افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم.
#5503[صحيح]
HadeethEnc · 1.34.0

စိုင်ရိဒ္ဒုလ် အိစ်သိဂ်ဖာရ်

Available translations

Choose an available translation of this Hadeeth

01

Hadeeth text

ရှဒ်ဒါးဒ် ဗင်န် အောင်စ် (ရဿွိယလ္လာဟုအန်ဟု) ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ " စိုင်ရိဒ္ဒုလ် အိစ်သိဂ်ဖာရ် " အပြည့်စုံဆုံး လွတ်ငြိမ်းချမ်းသာခွင့် တောင်းခံခြင်းမှာ အသင့်အနေဖြင့် ဤသို့ ဆိုခြင်းဖြစ်သည်။
«اللَّهُمَّ أَنْتَ رَبِّي لاَ إِلَهَ إِلَّا أَنْتَ، خَلَقْتَنِي وَأَنَا عَبْدُكَ، وَأَنَا عَلَى عَهْدِكَ وَوَعْدِكَ مَا اسْتَطَعْتُ، أَعُوذُ بِكَ مِنْ شَرِّ مَا صَنَعْتُ، أَبُوءُ لَكَ بِنِعْمَتِكَ عَلَيَّ، وَأَبُوءُ لَكَ بِذَنْبِي فَاغْفِرْ لِي، فَإِنَّهُ لاَ يَغْفِرُ الذُّنُوبَ إِلَّا أَنْتَ»
အဓိပ္ပါယ် - (အိုအလ္လာဟ်အရှင်မြတ်၊ အရှင်မြတ်သည် ကျွန်‌တော်မျိုးအား မွေးမြူဖန်ဆင်းတော်မူသော အရှင်ဖြစ်ပါ၏။ အရှင်မြတ်မှတပါး အခြားကိုးကွယ်ရာအရှင်ဟူ၍ အလျှင်းမရှိပါ။ အရှင်မြတ်သည် ကျွန်တော်မျိုးအား ဖန်ဆင်းတော်မူခဲ့ပါသည်။ ကျွန်တော်မျိုးသည် အရှင်မြတ်၏ ကျေးကျွန်ဖြစ်ပါသည်။ ကျွန်တော်မျိုး တတ်စွမ်းနိုင်သမျှ အရှင်မြတ်၏ ကတိကဝတ်ပေါ်၌ ရပ်တည်နေပါ၏။ ကျွန်တော်မျိုး ပြုလုပ်ခဲ့မိသော မကောင်းမှုများ၏ဘေးရန်မှ အရှင်မြတ်ထံ ခိုလှုံပါ၏။ ကျွန်တော်မျိုးအပေါ် အရှင်မြတ် ချီးမြှင့်တော်မူထားသော ကျေးဇူးတော်များကို ကျွန်တော်မျိုး ဝန်ခံပါ၏။ ကျွန်တော်မျိုး၏ အပြစ်များကိုလည်း ဝန်ခံပါ၏။ သို့ဖြစ်ပါ၍ အရှင်မြတ်သည် ကျွန်တော်မျိုးအား ခွင့်လွှတ်ချမ်းသာ ပေးသနားတော်မူပါ။ ဧကန်စင်စစ် အရှင်မြတ်သာလျှင် အပြစ်များကို ခွင့်လွှတ်တော်မူသောအရှင် ဖြစ်ပါသည်။) ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်တော်မူသည်မှာ- "မည်သူမဆို နေ့အချိန်တွင် ဤဒုအာကို ယုံကြည်မှုအပြည့်ဖြင့် ရွတ်ဆိုပြီး ထိုနေ့ ညနေမတိုင်မီ သေဆုံးခဲ့လျှင် ထိုသူသည် ဂျန္နသ်သုခဘုံသားများထဲမှ ဖြစ်လိမ့်မည်။ ထိုနည်းတူ မည်သူမဆို ညဉ့်အချိန်တွင် ဤဒုအာကို ယုံကြည်မှုအပြည့်ဖြင့် ရွတ်ဆိုပြီး မနက်မိုးမလင်းခင် သေဆုံးခဲ့လျှင် ထိုသူသည် ဂျန္နသ်သုခဘုံသားများထဲမှ ဖြစ်လိမ့်မည်။
02

