သက္ကဝါတရားရှိပြီး လူတို့ထံမှ လိုလားတောင့်တမှုကင်းကာ ထင်ပေါ်ခြင်းမရှိသည့် ကျေးကျွန်အား အလ္လာဟ်အရှင်မြတ်သည် ဧကန်အမှန်ပင် ချစ်မြတ်နိုးတော်မူ၏။
Choose an available translation of this Hadeeth
Hadeeth text
စအဒ်ဗင်န်အဗီဝကာဆ်ွ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ကျွန်တော်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့သည်။ သက္ကဝါတရားရှိပြီး လူတို့ထံမှ လိုလားတောင့်တမှုကင်းကာ ထင်ပေါ်ခြင်းမရှိသည့် ကျေးကျွန်အား အလ္လာဟ်အရှင်မြတ်သည် ဧကန်အမှန်ပင် ချစ်မြတ်နိုးတော်မူ၏။
Explanation
(၁) သက္ကဝါတရားရှိသူ - အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို လိုက်နာကာ တားမြစ်ချက်များကို ရှောင်ကြဉ်သူ၊
(၂) လိုလားတောင့်တမှုကင်းသူ - လူတို့ထံမှ လိုအပ်ချက်ကင်းကာ အလ္လာဟ်အရှင်မြတ်ဖြင့်သာ လုံလောက်ပြီး အရှင်မြတ်မှလွဲ၍ မည်သူ့အပေါ်မျှ အာရုံမထားသူ၊
(၃) ထင်ပေါ်ခြင်းမရှိသူ - ရိုကျိုးနှိမ့်ချသူ၊ မိမိအရှင်မြတ်ကို ခဝပ်ကိုးကွယ်သူ၊ မိမိအတွက် အကျိုးရှိသည့်အရာဖြင့်သာ အချိန်ကုန်ဆုံးသူ၊ အခြားသူများက မိမိအားသိရှိကြရန်နှင့် မိမိအကြောင်း ချီးမွမ်းပြောဆိုကြရန် အလေးမထားသူတို့ဖြစ်သည်။
Benefits
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

