“မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် ငါကိုယ်တော်ထံသို့ ဝဟီအမိန့်တော်ချမှတ်တော်မူခဲ့သည်။ (အမိန့်တော်မှာ) သင်တို့သည် နှိမ့်ချယို့ကျိုးကြလော့။ ထိုသို့အားဖြင့် တစ်ဦးကိုတစ်ဦး မောက်မာခြင်း၊ ထောင်လွှားခြင်း မရှိစေရ။ ထို့ပြင် တစ်ဦးကိုတစ်ဦး မတရားကျူးလွန်ခြင်းလည်း မရှိစေရ။
Choose an available translation of this Hadeeth
Hadeeth text
အိယာဿ်ွ ဗင်န် ဟိမာရ်ဗနီမုဂျာရှီအီ (ရဿွိယလ္လာဟုအန်ဟု) မှ ဆင့်ပြန်ခဲ့သည်။ ၎င်းက ပြောပြခဲ့သည် တစ်ရက်တွင် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ကျွန်ုပ်တို့အလယ်၌ ထရပ်လျက် မိန့်ခွန်းပြောကြားတော်မူခဲ့သည်။ ကိုယ်တော်ကမိန့်ကြားတော်မူသည်။ - ထို့နောက် ဤဟဒီးဆ်ကို ဆင့်ပြန်ခဲ့ရာတွင် ဤသို့ပါရှိသည်- “မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် ငါကိုယ်တော်ထံသို့ ဝဟီအမိန့်တော်ချမှတ်တော်မူခဲ့သည်။ (အမိန့်တော်မှာ) သင်တို့သည် နှိမ့်ချယို့ကျိုးကြလော့။ ထိုသို့အားဖြင့် တစ်ဦးကိုတစ်ဦး မောက်မာခြင်း၊ ထောင်လွှားခြင်း မရှိစေရ။ ထို့ပြင် တစ်ဦးကိုတစ်ဦး မတရားကျူးလွန်ခြင်းလည်း မရှိစေရ။"
Explanation
Benefits
မောက်မာဝါကြွားခြင်းနှင့် မတရားကျူးကျော်အနိုင်ကျင့်ခြင်းမှ တားမြစ်ထားခြင်း။
အလ္လာဟ်အရှင်မြတ်အတွက်ပြုလုပ်သည့် ရိုကျိုးနှိမ့်ချမှု၏ အဓိပ္ပါယ်နှစ်မျိုးရှိပါသည်- ပထမအဓိပ္ပါယ်-အသင်သည် အလ္လာဟ်အရှင်မြတ်၏ဒီန်သာသနာတော်အတွင် မိမိကိုယ်မိမိ ရိုကျိူး နှိမ့်ချခြင်း ဖြစ်သည်။ သို့ဖြစ်ရာ သာသနာတော်အား မထီမဲ့မြင်ပြုခြင်း၊ သာသနာတော်၏ပညတ်ချက်များကို လိုက်နာရာတွင် မာန်မာနထောင်လွှားခြင်း မပြုရ။ ဒုတိယအဓိပ္ပါယ်-အသင်သည် အလ္လာဟ်အရှင်မြတ်၏ကျေးကျွန်များအား အလ္လာဟ်အရှင်မြတ်အတွက်သာ ရိုကျိုးနှိမ့်ချစွာ ဆက်ဆံခြင်းဖြစ်သည်။ သူတို့ကို ကြောက်ရွံ့၍မဟုတ်၊ သူတို့ထံမှ အကျိုးအမြတ်မျှော်လင့်၍လည်းမဟုတ်၊ အလ္လာဟ်အရှင်မြတ်အတွက်သာ (ထိုသို့ ရိုကျိုးနှိမ့်ချခြင်း ဖြစ်ရမည်)။
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