Explanation

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ " အိစ်သိဂ်ဖာရ် "လွတ်ငြိမ်းချမ်းသာခွင့် တောင်းခံရာတွင် စကားလုံး အမျိုးမျိုးရှိပြီး၊ ယင်းတို့အနက် အကောင်းဆုံးနှင့် အမြင့်မြတ်ဆုံးမှာ ဗန္ဒဟ်ကျေးကျွန် အနေဖြင့် ဤသို့ရွတ်ဆိုခြင်း ဖြစ်သည်။ «اللَّهُمَّ أَنْتَ رَبِّي لاَ إِلَهَ إِلَّا أَنْتَ، خَلَقْتَنِي وَأَنَا عَبْدُكَ، وَأَنَا عَلَى عَهْدِكَ وَوَعْدِكَ مَا اسْتَطَعْتُ، أَعُوذُ بِكَ مِنْ شَرِّ مَا صَنَعْتُ، أَبُوءُ لَكَ بِنِعْمَتِكَ عَلَيَّ، وَأَبُوءُ لَكَ بِذَنْبِي فَاغْفِرْ لِي، فَإِنَّهُ لاَ يَغْفِرُ الذُّنُوبَ إِلَّا أَنْتَ»
အဓိပ္ပါယ် -အိုအလ္လာဟ်အရှင်မြတ်၊ အရှင်မြတ်သည် ကျွန်‌တော်မျိုးအား မွေးမြူဖန်ဆင်းတော်မူသော အရှင်ဖြစ်ပါ၏။ အရှင်မြတ်မှတပါး အခြားကိုးကွယ်ရာအရှင်ဟူ၍ အလျှင်းမရှိပါ။ အရှင်မြတ်သည် ကျွန်တော်မျိုးအား ဖန်ဆင်းတော်မူခဲ့ပါသည်။ ကျွန်တော်မျိုးသည် အရှင်မြတ်၏ ကျေးကျွန်ဖြစ်ပါသည်။ ကျွန်တော်မျိုး တတ်စွမ်းနိုင်သမျှ အရှင်မြတ်၏ ကတိကဝတ်ပေါ်၌ ရပ်တည်နေပါ၏။ ကျွန်တော်မျိုး ပြုလုပ်ခဲ့မိသော မကောင်းမှုများ၏ဘေးရန်မှ အရှင်မြတ်ထံ ခိုလှုံပါ၏။ ကျွန်တော်မျိုးအပေါ် အရှင်မြတ် ချီးမြှင့်တော်မူထားသော ကျေးဇူးတော်များကို ကျွန်တော်မျိုး ဝန်ခံပါ၏။ ကျွန်တော်မျိုး၏ အပြစ်များကိုလည်း ဝန်ခံပါ၏။ သို့ဖြစ်ပါ၍ အရှင်မြတ်သည် ကျွန်တော်မျိုးအား ခွင့်လွှတ်ချမ်းသာ ပေးသနားတော်မူပါ။ ဧကန်စင်စစ် အရှင်မြတ်သာလျှင် အပြစ်များကို ခွင့်လွှတ်တော်မူသောအရှင် ဖြစ်ပါသည်။) ဟု ရွတ်ဆိုခြင်းဖြစ်သည်။ ‌‌ ထိုလွတ်ငြိမ်းချမ်းသာခွင့် တောင်းခံခြင်းတွင်
၁။ လူသားသည် ဦးစွာ အလ္လာဟ်အရှင်မြတ်အား တစ်ဆူတည်းသော ကိုးကွယ်ရာအရှင်အဖြစ် ဝန်ခံထားခြင်း၊ ထိုအရှင်မြတ်သည်သာ မိမိ၏ဖန်ဆင်းရှင်နှင့် ကိုးကွယ်ရာအရှင်ဖြစ်ပြီး အရှင်မြတ်နှင့် တွဲဖက်ယှဥ်ဖက်ဟူ၍ လုံးဝမရှိကြောင်း ဝန်ခံထားသည်။
၂။ အလ္လာဟ်အရှင်မြတ်အပေါ် အီမာန်သက်ဝင်ယုံကြည်ခြင်းနှင့် နာခံခြင်းဆိုင်ရာ ကတိသစ္စာကို မိမိတတ်စွမ်းနိုင်သမျှ ထမ်းဆောင်နေကြောင်း ဝန်ခံထားခြင်း၊ အဘယ်ကြောင့်ဆိုသော် ဗန္ဒဟ်ကျေးကျွန်သည် မည်မျှပင် အိဗာဒသ် ခဝပ်ကိုးကွယ်မှုပြုစေကာမူ အလ္လာဟ်အရှင်မြတ်၏ အမိန့်ပေးထားသမျှ အရာအားလုံးကို လိုက်နာနိုင်ခြင်း မရှိသကဲ့သို့ ကျေးဇူးတော်များအတွက်လည်း ပြည့်ဝစွာ ကျေးဇူးတင်ရန် စွမ်းဆောင်နိုင်ခြင်း မရှိသောကြောင့် ဖြစ်သည်။
