افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم.
#5141[صحيح]
HadeethEnc · 1.34.0

တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် စိုးရိမ်ပူပန်မှု ကြီးကြီးမားမား ကျရောက်လာသောအခါတွင် ဤဒုအာကို ရွတ်ဆိုတော်မူလေ့ရှိသည် - «لَا إِلَهَ إِلَّا اللهُ الْعَظِيمُ الْحَلِيمُ، لَا إِلَهَ إِلَّا اللهُ رَبُّ الْعَرْشِ الْعَظِيمِ، لَا إِلَهَ إِلَّا اللهُ رَبُّ السَّمَاوَاتِ وَرَبُّ الْأَرْضِ وَرَبُّ الْعَرْشِ الْكَرِيمِ» (ကြီးကျယ်မြင့်မြတ်တော်မူပြီး၊ အလွန်သည်းခံခွင့်လွှတ်တော်မူသော အလ္လာဟ်အရှင်မြတ်မှတစ်ပါး မှန်ကန်သည့်ကိုးကွယ်ရာအရှင်ဟူ၍ မရှိ။ ကြီးကျယ်မြင့်မြတ်သည့် အရ်ရှ်ပလ္လင်တော်ကို ဖန်ဆင်းတော်မူသော အလ္လာဟ်အရှင်မြတ်မှတစ်ပါး မှန်ကန်သည့်ကိုးကွယ်ရာအရှင်ဟူ၍ မရှိ။ မိုးကောင်းကင်များကို ဖန်ဆင်းတော်မူသောအရှင်၊ မြေပထဝီကို ဖန်ဆင်းတော်မူသောအရှင်၊ ဂုဏ်သရေနှင့်ပြည့်စုံသော အရ်ရှ်ပလ္လင်တော်ကို ဖန်ဆင်းတော်မူသော အလ္လာဟ်အရှင်မြတ်မှတစ်ပါး မှန်ကန်သည့်ကိုးကွယ်ရာအရှင်ဟူ၍ မရှိ)။

Available translations

Choose an available translation of this Hadeeth

01

Hadeeth text

အိဗ်နေအဗ္ဗာစ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် စိုးရိမ်ပူပန်မှု ကြီးကြီးမားမား ကျရောက်လာသောအခါတွင် ဤဒုအာကို ရွတ်ဆိုတော်မူလေ့ရှိသည် -
«لَا إِلَهَ إِلَّا اللهُ الْعَظِيمُ الْحَلِيمُ، لَا إِلَهَ إِلَّا اللهُ رَبُّ الْعَرْشِ الْعَظِيمِ، لَا إِلَهَ إِلَّا اللهُ رَبُّ السَّمَاوَاتِ وَرَبُّ الْأَرْضِ وَرَبُّ الْعَرْشِ الْكَرِيمِ»
(ကြီးကျယ်မြင့်မြတ်တော်မူပြီး၊ အလွန်သည်းခံခွင့်လွှတ်တော်မူသော အလ္လာဟ်အရှင်မြတ်မှတစ်ပါး မှန်ကန်သည့်ကိုးကွယ်ရာအရှင်ဟူ၍ မရှိ။ ကြီးကျယ်မြင့်မြတ်သည့် အရ်ရှ်ပလ္လင်တော်ကို ဖန်ဆင်းတော်မူသော အလ္လာဟ်အရှင်မြတ်မှတစ်ပါး မှန်ကန်သည့်ကိုးကွယ်ရာအရှင်ဟူ၍ မရှိ။ မိုးကောင်းကင်များကို ဖန်ဆင်းတော်မူသောအရှင်၊ မြေပထဝီကို ဖန်ဆင်းတော်မူသောအရှင်၊ ဂုဏ်သရေနှင့်ပြည့်စုံသော အရ်ရှ်ပလ္လင်တော်ကို ဖန်ဆင်းတော်မူသော အလ္လာဟ်အရှင်မြတ်မှတစ်ပါး မှန်ကန်သည့်ကိုးကွယ်ရာအရှင်ဟူ၍ မရှိ)။
02

Explanation

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် အလွန်စိုးရိမ်ပူပန်ရသည့်အခါ၊ အလွန်ပူဆွေးသောကရောက်သည့်အခါတွင် ဤဒုအာကိုရွတ်ဆိုတော်မူလေ့ရှိခဲ့သည်- "လာ အိလာဟ အိလ္လလ္လာဟ်" «لا إله إلا الله» ဆိုသည်မှာ- အလ္လာဟ်အရှင်မြတ်မှတစ်ပါး မှန်ကန်သည့် ကိုးကွယ်ထိုက်သော အရှင်ဟူ၍ မရှိ။
"အလ်-အဇီမ်" «العظيم » ဆိုသည်မှာ- အရှင်မြတ်၏ ဇာတိတော်၊ ဂုဏ်တော်များ နှင့် လုပ်ဆောင်ချက်များ၌ ဂုဏ်သရေနှင့် ပြည့်စုံတော်မူသော၊ သာလွန်မြင့်မြတ်တော်မူသော အရှင်။
"အလ်-ဟလီမ်" «الحليم» ဆိုသည်မှာ- အပြစ်ကျူးလွန်သူအား ချက်ချင်း အပြစ်ဒဏ် မပေးဘဲ နောက်ဆိုင်းထားတော်မူ၏။ တစ်ခါတစ်ရံအပြစ်ဒဏ်ပေးရန် စွမ်းဆောင်နိုင်လျက်နှင့်လည်း ခွင့်လွှတ်တော်မူ၏။ စင်စစ် အရှင်မြတ်သည် အရာခပ်သိမ်းကို စွမ်းဆောင်နိုင်တော်မူသော အရှင်ဖြစ်တော်မူ၏။ "ရဗ္ဗုလ် အရ်ရှိလ် အဇွီးမ်" « رب العرش العظيم » ဆိုသည်မှာ- ကြီးကျယ်မြင့်မြတ်သည့် အရ်ရှ်ပလ္လင်တော်ကို ဖန်ဆင်းတော်မူသောအရှင် ဖြစ်သည်။
"ရဗ္ဗုစ်စမာဝါသိ ဝလ်အရ်ဿ်ွ" «رب السموات والأرض» ဆိုသည်မှာ- မိုးကောင်းကင်များ၊ မြေပထဝီများနှင့် ၎င်းတို့အတွင်းရှိ အရာအားလုံးကို ဖန်ဆင်းတော်မူသော၊ စိုးပိုင်တော်မူသော၊ ပြုပြင်ဖွဲ့စည်းပေးတော်မူသော၊ အလိုတော်ရှိသည့်အတိုင်း စီမံခန့်ခွဲတော်မူသော အရှင်သခင် ဖြစ်သည်။
"ရဗ္ဗုလ် အရ်ရှိလ် ကရီးမ်" «رب العرش الكريم» ဆိုသည်မှာ - ဂုဏ်သရေနှင့်ပြည့်စုံသော အရ်ရှ်ပလ္လင်တော်ကို ဖန်ဆင်းတော်မူသောအရှင် ဖြစ်သည်။
03

