HadeethEnc · 1.34.0
အို- အဘူဇရ်၊ အသင် ဟင်းရည်ချက်ပါက ဟင်းရည်ကို ရေများများထည့် ချက်ပါ။ ထို့နောက်အိမ်နီးချင်းများအား သတိရပါ (ဂရုတစိုက် ဝေမျှပေးကမ်းပါ)။
Available translations
Choose an available translation of this Hadeeth
01
Hadeeth text
အဗူဇရ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ "အို- အဘူဇရ်၊ အသင် ဟင်းရည်ချက်ပါက ဟင်းရည်ကို ရေများများထည့် ချက်ပါ။ ထို့နောက်အိမ်နီးချင်းများအား သတိရပါ (ဂရုတစိုက် ဝေမျှပေးကမ်းပါ)။"
02
Explanation
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် အဘူဇရ်(ရဿွိယလ္လာဟုအန်ဟု)အား ဟင်းရည်ချက်ပါက ရေနှင့်ဟင်းရည်များများထည့်ရန်၊ ၎င်း(ဟင်း
ရည်အား ဝေမျှပေးကမ်းခြင်း)ဖြင့် အိမ်နီးချင်းများကို ဂရုစိုက်ရန် တိုက်
တွန်းတော်မူခဲ့သည်။
ရည်အား ဝေမျှပေးကမ်းခြင်း)ဖြင့် အိမ်နီးချင်းများကို ဂရုစိုက်ရန် တိုက်
တွန်းတော်မူခဲ့သည်။
03
Benefits
၁။ အိမ်နီးချင်းများအား ကောင်းမွန်စွာဆက်ဆံရန် အားပေးတိုက်တွန်းခြင်း။
၂။ အိမ်နီးချင်းများကြား အချင်းချင်း လက်ဆောင်ပဏ္ဏာများ ပေးကမ်းဖလှယ်ခြင်းသည် ချစ်ခင်မှုနှင့် ခင်မင်ရင်းနှီးမှုကို တိုးပွားစေသောကြောင့် မွတ်စ်သဟဗ်ဖြစ်သည်။ အထူးသဖြင့် အစားအစာမှ အနံ့များထွက်ပေါ်ပြီး အိမ်နီးချင်း၏ လိုအပ်ချက်ကိုလည်း သိရှိရပါက ဤလက်ဆောင်ဖလှယ်ခြင်းသည် ပို၍လေးနက်သွားသည်။
၃။ ကောင်းမှုကုသိုလ်နှင့် ဖြစ်နိုင်သော အလှူဒါနများကို အနည်းငယ်သာဖြစ်စေ ပေးကမ်းရန်၊ မွတ်စ်လင်မ်များအား ပျော်ရွှင်မှုပေးရန် အားပေးတိုက်တွန်းခြင်း။

Attribution
[رواه مسلم]
Categories
Share
Share hadeeth
Sharing options · 0 Total shares