HadeethEnc · 1.34.0
ကျွန်ုပ်က လျှောက်ထားသည်မှာ အို- အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်၊ မည်သူ့ကို ကျွန်တော်မျိုး အကောင်းဆုံးပြုမူဆက်ဆံရမည်နည်း။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်- သင်၏မိခင်၊ ထို့နောက် သင်၏မိခင်၊ ထို့နောက် သင်၏မိခင်၊ ထို့နောက် သင်၏ဖခင်၊ ထို့နောက် အဆင့်လိုက် သင့်အနီးစပ်ဆုံးဆွေမျိုးများ ဖြစ်ကြသည်။
Available translations
Choose an available translation of this Hadeeth
01
Hadeeth text
ဗဟ်ဇ် ဗင်န် ဟကီးမ် ၎င်း၏ဖခင်မှတစ်ဆင့်၊ ၎င်း၏ဖခင်က ၎င်း၏ အဘိုးမှတစ်ဆင့် ဆင့်ပြန်ပြောကြားခဲ့သည်။ ကျွန်ုပ်က လျှောက်ထားသည်မှာ အို- အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်၊ မည်သူ့ကို ကျွန်တော်မျိုး အကောင်းဆုံးပြုမူဆက်ဆံရမည်နည်း။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်- သင်၏မိခင်၊ ထို့နောက် သင်၏မိခင်၊ ထို့နောက် သင်၏မိခင်၊ ထို့နောက် သင်၏ဖခင်၊ ထို့နောက် အဆင့်လိုက် သင့်အနီးစပ်ဆုံးဆွေမျိုးများ ဖြစ်ကြသည်။
02
Explanation
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က ကျေးဇူးပြုခြင်း၊ ကောင်းမှုပြုခြင်း၊ ကောင်းမွန်စွာဆက်ဆံခြင်း၊ ပေါင်းသင်းဆက်ဆံရာတွင် ချိုသာစွာပြုမှုဆက်ဆံခြင်းနှင့် အဆက်အသွယ်ထားခြင်းတို့၌ အရှေ့ဦးစွာခံစားထိုက်သူမှာ မိခင် ဖြစ်ကြောင်း မိန့်ကြားတော်မူခဲ့သည်။ မိခင်၏
အခွင့်အရေးသည် အခြားသူများထက် သာလွန်မြင့်မြတ်ကြောင်း သုံးကြိမ်တိုင်တိုင် ထပ်ခါ
ထပ်ခါ မိန့်ကြားတော်မူခြင်းဖြင့် အလေးပေးဖော်ပြခဲ့သည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိခင်ပြီးလျှင် ကောင်းမွန်စွာဆက်ဆံရန် အခံထိုက်ဆုံးသူမှာ ဖခင်ဖြစ်ကြောင်း၊ ထို့နောက် ဆွေမျိုး
သားချင်းများအနက် အနီးကပ်ဆုံးသူမှ အစပြု၍ အဝေးဆုံးသူအထိ ဖြစ်ကြောင်း မိန့်ကြားတော်မူခဲ့သည်။ ဆွေမျိုးနီးစပ်သူသည် ဝေးကွာသူထက် ဆက်ဆံပေါင်းသင်းရန် ပို၍ထိုက်တန်သည်။

03
Benefits
ဤဟဒီးစ်တော်အရ မိခင်၊ ထို့နောက် ဖခင်၊ ထို့နောက် အနီးကပ်ဆုံးဆွေမျိုးများကို ၎င်းတို့၏ နီးစပ်မှုအဆင့်အတန်းအလိုက် ဦးစားပေးရမည်ဖြစ်သည်။
ဤဟဒီးစ်တော်တွင် မိဘနှစ်ပါး၊ အထူးသဖြင့် မိခင်၏ အဆင့်အတန်းကို ထင်ရှားစွာ ဖော်ပြထားသည်။
ဟဒီးစ်တော်တွင် မိခင်အား ကောင်းမွန်စွာဆက်ဆံရမည်ဟု သုံးကြိမ်ထပ်ခါထပ်ခါ မိန့်ကြားခြင်းမှာ မိခင်သည် သားသမီးများအပေါ်၌ ကြီးမားလှသောကျေးဇူးရှိသောကြောင့်လည်းကောင်း၊ ကိုယ်ဝန်ဆောင်ခြင်း၊ ဖွားမြင်ခြင်း၊ နို့တိုက်ကျွေးခြင်းစသော မိခင်တစ်ဦးတည်းသာ ခံစားရသည့် ပင်ပန်းဆင်းရဲခြင်း၊ ဒုက္ခခံစားရခြင်းများစွာရှိသောကြောင့်လည်းကောင်း၊ ထို့နောက် ပြုစုပျိုးထောင်ရာတွင် ဖခင်နှင့် ပူးပေါင်းပါဝင်ရသောကြောင့်လည်းကောင်း ဖြစ်သည်။

Attribution
[رواه أبو داود والترمذي وأحمد]
Categories
Share
Share hadeeth
Sharing options · 0 Total shares