افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم.
#4535[صحيح]
HadeethEnc · 1.34.0

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ သလ်ဗီယဟ်မှာ အောက်ပါအတိုင်းဖြစ်သည်- «لَبَّيْكَ اللهُمَّ، لَبَّيْكَ، لَبَّيْكَ لَا شَرِيكَ لَكَ لَبَّيْكَ، إِنَّ الْحَمْدَ وَالنِّعْمَةَ لَكَ وَالْمُلْكَ لَا شَرِيكَ لَكَ» (ကျွန်တော်မျိုး အသင့်ရောက်ရှိပါပြီ။ အို- အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုး အသင့်ရောက်ရှိပါပြီ။ကျွန်တော်မျိုး အသင့်ရောက်ရှိပါပြီ။ အရှင်မြတ်နှင့် ယှဉ်တွဲကိုးကွယ်ထိုက်သူဟူ၍ အလျှင်းမရှိပါ။ ကျွန်တော်မျိုး အသင့်ရောက်ရှိပါပြီ။ ဧကန်စင်စစ် ချီးမွမ်းခြင်းအ‌ပေါင်းနှင့် နိအ်မသ်ကျေးဇူးတော်အပေါင်းတို့သည် အရှင်မြတ်အတွက်သာ ဖြစ်ပါ၏။ စိုးပိုင်မှုဟူသရွေ့သည်လည်း အရှင်မြတ်အတွက်သာ ဖြစ်ပါ၏။ အရှင်မြတ်နှင့် ယှဉ်တွဲကိုးကွယ်ထိုက်သူဟူ၍ အလျှင်းမရှိပါ။)

Available translations

Choose an available translation of this Hadeeth

01

Hadeeth text

အဗ်ဒုလ္လာဟ် ဗင်န် အုမရ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ သလ်ဗီယဟ်မှာ အောက်ပါအတိုင်းဖြစ်သည်-
«لَبَّيْكَ اللهُمَّ، لَبَّيْكَ، لَبَّيْكَ لَا شَرِيكَ لَكَ لَبَّيْكَ، إِنَّ الْحَمْدَ وَالنِّعْمَةَ لَكَ وَالْمُلْكَ لَا شَرِيكَ لَكَ»
(ကျွန်တော်မျိုး အသင့်ရောက်ရှိပါပြီ။ အို- အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုး အသင့်ရောက်ရှိပါပြီ။ကျွန်တော်မျိုး အသင့်ရောက်ရှိပါပြီ။ အရှင်မြတ်နှင့် ယှဉ်တွဲကိုးကွယ်ထိုက်သူဟူ၍ အလျှင်းမရှိပါ။ ကျွန်တော်မျိုး အသင့်ရောက်ရှိပါပြီ။ ဧကန်စင်စစ် ချီးမွမ်းခြင်းအ‌ပေါင်းနှင့် နိအ်မသ်ကျေးဇူးတော်အပေါင်းတို့သည် အရှင်မြတ်အတွက်သာ ဖြစ်ပါ၏။ စိုးပိုင်မှုဟူသရွေ့သည်လည်း အရှင်မြတ်အတွက်သာ ဖြစ်ပါ၏။ အရှင်မြတ်နှင့် ယှဉ်တွဲကိုးကွယ်ထိုက်သူဟူ၍ အလျှင်းမရှိပါ။)ဆင့်ပြန်သူ (နာဖိအ်) က ပြောပြခဲ့သည်။ အဗ္ဗဒုလ္လာဟ် ဗင်န် အုမရ်(ရဿွိယလ္လာဟုအန်ဟုမာ) သည် ဤသလ်ဘီယဟ်တွင် အောက်ပါစကားလုံးများအား ထပ်ထိုး၍ ရွတ်ဆိုလေ့ရှိသည်-
« لَبَّيْكَ لَبَّيْكَ، وَسَعْدَيْكَ، وَالْخَيْرُ بِيَدَيْكَ، لَبَّيْكَ وَالرَّغْبَاءُ إِلَيْكَ وَالْعَمَلُ »
(ကျွန်တော်မျိုး အသင့်ရောက်ရှိပါပြီ။ ကျွန်တော်မျိုး အသင့်ရောက်ရှိပါပြီ။ အရှင်မြတ်၏ အမိန့်နာခံရခြင်းသည် ကျွန်တော်မျိုးအတွက် ကံကောင်းခြင်းပင် ဖြစ်ပါ၏။ ကောင်းခြင်းမင်္ဂလာအားလုံးသည် အရှင်မြတ်၏ လက်တော်ထဲတွင် ရှိပါ၏။ ကျွန်တော်မျိုး အသင့်ရောက်ရှိပါပြီ။ အရှင်မြတ်ထံတော်၌သာ မျှော်လင့်ချက်ထားရှိပြီး၊ လုပ်ရပ်တိုင်းသည်လည်း အရှင်မြတ်အတွက်သာ ဖြစ်ပါ၏)။
02

