افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم.
#58067[صحيح]
HadeethEnc · 1.34.0

မည်သည့်အမျိုးသမီးမဆို မိမိ၏အုပ်ထိန်းသူ၏ ခွင့်ပြုချက်မရှိဘဲ နိကာဟ်ပြုခဲ့လျှင် သူမ၏နိကာဟ်သည် ဘာသွိလ်(တရားမဝင်သော နိကာဟ်သာလျှင်) ဖြစ်သည်။ - ထိုစကားကို သုံးကြိမ်တိုင်တိုင် မိန့်ကြားတော်မူခဲ့သည်- သို့ရာတွင် အကယ်၍ အမျိုးသားသည် ထိုအမျိုးသမီးနှင့် ပေါင်းသင်းဆက်ဆံခဲ့ပါက သူမ၏ (ကိုယ်ခန္ဓာအား)ရရှိခံစားခဲ့သည့်အတွက် မဟရ်သည် သူမအတွက် ဖြစ်သွားပေမည်။ အကယ်၍ အုပ်ထိန်းသူများအချင်းချင်း (အုပ်ထိန်းခွင့်နှင့်ပတ်သက်၍) အငြင်းပွားမှုဖြစ်ပွားပါက အုပ်ချုပ်သူအာဏာပိုင်သည် ဝလီအုပ်ထိန်းသူ မရှိသောအမျိုးသမီး၏ အုပ်ထိန်းသူဖြစ်ပေမည်။

Available translations

Choose an available translation of this Hadeeth

01

Hadeeth text

မုအ်မင်န်တို့၏ မိခင်မွန် အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က မိန့်ကြားတော်မူသည်။ မည်သည့်အမျိုးသမီးမဆို မိမိ၏အုပ်ထိန်းသူ၏ ခွင့်ပြုချက်မရှိဘဲ နိကာဟ်ပြုခဲ့လျှင် သူမ၏နိကာဟ်သည် ဘာသွိလ်(တရားမဝင်သော နိကာဟ်သာလျှင်) ဖြစ်သည်။ - ထိုစကားကို သုံးကြိမ်တိုင်တိုင် မိန့်ကြားတော်မူခဲ့သည်- သို့ရာတွင် အကယ်၍ အမျိုးသားသည် ထိုအမျိုးသမီးနှင့် ပေါင်းသင်းဆက်ဆံခဲ့ပါက သူမ၏ (ကိုယ်ခန္ဓာအား)ရရှိခံစားခဲ့သည့်အတွက် မဟရ်သည် သူမအတွက် ဖြစ်သွားပေမည်။ အကယ်၍ အုပ်ထိန်းသူများအချင်းချင်း (အုပ်ထိန်းခွင့်နှင့်ပတ်သက်၍) အငြင်းပွားမှုဖြစ်ပွားပါက အုပ်ချုပ်သူအာဏာပိုင်သည် ဝလီအုပ်ထိန်းသူ
မရှိသောအမျိုးသမီး၏ အုပ်ထိန်းသူဖြစ်ပေမည်။
02

Explanation

နဗီတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က အမျိုးသမီးတစ်ဦးသည် မိမိ၏ အုပ်ထိန်းသူများ ၏ ခွင့်ပြုချက်မရှိဘဲ မိမိကိုယ်ကို နိကာဟ်ပြုလုပ်ခြင်းမှ တားမြစ်သတိပေးတော်မူပြီး၊ သူမ၏နိကာဟ်သည် ဘာသွိလ်(တရားမဝင်သော နိကာဟ်သာလျှင်) ဖြစ်ကြောင်း သတိပေးမိန့်ကြားတော်မူခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ဤစကားကို သုံးကြိမ်တိုင်တိုင် ထပ်ကာထပ်ကာ မိန့်ကြားတော်မူခဲ့ပြီး၊ ထိုနိကာဟ်သည် လုံးဝလက်မထပ်ရသေးသကဲ့သို့ပင် ဖြစ်ကြောင်း (သတိပေးမိန့်ကြားတော်မူခဲ့သည်။)

