တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) အများဆုံး တောင်းခဲ့သော ဒုအာမှာ ဤဒုအာပင် ဖြစ်သည်။ «اللَّهُمَّ رَبَّنَا آتِنَا فِي الدُّنْيَا حَسَنَةً، وَفِي الآخِرَةِ حَسَنَةً، وَقِنَا عَذَابَ النَّارِ» အဓိပ္ပါယ် - (အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်၊ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား လောက၌ ကောင်းကျိုး ချမ်းသာများကို ပေးသနားတော်မူပါ။ ၎င်းနောက် တမလွန်ဘဝ၌လည်း ကောင်းကျိုး ချမ်းသာများကို ပေးသနားတော်မူပါ။ ၎င်းပြင် ကျွန်တော်မျိုးတို့အား ငရဲမီး၏ အပြစ်ဒဏ်မှလည်း ကယ်တင်တော်မူပါ။)
Choose an available translation of this Hadeeth
Hadeeth text
အနတ်စ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) အများဆုံး တောင်းခဲ့သော ဒုအာမှာ ဤဒုအာပင် ဖြစ်သည်။
«اللَّهُمَّ رَبَّنَا آتِنَا فِي الدُّنْيَا حَسَنَةً، وَفِي الآخِرَةِ حَسَنَةً، وَقِنَا عَذَابَ النَّارِ»
အဓိပ္ပါယ် - (အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်၊ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား လောက၌ ကောင်းကျိုး ချမ်းသာများကို ပေးသနားတော်မူပါ။ ၎င်းနောက် တမလွန်ဘဝ၌လည်း ကောင်းကျိုး ချမ်းသာများကို ပေးသနားတော်မူပါ။ ၎င်းပြင် ကျွန်တော်မျိုးတို့အား ငရဲမီး၏ အပြစ်ဒဏ်မှလည်း ကယ်တင်တော်မူပါ။)
Explanation
အဓိပ္ပါယ် - (အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်၊ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား လောက၌ ကောင်းကျိုး ချမ်းသာများကို ပေးသနားတော်မူပါ။ ၎င်းနောက် တမလွန်ဘဝ၌လည်း ကောင်းကျိုး ချမ်းသာများကို ပေးသနားတော်မူပါ။ ၎င်းပြင် ကျွန်တော်မျိုးတို့အား ငရဲမီး၏ အပြစ်ဒဏ်မှလည်း ကယ်တင်တော်မူပါ။) ဤဒုအာတွင် လောကီဘဝ၏ ကောင်းကျိုးချမ်းသာများဖြစ်သည့် ကျယ်ဝန်းပေါများသည့် ဟလာလ်ရိုဇီ၊ ကောင်းမွန်သော ဇနီး၊ မျက်စိအေးမြဖွယ်ရာ သားသမီး၊ သက်သာချောင်ချိမှု၊ အကျိုးရှိသောပညာ၊ကောင်းမှုကုသိုလ်စသည့် နှစ်သက်ဖွယ်ကောင်းသော ခွင့်ပြုထားသော အရာများ ပါဝင်သကဲ့သို့၊ နောင်တမလွန်ဘဝ၏ ကောင်းကျိုးချမ်းသာများဖြစ်သည့် ကဗရ်သင်္ချိုင်းတွင်း၊ မဟ်ရှရ် (ကိယာမသ်နေ့ လူသားတို့စုဝေးရာနေရာ)နှင့် ငရဲမီး၏ ပြစ်ဒဏ်များမှ ကင်းလွတ်ခြင်း၊ အလ္လာဟ်အရှင်မြတ်၏ ကျေနပ်နှစ်သက်မူကို ရရှိခြင်း၊ ထာဝရသုခများကို ရရှိခြင်းနှင့် ကရုဏာတော်ရှင် အရှင်မြတ်နှင့် နီးစပ်မှုကို ရရှိခြင်းစသည်တို့ ပါဝင်သည်။
Benefits
အပြည့်စုံဆုံးသော နည်းလမ်းမှာ လူသားသည် ဒုအာဆုတောင်းသည့်အခါ လောကီဘဝနှင့် နောင်တမလွန်ဘဝ နှစ်ဘဝစလုံး၏ ကောင်းကျိုးချမ်းသာကို တောင်းခံခြင်း ဖြစ်သည်။
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