Explanation

ဤသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ ဟဂ်ျ သို့မဟုတ် အွမ်ရဟ်ကျင့်စဥ်အတွင်း ဝင်ရန် ရည်ရွယ်သောအခါ ရွတ်ဆိုလေ့ရှိသော သလ်ဗီယဟ်ဖြစ်သည်။ لَبَّيْكَ اللَّهُمَّ لَبَّيْك (လဗ္ဗိုင်းက လ္လာဟုမ်မ လဗ္ဗိုင်းက) အို- အလ္လာဟ်အရှင်မြတ် အရှင့်ထံတော်သို့ အကြွင်းမဲ့ လာရောက်ပြီ ဖြစ်ကြောင်း၊ အရှင့်ဖိတ်ခေါ်တော်မူချက်ကို လက်ခံပြီးနောက် ထပ်မံ၍ လက်ခံပါ ကြောင်း၊ စိတ်ရင်းစေတနာဖြူစင်မှု၊ တစ်ဆူတည်းသောအရှင်ကို ယုံကြည်ခြင်း နှင့် ဟဂ်ျခရီးစဉ် အစရှိ သည်တို့ဆီသို့ အရှင့်ဖိတ်ခေါ်မှုတိုင်းကို လက်ခံပါကြောင်း (အဓိပ္ပာယ်ရသည်)။

(လဗ္ဗိုင်က လာ ရှရီကလစက္က လဗ္ဗိုင်က)- لَبَّيْكَ لَا شَرِيكَ لَكَ لَبَّيْكَ- ဆိုသည်မှာ အရှင်မြတ်သည် တစ်ဆူတည်းသော ခဝပ်ကိုးကွယ်ခြင်းကို ခံယူထိုက်သူဖြစ်ပြီး အရှင်မြတ်၏ ဖန်ဆင်းမှု၊ ခဝပ်ကိုးကွယ်ထိုက်သည့် အရှင်ဖြစ်မှု၊ နာမတော်များနှင့် ဂုဏ်တော်များတွင် တွဲဘက်ယှဉ်တွဲထိုက်သူဟူ၍ အလျှင်းမရှိပါဟု အဓိပ္ပာယ်ရသည်။
(အိန္နလ် ဟမ်ဒ ဝန်နီအ်မသလ ဝလ်မုလ်က)« إِنَّ الْحَمْدَ وَالنِّعْمَةَ لَكَ وَالْمُلْكَ لَا شَرِيكَ لَكَ»ဆိုသည်မှာ ဧကန်မလွဲ ကျေးဇူးတင်ခြင်းနှင့် ချီးမွမ်းခြင်းသည် (အရှင်မြတ်အတွက်သာ ဖြစ်သည်)။ နိအ်မသ်ကျေးဇူးတော်သည် အရှင်မြတ်ထံမှ လာပြီး အရှင်မြတ်သည် ၎င်းကို ပေးသနားတော်မူသောအရှင်ဖြစ်သည်။ (လက) အရှင်မြတ်အတွက်သာ ဖြစ်ပြီး အခြေအနေတိုင်းတွင် ဖြစ်ပေါ်နေသည်။ (ဝလ်မုလ်က) စိုးပိုင်မှုဟူသရွေ့သည်လည်း အလားတူပင် အရှင်မြတ်အတွက်သာ ဖြစ်သည်။ (လာ ရှရီက လက္က) အရှင်မြတ်နှင့် ယှဉ်တွဲကိုးကွယ်ထိုက်သူဟူ၍ အလျှင်းမရှိပါ။ ထို့ကြောင့် ဤအရာအားလုံးသည် တစ်ဆူတည်းသော အရှင်မြတ်အတွက်သာလျှင် ဖြစ်တော်မူပါသည်။ အဗ္ဗဒုလ္လာဟ် ဗင်န် အုမရ်(ရဿွိယလ္လာဟုအန်ဟုမာ) သည် ဤသလ်ဘီယဟ်တွင် အောက်ပါစကားလုံးများအား ထပ်ထိုး၍ ရွတ်ဆိုလေ့ရှိသည်- (လဗ္ဗိုင်က လဗ္ဗိုင်က ဝ ဆအ္ဒိုင်က) - لَبَّيْكَ لَبَّيك، وَسَعْدَيْكَ،- အရှင်မြတ်သည် ကျွန်တော်မျိုးအား ကံကောင်းခြင်း အကြိမ်ကြိမ် ပေးသနားတော်မူပါစေသတည်း။
(ဝလ်ခိုင်ရု ဗိယဒိုင်က) - وَالْخَيْرُ بِيَدَيْكَ - ကောင်းခြင်းမင်္ဂလာအားလုံးသည် အရှင်မြတ်၏ လက်တော်ထဲတွင်ရှိပြီး အရှင်မြတ်၏ ကျေးဇူးတော်ကြောင့် ဖြစ်သည်။
(လဗ္ဗိုင်က ဝရ်ရဂ်ဗာအု အိလိုင်က)- لَبَّيْكَ وَالرَّغْبَاءُ إِلَيْكَ - (ဆိုသည်မှာ) ဆန္ဒနှင့် တောင်းဆိုမှုသည် ကောင်းခြင်းဟူသမျှကို ပိုင်ဆိုင်တော်မူသော အရှင်မြတ်ထံ၌သာ ဖြစ်သည်။
(ဝလ်အမလု) - وَالْعَمَلُ - လုပ်ရပ်ဟူသရွေ့တို့သည် အရှင်မြတ်အတွက်သာ ဖြစ်သည်။ သို့ဖြစ်ပေရာ အရှင်မြတ်သည်သာလျှင် ခဝပ်ကိုးကွယ်ခြင်းကို ခံထိုက်တော်မူသော အရှင်ဖြစ်သည်။
03

