားပြည့်ဝနေရန်(နေ့စဉ်ရက်ဆက် ဆက်တိုက်ရိုဇာဥပုသ်‌ စောင့်ထိန်းခြင်းမပြုဘဲ တရက်ရိုဇာထား တရက်) ရိုဇာမထားဘဲ စားသောက်တော်မူသည်။ ထို့ပြင် ငါကိုယ်‌တော်သည် အမျိုးသမီးများနှင့် အိမ်ထောင်လည်းပြုသည်။ သို့ဖြစ်ရာ မည်သူမဆို ငါကိုယ်တော်ရဲ့ လမ်းစဉ်မှ ကျောခိုင်းပြီး၊ အခြားသော လမ်းစဥ်ကို ပြီးပြည့်စုံသော လမ်းစဥ်ဟု ထင်မြင်ပြီး ငါကိုယ်‌တော်၏ လမ်းစဥ်မှတစ်ပါး အခြားသူ၏ လမ်း
စဉ်ကို ကျင့်သုံးပါကထိုသူသည် ငါကိုယ်တော်၏ အွမ္မသ်သားထဲကမဟုတ်ပေ။
03

Benefits

၁။ ဆွဟာဗဟ်သာဝကတို့၏ ကောင်းမှုကုသိုလ်ကို နှစ်သက်ခြင်း၊ ၎င်းကိုပြုလုပ်ရန် မက်ဆန္ဒထားခြင်း နှင့် မိမိတို့၏ နဗီတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အား အတုယူလိုစိတ် ပြင်းပြခြင်း။
၂။ ဤသာသနာ‌ တော်၏ ကျယ်ဝန်းမှု လွယ်ကူမှု။ ဤသည် ၎င်းသာသနာ‌တော်ကိုယူဆောင်လာသော နဗီတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ လုပ်ဆောင်ချက်နှင့် လမ်းညွှန်မှုမှ ရယူထားခြင်းဖြစ်သည်။
၃။ ကောင်းခြင်းနှင့် ဗရ်ကသ်မင်္ဂလာများသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ကို အတုယူခြင်းနှင့် ကိုယ်တော်၏ မြင့်မြတ်‌တော်မူသောအခြေအနေများကို လိုက်နာခြင်း၌ တည်ရှိသည်။
၄။ တတ်စွမ်းနိုင်သည်ထက်ပိုသော အေဗာဒသ်ခဝပ်ဆည်းကပ်မှုများဖြင့် မိမိကိုယ်ကို ဝန်ပိစေခြင်းမှ တားမြစ်ထားသည်။ ဤသည် ဗိဒ်အသ်တရားသစ်တီထွင်သူများ၏ အခြေအနေဖြစ်သည်။
၆။ အိဗ်နုဟဂျရ်က ဆိုသည်မှာ - အေဗာဒသ်ခဝပ်ဆည်းကပ်မှုတွင် တင်းကျပ်ခြင်းသည် အေဗာဒသ်ဆည်းကပ်မှု၏ အခြေခံကိုပင် ဖြတ်တောက်ပစ်မည့် ငြီးငွေ့ခြင်းသို့ ရောက်စေသည်။ ဝတ်ပြုနေကျ ဖရဿ်ွများကိုသာ မြဲမြံစွာ လုပ်ဆောင်ပြီး နဖိလ်များကို စွန့်လွှတ်ခြင်းသည် ပျင်းရိခြင်းကို ဖြစ်စေပြီး ဝတ်ပြုမှုအတွက် စိတ်အားထက်သန်မှု ကင်းမဲ့စေသည်။ အကောင်းဆုံးအရာမှာ အလယ်အလတ်လမ်းစဉ်ဖြစ်သည်။
၆။ ဤဟဒီးစ်တွင် အကြီးအကဲများ၏ အခြေအနေများကို ၎င်းတို့၏ ပြုမူဆောင်ရွက်ချက်များအတိုင်း အတုယူလိုက်နာနိုင်ရန် စူးစမ်းလေ့လာခြင်း ပါဝင်သည်။ အကယ်၍ အမျိုးသားများထံမှ သိရှိရန် ခက်ခဲပါက အမျိုးသမီးများထံမှ စုံစမ်းမေးမြန်းခွင့် ရှိသည်။
၇။ ဤဟဒီးစ်တွင် ဆုံးမစကား ပြောကြားခြင်း၊ ပညာရပ်ဆိုင်ရာ ကိစ္စရပ်များ တင်ပြခြင်း၊ တာဝန်ရှိသူများအတွက် အမိန့်များကို ရှင်းလင်းတင်ပြခြင်းနှင့် အစ်ဂျ်သိဟာဒ်ပြုသူ (ကြိုးပမ်းအားထုတ်သူ) များ၏ သံသယများကို ဖယ်ရှားပေးခြင်းတို့ ပါဝင်သည်။
၈။ အေဗာဒသ်ခဝပ်ဆည်းကပ်မှုတွင် နူးညံသိမ်မွေ့ရန် (အလယ်အလတ်ကျင့်သုံးရန်)၊ ဖရဿ်ွနှင့် နဖိလ်‌အေဗာဒသ်များကို စွဲစွဲမြဲမြဲပြုလုပ်ထိန်းသိမ်းရန် အမိန့်ပေးထားသည်။ သို့မှသာ မွတ်စ်လင်မ်တစ်ဦးသည် မိမိအပေါ်၌ရှိသော အခြားသူများ၏ ဝတ္တရားများကို အလေးထားနိုင်မည်ဖြစ်သည်။
၉။ ဟဒီးစ်တော်တွင် လက်ထပ်ထိမ်းမြားခြင်း၏ အကျိုးကျေးဇူးနှင့် ယင်းကို တိုက်တွန်းအားပေးခြင်းအပေါ် ညွှန်ပြချက် ပါရှိသည်။

Attribution

[متفق عليه]

Categories

Share

Share hadeeth

Sharing options · 0 Total shares

Share

← Back to encyclopedia
Shopping Basket

Loading...