افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم.
#5483[صحيح]
HadeethEnc · 1.34.0

رَبِّ اغْفِرْ لِي خَطِيئَتِي وَجَهْلِي، وَإِسْرَافِي فِي أَمْرِي كُلِّهِ، وَمَا أَنْتَ أَعْلَمُ بِهِ مِنِّي، اللَّهُمَّ اغْفِرْ لِي خَطَايَايَ، وَعَمْدِي وَجَهْلِي وَهَزْلِي، وَكُلُّ ذَلِكَ عِنْدِي، اللَّهُمَّ اغْفِرْ لِي مَا قَدَّمْتُ وَمَا أَخَّرْتُ، وَمَا أَسْرَرْتُ وَمَا أَعْلَنْتُ، أَنْتَ المُقَدِّمُ وَأَنْتَ المُؤَخِّرُ، وَأَنْتَ عَلَى كُلِّ شَيْءٍ قَدِيرٌ». အို - အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုးရဲ့ မှားယွင်းချွတ်ချော်မှု၊ မသိနားမလည်မှု၊ ကျွန်တော်မျိုးရဲ့အရေးကိစ္စဟူသမျှတွင် ကျွန်တော်မျိုး၏ လွန်ကျူးမှုနှင့်၊ ကျွန်တော်မျိုးထက် အရှင်မြတ်ပို သိတော်မူသော အရာတို့တွင် ကျွန်တော်မျိုးအား ခွင့်လွှတ်တော်မူပါ။ အို- အလ္လာအရှင်မြတ် ကျွန်တော်မျိုး၏ အမှားများ၊ တမင်ပြောဆိုမှု၊ မေ့မှား‌မှု၊ နောက်ပြောင် ကျီစယ်မှုတို့ကို ခွင့်လွှတ်တော်မူပါ။ ထိုအချက်များ အားလုံးသည် ကျွန်တော်မျိုးထံတွင် ရှိနေပါ၏။ အို- အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုး ယခင်က ပြုခဲ့မိသည့် အပြစ်ဂုနဟ်မျာ၊ နောင်အခါတွင် ပြုလုပ်မည့် အပြစ်ဂုနဟ်များ၊ လျှို့ဝှက်ကျူးလွန်မိခဲ့သော အပြစ်ဂုနဟ်များ၊ ထင်ရှားစွာ ကျူးလွန်မိခဲ့သော အပြစ်ဂုနဟ်များ၊ လွန်လွန်ကျူးကျူးပြုခဲ့မိသော အရာများ၊ ကျွန်တော်မျိုးထက် အရှင်မြတ် ပိုသိတော်မူသော အပြစ်ဂုနဟ်များကို ခွင့်လွှတ်တော်မူပါ။ အရှင်မြတ်သည်သာလျှင် ရှေ့သို့တွန်းပို့တော်မူသူ၊ အရှင်မြတ်သည်သာလျှင် နောက်သို့ရွှေ့ဆိုင်းတော်မူသောအရှင် ဖြစ်တော်မူပါသည်။ အရှင်မြတ်သည် အရာခပ်သိမ်းအပေါ် စွမ်းဆောင်နိုင်တော်မူသော အရှင်ဖြစ်သည်။

Available translations

Choose an available translation of this Hadeeth

01

Hadeeth text

အဗူမူစာ အရှ်အရီ ( ရဿွိယလ္လာဟု အန်ဟု ) သည် တမန်တော်မြတ် ( ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ် ) ထံမှ ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်သည် ဤ ဒုအာကို အမြဲ တောင်းတော်မူလေ့ရှိသည်။ «رَبِّ اغْفِرْ لِي خَطِيئَتِي وَجَهْلِي، وَإِسْرَافِي فِي أَمْرِي كُلِّهِ، وَمَا أَنْتَ أَعْلَمُ بِهِ مِنِّي، اللَّهُمَّ اغْفِرْ لِي خَطَايَايَ، وَعَمْدِي وَجَهْلِي وَهَزْلِي، وَكُلُّ ذَلِكَ عِنْدِي، اللَّهُمَّ اغْفِرْ لِي مَا قَدَّمْتُ وَمَا أَخَّرْتُ، وَمَا أَسْرَرْتُ وَمَا أَعْلَنْتُ، أَنْتَ المُقَدِّمُ وَأَنْتَ المُؤَخِّرُ، وَأَنْتَ عَلَى كُلِّ شَيْءٍ قَدِيرٌ».

