افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم.
#5488[صحيح]
HadeethEnc · 1.34.0

အို အလ္လာဟ်အရှင်မြတ်၊ အရှင်မြတ်ချီးမြှင့်‌တော်မူထားသည့် နိအ်မသ်တော်များ ဆုံးရှုံးကွယ်ပျောက်ခြင်း၊ အရှင်မြတ်ချီးမြှင့်တော်မူထားသည့် ကိုယ်စိတ်နှစ်ဖျာကျန်းမာချမ်းသာမှု ပြောင်းလွဲသွားခြင်း၊ အရှင်မြတ်၏ ရုတ်တရက် ဖမ်းဆီးအရေးယူဒဏ်ခတ်ခြင်းနှင့် အရှင်မြတ်၏ ခပ်သိမ်းကုန်သောအမျက်ဒါသမှ အရှင်မြတ်ထံ ခိုလှုံမှုပြုပါ၏။

Available translations

Choose an available translation of this Hadeeth

01

Hadeeth text

အဗ်ဒုလ္လာဟ်ဗင်န်အုမရ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ၏ တောင်းဆုဒုအာများထဲမှ (ဤဒုအာ) လည်းပါဝင်သည်။ အို အလ္လာဟ်အရှင်မြတ်၊ အရှင်မြတ်ချီးမြှင့်‌တော်မူထားသည့် နိအ်မသ်တော်များ ဆုံးရှုံးကွယ်ပျောက်ခြင်း၊ အရှင်မြတ်ချီးမြှင့်တော်မူထားသည့် ကိုယ်စိတ်နှစ်ဖျာကျန်းမာချမ်းသာမှု ပြောင်းလွဲသွားခြင်း၊ အရှင်မြတ်၏ ရုတ်တရက် ဖမ်းဆီးအရေးယူဒဏ်ခတ်ခြင်းနှင့် အရှင်မြတ်၏ ခပ်သိမ်းကုန်သောအမျက်ဒါသမှ အရှင်မြတ်ထံ ခိုလှုံမှုပြုပါ၏။
02

Explanation

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် လေးခုသော အရာမှ (အလ္လာဟ်အရှင်မြတ်ထံ) ခိုလှုံခွင့်တောင်းခံတော်မူခဲ့သည်-

ပထမ- (اللهُمَّ إِنِّي أَعُوذُ بِكَ مِنْ زَوَالِ نِعْمَتِكَ)
ဆိုလိုသည်မှာ- အို-အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုးသည် ဒီန်သာသနာ့အရေးနှင့် လောကီဆိုင်ရာ အရှင်မြတ်ချီးမြှင့်‌ တော်မူထားသည့် နိအ်မသ်ကျေးဇူးတော်များကို ဆုံးရှုံးရခြင်းမှ အရှင်မြတ်ထံ ခိုလှုံပါ၏။ ထို့ပြင် ကျွန်တော်မျိုး အစ္စလာမ်သာသနာအပေါ် ခိုင်မြဲစွာရပ်တည်နိုင်ရန်နှင့် နိအ်မသ်ကျေးဇူးတော်များကို ဆုံးရှုံးစေသည့် အပြစ်များကိုကျူးလွန်ခြင်းမှ ကင်းဝေးစေရန် အရှင်မြတ်ထံ ခိုလှုံပါ၏။

ဒုတိယ- ( وَتَحَوُّلِ عَافِيَتِكَ) ဆိုလိုသည်မှာ- ထို့ပြင် အရှင်မြတ် ချီးမြှင့် တော်မူထားသောဖြစ်သော အာဖီယဟ် (ကိုယ်စိတ်နှစ်ဖျာကျန်းမာချမ်းသာမှု) သည်ပြဿနာနှင့် စမ်းသပ်မှုများအဖြစ် ပြောင်းလဲသွားခြင်းမှ ခိုလှုံပါ၏။ ထို့ပြင် စဉ်ဆက်မပြတ် အာဖီယဟ် (ကိုယ်စိတ်နှစ်ဖျာကျန်းမာချမ်းသာမှု)နှင့် နာကျင်မှုဒုက္ခများနှင့်ရောဂါဘယများမှ ကင်းဝေးရန် အရှင်မြတ်ထံ တောင်းခံပန်ကြားပါ၏။

တတိယ -(وَفُجَاءَةِ نِقْمَتِكَ) ဆိုလိုသည်မှာ- အရှင်မြတ်၏ ရုတ်တရက် ပြစ်ဒဏ်ခတ်မှု( ‌ေဘးဒုက္ခ) မှ ခိုလှုံပါ၏။ အကြောင်းမှာ ပြစ်ဒဏ်နှင့် အရေးယူမှုသည် ရုတ်တရက်ကျရောက်လာပါက လူသားသည် သောင်ဗဟ်အမှားဝန်ချတောင်းပန်ခြင်းနှင့် မိမိကိုယ်ကို ပြုပြင်ခြင်းအတွက် အချိန်မရနိုင်တော့ပေ။ ထို့ကြောင့် ထိုပြစ်ဒဏ်ချမှတ်ခံသူ၏ ဘေးဒုက္ခ သည် ပို၍ကြီးမားပြီး ပို၍ပြင်းထန်ပေသည်။