အကယ်၍ အုပ်ထိန်းသူဝလီ၏ ခွင့်ပြုချက်မပါသည့် အမျိုးသမီးနှင့် နိကာဟ်ပြုလုပ်ခဲ့သောအမျိုးသားက သူမနှင့် ပေါင်းသင်းဆက်ဆံခဲ့ပါက သူမနှင့် ကာမမှုကို ကျူးလွန်ခဲ့သည့်အတွက် သူမအား မဟရ်အပြည့်အဝ ပေးဆောင်ရမည်။

တစ်ဖန် နိကာဟ်ပြုပေးရန် အုပ်ထိန်းပိုင်ခွင့်နှင့်ပတ်သတ်၍ အုပ်ထိန်းသူများကြား ငြင်းခုံမှုဖြစ်ပွားပါက - ၎င်းတို့၏ အုပ်ထိန်းခွင့်အဆင့်အတန်း တူညီနေပါက - သတို့သမီး၏ ကောင်းကျိုးအတွက်သာ စဉ်းစားလျက် နိကာဟ်ပြုထိမ်းမြားပေးရန် ပထမဆုံး စတင်သူအား နိကာဟ်လုပ်ပေးခွင့် ပေးအပ်ရမည်။ အကယ်၍ အုပ်ထိန်းသူက လက်ထပ်ခွင့်ပေးရန် ငြင်းဆိုပါက သူ့အား သတို့သမီး၏ အုပ်ထိန်းသူအဖြစ် မှတ်ယူခြင်း မရှိတော့ပေ။ ထိုအခါ အစိုးရအာဏာပိုင်သို့မဟုတ် တရားသူကြီးနှင့် အလားတူသူများက သတို့သမီး၏ အုပ်ထိန်းသူအဖြစ် ဆောင်ရွက်ရမည်။ သို့ရာတွင် အုပ်ထိန်းသူရှိပါက အစိုးရအာဏာပိုင်တွင် အုပ်ထိန်းသူဖြစ်ခွင့် လုံးဝမရှိပေ။
03