အို - အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုးရဲ့ မှားယွင်းချွတ်ချော်မှု၊ မသိနားမလည်မှု၊ ကျွန်တော်မျိုးရဲ့အရေးကိစ္စဟူသမျှတွင် ကျွန်တော်မျိုး၏ လွန်ကျူးမှုနှင့်၊ ကျွန်တော်မျိုးထက် အရှင်မြတ်ပို သိတော်မူသော အရာတို့တွင် ကျွန်တော်မျိုးအား ခွင့်လွှတ်တော်မူပါ။ အို- အလ္လာအရှင်မြတ် ကျွန်တော်မျိုး၏ အမှားများ၊ တမင်ပြောဆိုမှု၊ မေ့မှား‌မှု၊ နောက်ပြောင် ကျီစယ်မှုတို့ကို ခွင့်လွှတ်တော်မူပါ။ ထိုအချက်များ အားလုံးသည် ကျွန်တော်မျိုးထံတွင် ရှိနေပါ၏။ အို- အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုး ယခင်က ပြုခဲ့မိသည့် အပြစ်ဂုနဟ်မျာ၊ နောင်အခါတွင် ပြုလုပ်မည့် အပြစ်ဂုနဟ်များ၊ လျှို့ဝှက်ကျူးလွန်မိခဲ့သော အပြစ်ဂုနဟ်များ၊ ထင်ရှားစွာ ကျူးလွန်မိခဲ့သော အပြစ်ဂုနဟ်များ၊ လွန်လွန်ကျူးကျူးပြုခဲ့မိသော အရာများ၊ ကျွန်တော်မျိုးထက် အရှင်မြတ် ပိုသိတော်မူသော အပြစ်ဂုနဟ်များကို ခွင့်လွှတ်တော်မူပါ။ အရှင်မြတ်သည်သာလျှင် ရှေ့သို့တွန်းပို့တော်မူသူ၊ အရှင်မြတ်သည်သာလျှင် နောက်သို့ရွှေ့ဆိုင်းတော်မူသောအရှင် ဖြစ်တော်မူပါသည်။ အရှင်မြတ်သည် အရာခပ်သိမ်းအပေါ် စွမ်းဆောင်နိုင်တော်မူသော အရှင်ဖြစ်သည်။
02

Explanation

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ ပြီးပြည့်ဆုံသည့်အနှစ်ချုပ် ဒုအာများထဲမှတစ်ခုမှာ -

အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ကျွန်တော်မျိုး၏ အမှားများ၊အပြစ်များ၊ ကျွန်တော်မျိုး၏ အသိပညာကင်းမဲ့မှုများနှင့် ကျွန်တော်မျိုး မသိနားမလည်ဘဲ ဖြစ်ပေါ်ခဲ့သည့် အရာများကို ခွင့်လွှတ်တော်မူပါ။

ကျွန်တော်မျိုး၏ ကိစ္စအရပ်ရပ်တွင် အလွန်အ
မင်းပြုမူမိခြင်း၊ ကျွန်တော်မျိုး၏ ပျက်ကွက်မှုများနှင့် ကျွန်တော်မျိုး၏ ကန့်သတ်ချက်များကို ကျော်လွန်ခြင်းတို့တွင်
( ကျွန်တော်မျိုးအား ခွင့်လွှတ်တော်မူပါ။)

ကျွန်တော်မျိုးထက် အရှင်မြတ်ပိုသိတော်မူသည့် အရာများတွင်လည်း (ကျွန်တော်မျိုးအား ခွင့်လွှတ်တော်မူပါ။) အို-အလ္လာဟ်အရှင်မြတ်၊ အရှင်မြတ်သည် ထိုအကြောင်းအရာကိုသိရှိတော်မူပြီး ကျွန်တော်မျိုးသည် မေ့လျော့ခဲ့ပါသည်။

အို-အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုး၏ အပြစ်များ၊ ကျွန်တော်မျိုး၏ တမင်ရည်ရွယ်ပြုလုပ်မိသည့်အမှား၊ ကျွန်တော်မျိုးထံမှ ရည်ရွယ်ချက်ရှိရှိ ထွက်ပေါ်လာသော အရာများ၊ ကျွန်တော်မျိုးကိုယ်တိုင် သိရှိထားသော ကျွန်တော်မျိုး၏ အပြစ်များကိုလည်း ခွင့်လွှတ်တော်မူပါ။

ကျွန်တော်မျိုး၏ အတည်အတံပြောဆိုမှု
နှင့် နောက်ပြောင်ပြောဆိုမှုတို့မှ ထွက်ပေါ်လာသော အရာများ၊ ကျွန်တော်မျိုးထံမှ အခြေအနေနှစ်မျိုးလုံးတွင် ဖြစ်ပေါ်ခဲ့သမျှကို ခွင့်လွှတ်တော်မူပါ။

ထိုအရာအားလုံးသည် ကျွန်တော်မျိုးထံတွင် ရှိပါသည်။ ထိုစုစည်းတင်ပြထားသော အပြစ်များနှင့် ချို့ယွင်းချက်များအားလုံးကို (ကျွန်တော်မျိုးကျူးလွန်မိပါသည်။)