စတုတ္ထ - (وَجَمِيعِ سَخَطِكَ ) ဆိုလိုသည်မှာ- အရှင်မြတ်အား အမျက်ဒေါသထွက်စေသည့် အရာတိုင်းမှ ခိုလှုံပါ၏။ အဘယ်
ကြောင့်ဆိုသော် အရှင်မြတ် အမျက်ထွက်တော်မူသောသူသည် ဧကန်မုချ ပျက်စီးရှုံးနိမ့်သွားသောကြောင့် ဖြစ်သည်။

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် "အားလုံး" ဟူသော စကားလုံး ("ဂျမီအ်") ကို အသုံးပြုခဲ့ခြင်းမှာ အလ္လာဟ်အရှင်မြတ်၏ အမျက်တော်စူးရှစေသော အကြောင်းရင်းအားလုံး- နှုတ်ထွက်စကားများ၊ ပြုမူလုပ်ဆောင်ချက်များနှင့် ယုံကြည်ချက်များ အားလုံး ခြုံငုံပါဝင်နိုင်စေရန်အတွက်ဖြစ်သည်။
03

Benefits

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ အလ္လာဟ်အရှင်မြတ်အား မှီခိုအားထားမှု။
ဤဗရ်ကသ်မင်္ဂလာဖြင့်ပြည့်စုံသော ခိုလှုံခွင့် တောင်းခံခြင်းတွင် ရရှိထားသော နိအ်မသ်စည်းစိမ်များအပေါ် ကျေးဇူးတင်နိုင်ရန်အတွက် အခွင့်အ လမ်းရရှိခြင်းနှင့် အပြစ်များကျူးလွန်ခြင်းမှ ထိန်းသိမ်းကာကွယ်ခြင်းတို့ ပါဝင်သည်။ အဘယ်ကြောင့်ဆိုသော် အပြစ်များကြောင့် နိအ်မသ်ကျေးဇူးတော်များ ဆုတ်ယုတ်ပျက်စီးသွားတတ်သောကြောင့်ဖြစ်သည်။
အလ္လာဟ်အရှင်မြတ်၏ အမျက်တော်ရှစေသော နေရာများမှ ကင်းဝေးစွာနေရန် ထက်သန်သောဆန္ဒထားရှိခြင်း။
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အလ္လာဟ်အရှင်မြတ်၏ ရုတ်တရက်ပြစ်ဒဏ်ခတ်ခြင်းမှ ခိုလှုံခွင့်တောင်းခံတော်မူခဲ့သည်။ အဘယ် ကြောင့်ဆိုသော် အလ္လာဟ်အရှင်မြတ်သည် မိမိကျွန်တစ်ဦးထံမှ အပြစ်ဒဏ်ယူလိုတော်မူသောအခါ ၎င်းအား ဤကဲ့သို့သော ဘေးဒုက္ခကို ကျရောက်စေတော်မူ၏။ ထိုဘေးဒုက္ခကို ထိုကျွန်တစ်ဦးတည်းသာမက ဖန်ဆင်းခံအားလုံး စုပေါင်း၍ပင် ဖယ်ရှားနိုင်ကြမည် မဟုတ်ပေ။
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် အလ္လာဟ်အရှင်မြတ်ချီးမြှင့်တော်မူသော "အာဖီယဟ်" (ကိုယ်စိတ်နှစ်ဖျာကျန်းမာချမ်းသာမှု) ဆုတ်ယုတ်ပျောက်ကွယ်သွားခြင်းမှ အရှင်မြတ်ထံ ခိုလှုံခွင့်‌တောင်းခံ‌တော်မူခဲ့သည်။ အဘယ် ကြောင့်ဆိုသော် အလ္လာဟ်အရှင်မြတ်သည် ဗန္ဒဟ်ကျေးကျွန်တစ်ဦးအား "အာဖီယဟ်" (ကိုယ်စိတ်နှစ်ဖျာကျန်းမာချမ်းသာမှု)ချီးမြှင့်တော်မူပါက၊ ထိုဗန္ဒဟ်ကျေးကျွန်သည် လောကီလောကုတ္တရာ နှစ်ဌာနစလုံး၏ ကောင်းကျိုးချမ်းသာများကို ရရှိသူဖြစ်ပြီး၊ ၎င်းထံမှ " အာဖီယဟ် " ဆုတ်ယုတ်ပျောက်ကွယ်သွားပါက လောကီလောကုတ္တရာ နှစ်ဌာနစလုံး၏ ဆိုးကျိုးဒုက္ခများကို ခံစားရမည်ဖြစ်သည်။ အမှန်စင်စစ် "အာဖီယဟ်" (ကိုယ်စိတ်နှစ်ဖျာကျန်းမာချမ်းသာမှု) ပင်လျှင် ဒီန်သာသနာနှင့် လောကီဘဝ ကောင်းမွန်မှန်ကန်စွာ ရပ်တည်နိုင်ရေး၏ အခြေခံဖြစ်သည်။

Attribution

[رواه مسلم]

Categories

Share

Share hadeeth

Sharing options · 0 Total shares

Share

← Back to encyclopedia
Shopping Basket

Loading...