နူးညံ့သိမ်မွေ့မှုမရှိသူသည် ကောင်းခြင်းဟူသ၍တို့မှလက်မဲ့ဖြစ်သွားပေသည်။
Choose an available translation of this Hadeeth
Hadeeth text
ဂျရီးရ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်မှာ နူးညံ့သိမ်မွေ့မှုမရှိသူသည် ကောင်းခြင်းဟူသ၍တို့မှလက်မဲ့ဖြစ်သွားပေသည်။
Explanation
Benefits
နူညံ့သိမ်မွေ့ခြင်းသည် လောကီ၊ လောကုတ္တရာနှစ်ဌာန၌ကောင်းခြင်းများ၊ ချောင်လည်မှုများ အစဉ်အမြဲရရှိနေမည်ဖြစ်ပြီး ကြမ်းတမ်းခြင်းဖြင့် နှစ်ဘဝစလုံး၌အစဉ်အမြဲအစဉ်အမြဲကြပ်တည်းမှုကို ခံစားရပေမည်။
"နူးညံ့သိမ်မွေ့မှုသည် ကောင်းသောစရိုက်နှင့် စိတ်တည်ငြိမ်မှုရှိခြင်းတို့မှ ပေါ်ထွက်လာပြီး၊ ကြမ်းတမ်းမှုသည် အမျက်ဒေါသနှင့် ကြမ်းကြုတ်မှုတို့မှဖြစ်ပေါ်လာသည်။ ထို့ကြောင့် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် နူးညံ့သိမ်မွေ့မှုရှိခြင်းကို အထူးချီးမွမ်းတော်မူခဲ့သည်။
ဆွဖ်ယာန်ဆောင်ဝ်ရီ (ရဟိမဟွလ္လာဟ်) က မိမိ၏အပေါင်းပါများကို ပြောသည်မှာ အရ်ရိဖ်က် နူးညံ့သိမ့်မွေ့ခြင်းဟူသည် အဘယ်နည်းဆိုသည်ကို အသင်တို့သိပါသလား။ နူးညံ့သိမ်မွေ့ခြင်းဆိုသည်မှာ အရာရာအား သူ့နေရာ၌သူ့ကိုထားခြင်းကိုဆိုသည်။ ပြင်းပြင်းထန်ထန် ပြောဆိုဆက်ဆံခြင်းကိုလည်း သူ့နေ့ရာ၌သူ့ကိုထားခြင်း၊ နူးညံ့စွားပြောဆိုဆက်ဆံခြင်းကိုလည်း သူ့နေရာ၌သူ့ကိုထားခြင်း၊ တုတ် ဓားတို့ကို့လည်းသူ့နေရာနှင့်သူ အသုံးပြုခြင်းတို့ဖြစ်သည်။
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

