မည်သည့် အရာတွင်မဆို နူးညံ့သိမ်မွေ့မှု ရှိပါက ထိုအရာကို လှပတင့်တယ်စေပြီး၊ မည်သည့် အရာတွင်မဆို နူးညံ့သိမ်မွေ့မှုကို ဖယ်ထုတ်လိုက်ပါက ထိုအရာကို ချို့ယွင်းမှု ဖြစ်စေသည်။
Choose an available translation of this Hadeeth
Hadeeth text
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ကြင်ရာတော် အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ မည်သည့် အရာတွင်မဆို နူးညံ့သိမ်မွေ့မှု ရှိပါက ထိုအရာကို လှပတင့်တယ်စေပြီး၊ မည်သည့် အရာတွင်မဆို နူးညံ့သိမ်မွေ့မှုကို ဖယ်ထုတ်လိုက်ပါက ထိုအရာကို ချို့ယွင်းမှု ဖြစ်စေသည်။
Explanation
မွေ့ခြင်း၊ အလျင်စလိုမပြုခြင်းတို့သည် အရေးကိစ္စတိုင်းကို ပိုမိုလှပပြည့်စုံစေသည်။ ထို့ပြင် နူးညံ့သိမ်မွေ့မှုရှိသူသည် မိမိ၏လိုအပ်ချက်ကို ရရှိနိုင်မည်ဖြစ်သည်။
နူးညံ့သိမ်မွေ့မှု မရှိခြင်းသည် အရေးကိစ္စတိုင်းကို ချို့ယွင်းမှုဖြစ်စေပြီး ရုပ်ဆိုးအကျည်းတန်စေသည်။ ထို့ပြင်ကာယကံရှင်အား သူ၏လိုအပ်ချက်များ မရရှိအောင် တားဆီးပိတ်ပင်သည်။ အကယ်၍ ၎င်းအနေဖြင့် မိမိလိုအပ်ချက်များကို ရရှိခဲ့လျှင်လည်း အခက်အခဲများဖြင့်သာ ရရှိလိမ့်မည်ဖြစ်သည်။
Benefits
နူးညံ့သိမ်မွေ့မူသည် လူတစ်ဦးကို လှပတင့်တယ်စေပြီး သာသနာရေး၊ လောကီရေးကိစ္စများ ကောင်းမွန်စေရန်အတွက် အကြောင်းခံဖြစ်သည်။
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