၃။ အလ္လာဟ်အရှင်မြတ်ထံ ခိုလှုံခြင်း၊ ထိုအရှင်မြတ်ထံ ကာကွယ်စောင့်ရှောက်မှု တောင်းခံခြင်း၊ အဘယ်ကြောင့်ဆိုသော် ကျေးကျွန်တစ်ဦးပြုလုပ်ခဲ့သော မကောင်းမှုများ၏ ဘေးရန်ကို ထိုအရှင်မြတ်ကသာ ကာကွယ်ပေးနိုင်သည်။ ၄။ အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်များကို ဝန်ခံခြင်း၊ မိမိ၏
အပြစ်များကို ဝန်ခံခြင်းနှင့် နောင်တရခြင်း။ ၅။ အလ္လာဟ်အရှင်မြတ်ထံ ထိုသို့အကြောင်းပြချက်များ လျှောက်ထားပြီးနောက် မိမိအား ခွင့်လွှတ်ချမ်းသာခွင့်ပေးရန် တောင်းခံခဲ့သည်။ ထိုသို့တောင်းခံရာတွင် မိမိ၏အပြစ်များကို ဖုံးကွယ်ပေးတော်မူရန်နှင့် အရှင်မြတ်၏ လွတ်ငြိမ်းချမ်းသာခွင့်၊ ကရုဏာတော်နှင့် ကျေးဇူးတော်တို့ဖြင့် အပြစ်များ၏ ဘေးဒုက္ခမှ မိမိအား ကာကွယ်ပေးတော်မူရန် တောင်းခံခဲ့သည်။ ဧကန်စင်စစ် ထိုအရှင်မြတ်သာလျှင် အပြစ်များကို ခွင့်လွှတ်တော်မူသော အရှင်ဖြစ်တော်မူသည်။ ထို့နောက် တမန်တော်မြတ်က ဤသည် မနက်နှင့် ညတွင် ရွတ်ဖတ်ရသည့် ဇိကိရ်များအနက်မှ ဖြစ်ကြောင်း မိန့်ကြားတော်မူသည်။ မည်သူမဆို ယုံကြည်မှုအပြည့်ဖြင့်၊ အဓိပ္ပါယ်များကိုနားလည်ကာ ယုံကြည်မှုအပြည့်ဖြင့် နေ့၏အစတွင် (နေထွက်ချိန်မှ မွန်းတည့်ချိန်အတွင်း) ရွတ်ဆိုပြီး ကွယ်လွန်သေဆုံးပါက ဂျန္နသ်သို့ ဝင်ရောက်ရမည်ဖြစ်သည်။ ထို့ပြင် မည်သူမဆို ညဉ့်အချိန်တွင် (နေဝင်ချိန်မှ နေထွက်ချိန်အတွင်း) ရွတ်ဆိုပြီး မနက်မိုးမလင်းမီ ကွယ်လွန်သေဆုံးပါက ထိုသူလည်း ဂျန္နသ်သို့ ဝင်ရောက်ရမည်ဖြစ်သည်။
03

Benefits

"အိစ်သိဂ်ဖာရ်" လွတ်ငြိမ်းချမ်းသာ ခွင့်တောင်းခံသည့် စာသားအမျိုးမျိုးရှိပြီး အချို့က အချို့ထက် ပို၍ကောင်းမွန်သည်။
ဗန္ဒဟ်ကျေးကျွန်သည် ဤဒုအာဖြင့် အလ္လာဟ်အရှင်မြတ်ထံတော်တွင် ဆုတောင်းမှုပြုရန် စိတ်အားထက်သန်မှု ရှိရမည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် အိစ်သိဂ်ဖာရ်တို့၏ ခေါင်းဆောင်ဖြစ်သည်။

Attribution

[رواه البخاري]

Categories

Share

Share hadeeth

Sharing options · 0 Total shares

Share

← Back to encyclopedia
Shopping Basket

Loading...