Benefits

နိကာဟ်တရားဝင်ဖြစ်ရန်အတွက် (အမျိုးသမီး၏) အုပ်ထိန်းသူဝလီမှ ခွင့်ပြုချက်ရရှိရန် လိုအပ်သည်။ အစ်ဗ်နုလ်မွန်ဇိရ်က ဆွဟာဗဟ်များထဲမှ မည်သူတစ်ဦးတစ်ယောက်ကမျှ ဤအချက်ကို ငြင်းဆိုခဲ့ကြောင်း မသိရဟု ဆိုသည်။
တရားမဝင်သော နိကာဟ် (အုပ်ထိန်းသူ၏ ခွင့်ပြုချက်မပါရှိ‌သောကြောင့်) တွင် အမျိုးသမီးသည် ထိုသူနှင့်ပေါင်းသင်းဆက်ဆံခဲ့သည့်အတွက် အစားအ‌နေဖြင့် မဟရ်ကို ရယူပိုင်ခွင့်ရှိသည်။
အုပ်ထိန်းသူ မရှိသော အမျိုးသမီးများအတွက် အစိုးရအာဏာပိုင်သည် သူမ၏ အုပ်ထိန်းသူဝလီဖြစ်သည်။ ဤသည် အုပ်ထိန်းသူဝလီ လုံးဝမရှိခြင်း သို့မဟုတ် အုပ်ထိန်းသူဝလီက သူမအား နိကာဟ်ထိမ်းမြားပေးရန် ငြင်းဆန်ခြင်းကြောင့်ဖြစ်‌စေ အမိန့်မှာ အတူတူပင်ဖြစ်သည်။
အစိုးရအာဏာပိုင်သည် အုပ်ထိန်းသူမရှိသော အမျိုးသမီးများအတွက် (အုပ်ထိန်းသူ မရှိခြင်း သို့မဟုတ် သဘောတူညီချက်ပေးရန် ငြင်းဆိုခြင်းကြောင့်ဖြစ်စေ) အုပ်ထိန်းသူအဖြစ် သတ်မှတ်ခြင်း ခံရပြီး၊ ၎င်းနေရာတွင် ကာဿွီတရားသူကြီးက အုပ်ထိန်းသူအဖြစ် ဆောင်ရွက်နိုင်သည်။ အကြောင်းမှာ ဤကိစ္စရပ်များတွင် ကာဿွီတရားသူကြီးသည် အစိုးရအာဏာပိုင်၏ ကိုယ်စားလှယ်ဖြစ်သော ကြောင့်ဖြစ်သည်။
အမျိုးသမီးအား လက်ထပ်ထိမ်းမြားပေးခြင်းတွင် အုပ်ထိန်းသူ၏ ခွင့်ပြုချက် လိုအပ်ခြင်းသည် အမျိုး သမီးအတွက် အခွင့်အရေးများ မရှိဟု ဆိုလိုခြင်းမဟုတ်ပေ။ သို့သာမက အမျိုးသမီးတွင် အခွင့်အရေးရှိပြီး၊ မိဘအုပ်ထိန်း သူသည် အမျိုး သမီး၏ သဘောတူညီချက်မရှိဘဲ လက်ထပ်ထိမ်း မြားပေးခွင့် မရှိ‌ပေ။
တရားဝင်သော နိကာဟ်ထိမ်းမြားမှုအတွက် လိုအပ်ချက်များမှာ - ၁။ သတို့သား၊ သတို့သမီး နှစ်ဦးစလုံးအား ညွှန်ပြခြင်း၊ အမည်ဖြင့်ခေါ်ခြင်း (ဥပမာ- သတို့သား မောင်ဖြူကို သတို့သမီး မဝါဖြင့်နိကာဟ်ပြုပေးပါသည် ) သို့မဟုတ် ဝိသေသလက္ခဏာများဖော်ပြခြင်း ( ဥပမာ မည်သူမည်ဝါ၏ သားကို မည်သူမည်ဝါ၏ သမီးနှင့် ) ဖြင့်ဖြစ်စေ သတ်မှတ်ခြင်း။ ၂။ သတို့သားနှင့် သတို့သမီး နှစ်ဦးစလုံး သဘောတူညီရမည်။ ၃။ အမျိုးသမီးအတွက် သူမ၏အုပ်ထိန်းသူဝလီမှ နိကာဟ်ထိမ်းမြား‌ခွင့် ပေးခြင်း။ ၄။ နိကာဟ်ထိမ်းမြားမှုကို (သက်သေနှစ်ဦးက) ထောက်ခံခြင်း။
