افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم.
#5430[صحيح]
HadeethEnc · 1.34.0

မည်သူမဆို မိမိ၏(မုသားလိမ်လည်)ကျိန်ဆိုမှုဖြင့် မွတ်စ်လင်မ်တစ်ဦး၏ အခွင့်အရေးကို ဖြတ်ယူသိမ်းပိုက်လျှင် အလ္လာဟ်အရှင်မြတ်သည် ဂျဟန္နမ်ငရဲမီးကို ထိုသူအတွက် ထိုက်တန်စေတော်မူပြီး၊ ၎င်းအပေါ်၌ ဂျန္နသ်သုခဘုံကို ဟရာမ်အဖြစ်သတ်မှတ်တော်မူမည်။ ထိုအခါ လူတစ်ဦးက ကိုယ်တော့်အား "အိုအလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ အကယ်၍ ထိုအရာသည် မပြောပလောက်သောအရာဖြစ်လျှင်ပင်လော"ဟု လျှောက်ထားမေးမြန်းရာ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က "သွားတိုက်တံပြုလုပ်ရာတွင် အသုံးပြုသော ကိုင်းလေးတစ်ချောင်းမျှသာဖြစ်စေကာမူ ဤပြစ်ဒဏ်ပင် ဖြစ်သည်"ဟု မိန့်ကြားတော်မူခဲ့သည်။

Available translations

Choose an available translation of this Hadeeth

01

Hadeeth text

အဗူအိုမာမဟ် အေယားစ် ဗင်န် စအ်လဗဟ် အလ်ဟာရိစီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ "မည်သူမဆို မိမိ၏(မုသားလိမ်လည်)ကျိန်ဆိုမှုဖြင့် မွတ်စ်လင်မ်တစ်ဦး၏
အခွင့်အရေးကို ဖြတ်ယူသိမ်းပိုက်လျှင် အလ္လာဟ်အရှင်မြတ်သည် ဂျဟန္နမ်ငရဲမီးကို ထိုသူအတွက် ထိုက်တန်စေတော်မူပြီး၊ ၎င်းအပေါ်၌ ဂျန္နသ်သုခဘုံကို ဟရာမ်အဖြစ်သတ်မှတ်တော်မူမည်။ ထိုအခါ လူတစ်ဦးက ကိုယ်တော့်အား "အိုအလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ အကယ်၍ ထိုအရာသည် မပြောပလောက်သောအရာဖြစ်လျှင်ပင်လော"ဟု လျှောက်ထားမေးမြန်းရာ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က "သွားတိုက်တံပြုလုပ်ရာတွင် အသုံးပြုသော ကိုင်းလေးတစ်ချောင်းမျှသာဖြစ်စေကာမူ ဤပြစ်ဒဏ်ပင် ဖြစ်သည်"ဟု မိန့်ကြားတော်မူခဲ့သည်။
02

Explanation

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မည်သည့်မွတ်စ်လင်မ်၏အ
ခွင့်အရေးကိုမျှ ဖြတ်ယူသိမ်းပိုက်ရန် ရည်ရွယ်ချက်ဖြင့် အလ္လာဟ်အရှင်မြတ်၏နာမတော်ဖြင့် မဟုတ်မမှန် လိမ်လည်ကျိန်ဆိုခြင်းမှ သတိပေးတားမြစ်တော်မူခဲ့သည်။ စင်စစ် ထိုသို့ပြုလုပ်ခြင်းသည် လူသားအား ဂျဟန္နမ်ငရဲနှင့်ထိုက်တန်စေပြီး ဂျန္နတ်သုခဘုံမှ ကင်းဝေးစေပြီး၊ ယင်းသည် ကြီးလေးသောအပြစ်အကုသိုလ်များထဲမှ ဖြစ်ကြောင်း ရှင်းလင်းမိန့်ကြားတော်မူခဲ့သည်။ ထိုအခါ လူတစ်ဦးက "အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ ကျိန်ဆိုခဲ့သည့်အရာသည် မပြောပလောက်သည့် အရာဖြစ်ခဲ့လျှင်လည်း ဤပြစ်ဒဏ်ပင်လား"ဟု လျှောက်
ထားမေးမြန်းခဲ့သည်။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က "သွားတိုက်တံပြုလုပ်ရာတွင် အသုံးပြုသော ကိုင်းလေးတစ်ချောင်းမျှသာဖြစ်စေကာမူ ဤပြစ်ဒဏ်ပင် ဖြစ်သည်"ဟု မိန့်ကြားတော်မူခဲ့သည်။
03