အို - အလ္လာဟ်အရှင်မြတ်၊ကျွန်တော်မျိုး ယခင်ကျူးလွန်ခဲ့သော အပြစ်များနှင့် နောင်တွင်ကျူးလွန်မိမည့် အပြစ်များကိုလည်း ခွင့်လွှတ်တော်မူပါ။

ကျွန်တော်မျိုး လျှို့ဝှက်စွာကျူးလွန်မိ‌ခဲ့သောအရာများနှင့် ကျွန်တော်မျိုး ပေါ်‌ပေါ်ထင်ထင်ကျူးလွန်မိ‌ခဲ့သောအရာများကို ခွင့်လွှတ်တော်မူပါ။

“ အရှင်မြတ်သည်သာလျှင် ရှေ့သို့တွန်းပို့တော်မူသူ၊ အရှင်မြတ်သည်သာလျှင် နောက်သို့ရွှေ့ဆိုင်းတော်မူသောအရှင် ဖြစ်တော်မူပါသည်”။
အရှင်မြတ်၏ အဖန်ဆင်းခံများအနက်မှ အရှင်မြတ်အလိုရှိတော်မူသောသူကို ကောင်းမှုများပြုလုပ်နိုင်သည့် အခွင့်အရေးပေးတော်မူပြီး မိမိ၏ ကရုဏာတော်ဘက်သို့ ရှေ့ရှုတွန်းပို့တော်မူသည်။ ထိုနည်းတူ အရှင်မြတ်သည်အဖန်ဆင်းခံများအနက်မှ မိမိအလိုရှိတော်မူသော သူကို (ထိုသို့သော အခွင့်အရေးမှ) ချန်ထားခဲ့ပြီး နောက်သို့ရွှေ့ဆိုင်းထားတော်မူသည်။ အရှင်မြတ် နောက်သို့ရွှေ့ဆိုင်းတော်မူသောအရာများကို မည်သူမျှ ရှေ့သို့မတွန်းပို့နိုင်ပါ၊ ထို့ပြင် အရှင်မြတ် ရှေ့သို့တွန်းပို့တော်မူသော အရာများကိုလည်း မည်သူမျှ နောက်သို့မရွှေ့ဆိုင်းနိုင်ပါ။

ထို့ပြင် အရှင်မြတ်သည် အရာခပ်သိမ်းတို့အပေါ်၌ စွမ်းဆောင်နိုင်တော်မူသောအရှင် ဖြစ်တော်မူပါသည်။ တစ်နည်း ပြည့်ဝသောစွမ်းရည်နှင့် အလိုဆန္ဒအပြည့်အစုံရှိတော်မူသောအရှင်၊ အလိုရှိတော်မူသမျှကို ပြုလုပ်ဆောင်ရွက်တော်မူသော အရှင်ဖြစ်ပါသည်။
03