Benefits

၁။ ဘေးဥပါဒ်များ ကျရောက်ခြင်း၊ စိုးရိမ်ပူပန်မှုများ ကြုံတွေ့ရချိန်တွင် အလ္လာဟ်အရှင်မြတ်ထံတော်သို့သာ ဒုအာဆုတောင်း၍ ချဉ်းကပ်ခိုလှုံရမည် ဖြစ်သည်။
၂။စိုးရိမ်ပူပန်မှု ကြုံတွေ့ရချိန်တွင် ဤဇိကိရ်ဖြင့် ဒုအာဆုတောင်းခြင်းသည် မွတ်စ်သဟဗ်ဖြစ်သည်။
၃။ ကရုဏာတော်ရှင်အလ္လာဟ်အရှင်မြတ်၏ အရ်ရှ်ပလ္လင်တော်သည် အဖန်ဆင်းခံများအနက် အမြင့်ဆုံး၊ အကြီးဆုံးနှင့် အသာလွန်ဆုံး ဖြစ်သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ၎င်းအား ကြီးမြတ်သော (အဇွီးမ်) နှင့် ဂုဏ်သရေနှင့် ပြည့်စုံသော (ကရီးမ်) အဖြစ် တင်စားဖော်ပြတော်မူခဲ့သည်။ အလ္လာဟ်အရှင်မြတ်သည် ယင်းအရ်ရှ်ပလ္လင်တော်ပေါ်တွင် မိမိ၏ဂုဏ်တော်နှင့်အညီ စံမြန်းတော်မူ၏။
၄။ မိုးကောင်းကင်များနှင့် မြေပထဝီကို သီးခြားဖော်ပြရခြင်းမှာ ၎င်းတို့သည် မြင်တွေ့နေရသော ဖန်ဆင်းခံများအနက် အကြီးကျယ်ဆုံးဖြစ်သောကြောင့် ဖြစ်သည်။
၅။ အိမာမ်သွီဗီက ဆိုသည်မှာ- တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ဤချီးမွမ်းခြင်းနှင့် ကျေးဇူးတင်ခြင်းကို အရှင်မြတ်အား ဖော်ပြခြင်းဖြင့် စတင်တော်မူခဲ့ခြင်းမှာ စိတ်သောကကို ဖယ်ရှားခြင်းနှင့် လျော်ညီစေရန်အတွက် ဖြစ်သည်။ အကြောင်းမှာ "ရဗ်" ဆိုသည်မှာ ပြုစုပျိုးထောင်ခြင်း၊ စောင့်ရှောက်ခြင်း အနက်အဓိပ္ပါယ် သက်ရောက်သောကြောင့် ဖြစ်သည်။ ထို့ပြင် ဤဒုအာတွင် သောင်ဟီးဒ် (အလ္လာဟ်အရှင်မြတ်တစ်ဆူတည်းကိုသာ ကိုးကွယ်ယုံကြည်ခြင်း) ပါဝင်သော ကလိမဟ်တော် 'လာအိလာဟအိလ္လလာဟ်' သည် အရှင်မြတ်အား ချို့ယွင်းချက်၊ အပြစ်အနာအဆာဟူသမျှမှ စင်ကြယ်အောင် ပြုခြင်း၏ အခြေခံအုတ်မြစ် ဖြစ်၏။ အလ္လာဟ်အရှင်မြတ်၏ အုပ်စိုးနိုင်စွမ်းမှု (အဇ်ွမသ်) ကို ဖော်ညွှန်းသော အလ်-အဇွီးမ်နှင့် ဉာဏ်ပညာတော်ကို ဖော်ညွှန်းသော အလ်-ဟလီမ် ပါဝင်၏။ အကြောင်းမှာ ပညာမဲ့သူထံမှ သည်းခံခြင်းနှင့် ရက်ရောခြင်းကို မျှော်လင့်၍မရပေ။ ထိုအရာနှစ်ခုမှာ ဂုဏ်ပြုခံရခြင်း၏ မူလအခြေခံအရည်အသွေးများပင် ဖြစ်သည်။

Attribution

[متفق عليه]

Categories

Share

Share hadeeth

Sharing options · 0 Total shares

Share

← Back to encyclopedia
Shopping Basket

Loading...