Benefits

၁။ အခြားသူများ၏အခွင့်အရေးများကို သိမ်းပိုက်ရယူခြင်းမှ သတိထားဆင်ခြင်ရန်နှင့် မည်မျှပင်သေးငယ်စေကာမူ ၎င်းတို့၏အခွင့်အရေးများကို ပြန်လည်ပေးအပ်ရန် အထူးဂရုပြုရမည်။ တရားသူကြီး၏ မှားယွင်းသောဆုံးဖြတ်ချက်သည် လူသားတစ်ဦးအတွက် မိမိပိုင်ဆိုင်ခြင်းမရှိသောအရာကို ခွင့်ပြုလိုက်ခြင်းမျိုး မဖြစ်စေနိုင်ကြောင်းကိုလည်း ရှင်းလင်းဖော်ပြထားသည်။
၂။ အိမာမ်နဝဝီက ဆိုသည်မှာ- မွတ်စ်လင်မ်များ၏ အခွင့်အရေးကို မတရားသိမ်းယူခြင်းသည် အလွန်ပြင်းထန်သော ဟရာမ်တားမြစ်ချက်ဖြစ်ပြီး ဤကိစ္စတွင် အခွင့်အရေး၏ တန်ဖိုးနည်းခြင်း၊ များခြင်းဟူ၍ မခွဲခြားဘဲ တူညီသောပြစ်ဒဏ်ရှိသည်။အကြောင်းမှာ "သွားတိုက်တံပြုလုပ်ရာတွင် အသုံးပြုသော ကိုင်းလေးတစ်ချောင်းမျှသာဖြစ်စေကာမူ ဤပြစ်ဒဏ်ပင် ဖြစ်သည်"ဟု တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ မိန့်ကြားချက် ရှိသောကြောင့် ဖြစ်သည်။
၃။ အိမာမ်နဝဝီက ဆိုသည်မှာ- ဤပြစ်ဒဏ်သည် မွတ်စ်လင်မ်တစ်ဦး၏အခွင့်အရေးကို ဖြတ်ယူသိမ်းပိုက်ပြီး၊ သောင်ဗဟ်မလုပ်ဘဲ (ဤအပြစ်ဖြင့်) ကွယ်လွန်သေဆုံးသွားသူများအတွက်ဖြစ်သည်။ သို့သော် အကြင်သူသည် သောင်ဗဟ်ပြုလုပ်ပြီး၊ မိမိပြုလုပ်ခဲ့သောအပြစ်အတွက် နောင်တရကာ အခွင့်အရေးရှိသူအား ၎င်း၏အခွင့်အရေးကို ပြန်လည်ပေးအပ်ခြင်း၊ ခွင့်လွှတ်မှုတောင်းခံခြင်းနှင့် ယင်းအပြစ်ကို နောင်တွင်ထပ်မံမပြုလုပ်ရန် ခိုင်မာသောဆုံးဖြတ်ချက်ချမှတ်ခြင်းတို့ ပြုလုပ်ခဲ့လျှင် ၎င်း၏အပြစ်သည် ကင်းစင်သွားမည်ဖြစ်သည်။
၄။ ကာဿွီ‌အေယာဿ်ွက ဆိုသည်မှာ - ဤနေရာတွင် မွတ်စ်လင်မ်များကို အထူးဖော်ပြခြင်းမှာ ၎င်းတို့သည် ရှရီအသ်တရားတော်၏ ဦးတည်မိန့်ကြားခံရသူများဖြစ်ပြီး၊ လက်တွေ့ကျင့်သုံးသူအများစုဖြစ်သောကြောင့်ဖြစ်သည်။ ဤသည် မွတ်စ်လင်မ်မဟုတ်သူ၏အခွင့်အရေးကို သိမ်းယူခွင့်ရှိသည်ဟု ဆိုလိုခြင်းမဟုတ်ပါ။ မွတ်စ်လင်မ်များကဲ့သို့ပင် မွတ်စ်လင်မ်မဟုတ်သူများ၏အခွင့်အရေးကိုလည်း မတရားသိမ်းယူခွင့်မရှိပေ။
၅။ အိမာမ်နဝဝီက ဆိုသည်- မုသား စကားဆိုသည်မှာ အတိတ်ဖြစ်စေ၊ အနာဂတ်ဖြစ်စေ၊ ရည်ရွယ်ချက်ရှိရှိဖြစ်စေ၊ မရည်ရွယ်ဘဲဖြစ်စေ ဖြစ်ရပ်မှန်နှင့်ဆန့်ကျင် ဘက်ဖြစ်သော သတင်းအချက် အလက်ကို ပြောဆိုခြင်းဖြစ်သည်။

Attribution

[رواه مسلم]

Categories

Share

Share hadeeth

Sharing options · 0 Total shares

Share

← Back to encyclopedia
Shopping Basket

Loading...