HadeethEnc · 1.34.0
မည်သူမဆို အကွယ်ရှိအကြောင်းအရာများကို ဟောကြားသူထံသွား၍ တစ်စုံတစ်ရာ မေးမြန်းပါက ရက်ပေါင်း လေးဆယ်တိုင် ထိုသူ၏ ဆွလာသ် လက်ခံခြင်းခံရမည် မဟုတ်ပေ။
Available translations
Choose an available translation of this Hadeeth
01
Hadeeth text
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ကြင်ရာတော်အချို့က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ မည်သူမဆို အကွယ်ရှိအကြောင်းအရာများကို ဟောကြားသူထံသွား၍ တစ်စုံတစ်ရာ မေးမြန်းပါက ရက်ပေါင်း လေးဆယ်တိုင် ထိုသူ၏ ဆွလာသ် လက်ခံခြင်းခံရမည် မဟုတ်ပေ။
02
Explanation
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အရ်ရာဖ်ဟုခေါ်သည့် အကွယ်ရှိအကြောင်းအရာများကို ဟောကြားသူထံ သွားရောက်ခြင်းကို တားမြစ်တော်မူခဲ့သည်။ အရ်ရာဖ်ဟူသည့် စကားလုံးတွင် အကွယ်ဆိုင်ရာအသိပညာအတွက် ကြိုတင်ခန့်မှန်းချက် နိမိတ်လက္ခာများကို အသုံးပြုကာ ဟောကြားသည့် အကြားအမြင်ဆရာ၊ ဗေဒင်လက္ခဏာဆရာ၊ နက္ခတ်ဗေဒဆရာ၊ သဲပေါ်တွင် အရုပ်ရေးခြစ်ဟောသည့်ဆရာများ အားလုံးပါဝင်သည်။ ၎င်းတို့အား အကွယ်ဆိုင်ရာ ကိစ္စတစ်စုံတစ်ရာကို မေးမြန်းရုံဖြင့် အလ္လာဟ်အရှင်မြတ်သည် မေးမြန်းသူအား ၎င်းသူရက်ပေါင်းလေးဆယ် ဝတ်ပြုခဲ့သောဆွလာသ်၏ အကျိုးကုသိုလ်မှ လက်မဲ့ဖြစ်စေတော်မူမည်ဖြစ်သည်။ ဤသည် သူကျူးလွန်ခဲ့သည့် ကြီးလေးသော အပြစ်အကုသိုလ်အတွက် ပြစ်ဒဏ်ပင်ဖြစ်သည်။
03
Benefits
ဗေဒင်ဟောခြင်း၊ ဗေဒင်လက္ခဏာဆရာများထံ သွားခြင်း၊ ၎င်းတို့အား အကွယ်အကြောင်းအရာများကို မေးခြင်း ဟရာမ်ဖြစ်သည်။
လူသားသည် မိမိကျူးလွန်လိုက်သည့် အကုသိုလ်ကြောင့် တစ်ခါတစ်ရံ ကောင်းမှုများ၏ အကျိုးကုသိုလ်မှ လက်မဲ့ဖြစ်သွားသည်။
ရာသီခွင်ကို ကြည့်ကာ ဗေဒင်တွက်ခြင်း ဟောခြင်း၊ လက်ဝါးပြင်ကိုကြည့်၍ ဟောခြင်း၊ ဖန်ခွက်ဖြင့် ဟောခြင်း စသည့်ကိစ္စရပ်များကို ယုံကြည်မှုမရှိဘဲ လေ့လာရန်သဘောမျိုးဖြင့် သွားရောက်မေးမြန်းခြင်းသည်လည်း ဤဟဒီးဆ်တော်၏ အမိန့်တွင် အကျုံးဝင်သည်။ အဘယ်ကြောင့်ဆိုသော် ဖော်ပြပါ ကိစ္စများအားလုံးသည် ဗေဒင်လက္ခဏာပညာဖြစ်ပြီး အကွယ်ကိုသိကြောင်း ကြွေးကြော်ခြင်း၌ပါဝင်သည်။
ဗေဒင်၊ နက္ခတ်၊ အကြားအမြင်ဆရာများထံ သွားသူ၏အပြစ်သည် ဤသို့ဖြစ်လျှင် မိမိကိုယ်တိုင် ဟောကြားသူသည် မည်မျှအပြစ်ကြီးမည်နည်း။
ရက်ပေါင်း လေးဆယ်တိုင် ထိုသူ၏ ဆွလာသ် လက်ခံခြင်းမခံရသည့် အလိုသဘောမှာ ဆွလာသ်အထမြောက်သွားပြီး ကဿွာဖြည့်ရန်မလိုသော်လည်း ဆွလာသ်အတွက်မည်သည့် အကျိုးကုသိုလ်မျှ ရရှိမည်မဟုတ်ပေ။

Attribution
[رواه مسلم]
Categories
Share
Share hadeeth
Sharing options · 0 Total shares