Benefits

ဤဒုအာ၏ မွန်မြတ်မှုနှင့် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ လမ်းစဉ်ကို လိုက်နာလျက် ဤဒုအာကို အ‌လေးထားရွတ် ဆိုသင့်ကြောင်း ဖော်ပြထားသည်။
အကန့်အသတ်ထက် ကျော်လွန်ခြင်းမှ တားမြစ်ထားပြီး၊ အကန့်အသတ်ထက် ကျော်လွန်သူသည် အပြစ်ဒဏ်ခံရနိုင်ကြောင်း သတိပေးထားပါသည်။
အလ္လာဟ်အရှင်မြတ်သည် လူသား၏အ ကြောင်းကို ၎င်းကိုယ်တိုင်ထက်ပင် ပိုမို၍သိရှိတော်မူသည်။ ထို့ကြောင့် လူသားသည် မိမိအရေးကိစ္စကို အလ္လာဟ်အရှင်မြတ်အား လွှဲအပ်သင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် လူသားသည် မိမိမသိလိုက်ဘဲ မှားယွင်းမှုကျူးလွန်နိုင်ချေ ရှိသောကြောင့် ဖြစ်သည်။
လူသားသည် နောက်ပြောင်ပြောဆိုမိသော စကားအတွက်လည်း အပြစ်ပေးခံရနိုင်သကဲ့သို့၊ အတည်အတံ့ပြောဆိုသော စကားအတွက်လည်း အပြစ်ပေးခံရနိုင်သည်။ ထို့ကြောင့် လူသားသည် မိမိ၏နောက်ပြောင်မှုတွင် အထူးသတိထားရမည်။
အစ်ဗ်နုဟဂျရ် အတ်စ်ကလာနီက ဤသို့ဆိုသည်- "ကျွန်ုပ်သည် ဤဒုအာကို ရွတ်ဆိုရန် သီးသန့်ညွှန်းထားသည့် နေရာကို ၎င်း၏ စနဒ်ဆင့်ပြန်ချက်လမ်းကြောင်းများအနက် မည်သည့်တစ်ခုတွင်မျှ မတွေ့ရပါ။ သို့ရာတွင် ၎င်း၏ အဆုံးပိုင်းစကားရပ်အများစုကိုမူ (အဗ်ဒုလ္လာဟ် ဗင်န် အဗ္ဗာစ် (ရဿွိယလ္လာဟု အန်ဟုမာ) မှ ဆင့်ပြန်သော ရီဝါယတ်များ )တွင် တမန်တော်မြတ် (ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ်) သည် ယင်းဒုအာကို ညအချိန် ဆွလာသ်များ ( သဟဒ်ဂျုဒ်ဆွလာသ်) တွင် ရွတ်ဆိုလေ့ရှိကြောင်း ဖော်ပြထားသည်။ ထို့အပြင် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ယင်းဒုအာကို ဆွလာသ်၏ အဆုံးပိုင်းတွင် ရွတ်ဆိုလေ့ရှိကြောင်းလည်း ဖော်ပြထားပါသည်။ သို့ရာတွင် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိ ဝစလ္လမ်) သည် ယင်းဒုအာကို ‘စလာမ်’ မပေးမီ ရွတ်ဆိုခဲ့သည်လော သို့မဟုတ် ‘စလာမ်’ ပေးပြီးမှ ရွတ်ဆိုခဲ့သည်လော ဆိုသည့်အချက်တွင် ရီဝါယတ်များ ကွဲလွဲခဲ့ကြသည်။
တမန်တော်မြတ် (ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ်) သည် အပြစ်ကျူးလွန်ခဲ့သည့်အတွက် လွတ်ငြိမ်းချမ်းသာခွင့်ရရန် ဒုအာတောင်းခဲ့ခြင်းလား။ အချို့လူများက တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည်မိမိကိုယ်ကို နှိမ့်ချခြင်း၊ သိမ်ငယ်စေခြင်းအနေဖြင့် ဤဒုအာ(အိစ်သိဂ်ဖာရ်)ကို ရွတ်ဆိုခဲ့ခြင်း ဖြစ်သည်" ဟု ဆိုကြသည်။အချို့က တမန်တော်မြတ် (ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ်)သည် ကောင်းဆုံးအဆင့်သို့ မရောက်ခြင်း သို့မဟုတ် အကောင်းမြတ်ဆုံးအရာကို မပြုလုပ်ခြင်းကို အပြစ်အဖြစ် သတ်မှတ်ခဲ့ခြင်းကြောင့် ဤသို့ ရွတ်ဆိုခဲ့ခြင်း ဖြစ်သည်" ဟု ဆိုကြသည်။ သို့မဟုတ် မေ့လျော့မှုကြောင့် ဖြစ်ခဲ့သော အရာများအတွက်ဖြစ်နိုင်ပြီး၊ အချို့က နဗူဝတ်မရမီက ကျူးလွန်မိခဲ့သော အပြစ်များအတွက် ဖြစ်နိုင်သည်ဟု ဆိုကြသည်။ အချို့လူများက ဤသို့ဆိုကြပါသည်-(တမန်တော်မြတ် (ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ်)၏) အိစ်သိဂ်ဖာရ်ပြု (အပြစ်များမှ လွတ်ငြိမ်းချမ်းသာခွင့်ရရန် တောင်းခံ) ခြင်းသည် မဂ်ဖိရသ် (ခွင့်လွှတ်မှု) တောင်းခံရန်အတွက် မဟုတ်ဘဲ အိဗာဒသ်ခဝပ်ဆည်းကပ်မှုတစ်ခုအ‌နေဖြင့်သာ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၊ ယင်းကိုပြုလုပ်ရန် မဖြစ်မနေလိုအပ်ပါသည်။ အချို့လူများက ဤသို့ဆိုကြသည်-ထိုသို့ပြုခြင်းသည် (တမန်တော်မြတ်သည်) မိမိ၏အွမ္မသ်အား သွန်သင်ခြင်းနှင့် သတိပေးခြင်းဖြစ်သည်။ (အကြောင်းမှာ) ၎င်းတို့သည် (မိမိတို့၏အပြစ်များမှ) လုံခြုံသည်ဟု မှတ်ယူကာ အိစ်သိဂ်ဖာရ် ပြုလုပ်ခြင်းမှ မရပ်ဆိုင်းမိစေရန်အတွက် ဖြစ်သည်။

Attribution

[متفق عليه]

Categories

Share

Share hadeeth

Sharing options · 0 Total shares

Share

← Back to encyclopedia
Shopping Basket

Loading...