နိကာဟ်ထိမ်းမြားလက်ထပ်မှုအတွက် အုပ်ထိန်းသူ ဝလီတွင် ရှိရမည့်အချက်များမှာ- ၁။ အသိဉာဏ်ရှိခြင်း ။ ၂။ အမျိုးသားဖြစ်ခြင်း။ ၃။ အရွယ်ရောက်ပြီးသူဖြစ်ခြင်း - အသက် ၁၅ နှစ်ပြည့်ခြင်း သို့မဟုတ် သုတ်ထွက်ခြင်း။ ၄။ ဘာသာတူညီမှု - ကာဖိရ်တစ်ဦးသည် မွတ်စ်လင်မ်အမျိုးသမီး သို့မဟုတ် အမျိုးသားအား အုပ်ထိန်းခွင့်မရှိ။ အလားတူစွာ မွတ်စ်လင်မ်တစ်ဦးသည် ကာဖိရ်အမျိုးသမီး သို့မဟုတ် အမျိုးသားအား အုပ်ထိန်းခွင့်မရှိ။ ၅။ မကောင်းမှုပြုလုပ်ခြင်းနှင့်ဆန့်ကျင်ဘက်ဖြစ် သော တရားမျှတမှုရှိရမည်။ တရားမျှတမှုဆိုသည်မှာ လူသားသည် မိမိ လက်ထပ်ထိမ်းမြားပေးမည့်အမျိုးသမီး၏ အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားနိုင်စွမ်းရှိရမည်။ ၆။ အုပ်ထိန်းသူဝလီသည် နားလည်ရင့်ကျက်သူဖြစ်ရမည်။ မသိနားမလည်သူ မဖြစ်ရ။ ထိုသူသည် လက်တွဲဖော်ရွေးချယ်ရာတွင် (သတို့သားသည် သတို့သမီးနှင့်) အဆင့်အတန်းတူညီမှုရှိခြင်းနှင့် လက်ထပ်ခြင်း၏အကျိုးစီးပွားများကို နားလည်နိုင်စွမ်းရှိရမည်။
လက်ထပ်ထိမ်းမြား‌ပေးခြင်းနှင့် ပတ်သတ်၍ အမျိုးသမီး၏ အုပ်ထိန်းသူဝလီများအား ဖိကဟ်ပညာရှင်များက အဆင့်လိုက် သတ်မှတ်ထားသည်။ ထို့ကြောင့် အနီးဆုံးအုပ်ထိန်းသူအား သူမရှိသောကြောင့်ဖြစ်စေ သို့မဟုတ် သူ့တွင်ပြည့်မီရမည့်အချက်များမပြည့်မီမှသာလျှင် သူအားကျော်၍ အခြားတစ်ယောက်ကို ရွေးချယ်ခွင့်ရှိသည်။ အမျိုးသမီးတစ်ဦး၏အုပ်ထိန်းသူမှာ- ၁။ သူမ၏ဖခင် ၂။ သူမနှင့် ပတ်သတ်၍ သူမ၏ဖခင်က အုပ်ထိန်းသူအဖြစ်ပြုလုပ်ရန် ဝစွီယသ်လုပ်ခဲ့သူ ၃။ သူမ၏ အဘိုး (ဖခင်၏ဖခင်) သို့မဟုတ် အထက်မျိုးဆက်များ ၄။ သူမ၏ သား ၅။ ထိုသား၏ သားနှင့် အောက်မျိုးဆက်များ ၆။ သူမ၏ အစ်ကို (မိတူဘတူ) ၇။ သူမ၏ အစ်ကို (အဖေတူ) ၈။ ထိုအစ်ကိုနှစ်ဦး၏သားများ ၉။ သူမ၏ ဘကြီး (ဖခင်၏ ညီအစ်ကိုရင်းချာ) ၁၀။ ဘကြီး (ဖခင်၏ အဖေတူညီအစ်ကို) ၁၁။ ထိုဘကြီးနှစ်ဦး၏သားများ ၁၂။ ကျန်ရှိသော ဆွေမျိုးသားချင်းများကို အမွေဆက်ခံမှုစနစ်အတိုင်း အနီးဆုံးမှစ၍ အစဉ်လိုက်အုပ်ထိန်းခွင့်ရှိသည်။ အုပ်ထိန်းသူမရှိသောသူများအတွက် မွတ်စ်လင်မ်အာဏာပိုင်များ သို့မဟုတ် ၎င်းတို့၏ကိုယ်စားလှယ်များ (ဥပမာ- တရားသူကြီး) သည် အုပ်ထိန်းသူအဖြစ်ဆောင်ရွက်နိုင်သည်။

Attribution

[رواه أبو داود والترمذي وابن ماجه وأحمد]

Categories

Share

Share hadeeth

Sharing options · 0 Total shares

Share

← Back to encyclopedia
Shopping Basket

Loading...