Benefits

ဟဂ်ျနှင့် အွမ်ရဟ်တွင် သလ်ဗီယဟ် ရွတ်ဆိုခြင်းသည် ရှရီအသ်တရားတော်၏ ပြဌာန်းချက်ဖြစ်ပြီး ၎င်းအား သေသေချာချာအလေးထား ရွတ်ဆိုရမည်။ အဘယ်‌ကြောင့်ဆိုသော် သလ်ဗီယဟ်ရွတ်ဆိုခြင်းသည် ဟဂ်ျ၏ ထူးခြားသော အမှတ်အသားဖြစ်ပြီး ဆွလာသ်တွင် သက္ကဗီရ် ရွတ်ဆိုခြင်းသည် ဆွလာသ်၏ အမှတ်အသားဖြစ်သကဲ့သို့ပင် ဖြစ်သည်။
အိဗ်နုလ်မုနီးရ်က ဆိုသည်မှာ- သလ်ဗီယဟ်ရွတ်ဆိုခြင်း၏ ရှရီအသ်အမိန့်ပြဌာန်းချက်ဖြစ်ခြင်းတွင် အလ္လာဟ်အရှင်မြတ်သည် မိမိ၏ ကျေးကျွန်များအား ဂုဏ်ပြုတော်မူခြင်း၏ အရိပ်အယောင်တစ်ခု ပါဝင်သည်။ အကြောင်းမှာ သူတို့သည် အရှင်မြတ်၏ အိမ်တော်သို့ လာရောက်ခြင်းသည် အရှင်မြတ်ကိုယ်တော်တိုင်၏ ဖိတ်ကြားချက်အရသာ ဖြစ်ကြောင်း သတိပေးထားခြင်းပင် ဖြစ်သည်။
အကောင်းဆုံးမှာ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သွန်သင်ခဲ့သည့် သလ်ဗီယဟ် အတိုင်း စွဲမြဲလိုက်နာ ရွတ်ဆိုခြင်းပင်ဖြစ်သည်။ သို့သော် ယင်းတွင် အချို့သော စကားလုံးများ ထပ်တိုး၍ရွတ်ဆိုခြင်း၌လည်း ပြဿနာမရှိပေ။ အကြောင်းမှာ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ထိုသို့ထပ်တိုးရွတ်ဆိုခြင်းကို (ကန့်ကွက်ခြင်းမရှိဘဲ) နှုတ်ဆိတ်နေတော်မူခဲ့သောကြောင့် ဖြစ်သည်။ အိဗ်နုဟဂျရ် က ဤသို့ ဆိုသည်- (ဤသည်မှာ ကွဲလွဲနေသော ရိဝါယသ်ဆင့်ပြန်ချက်များကို) ပေါင်းစည်းရန် အကောင်းဆုံးနည်းလမ်းဖြစ်သည်။ မရ်ဖူအ်(တမန်တော်မြတ်ထံတော်မှ တိုက်ရိုက်ဆင့်ပြန်လာရှိသည့်) စကားလုံးများကို သီးခြားရွတ်ဆိုရမည်။ ထို့နောက် မောင်ကူဖ်(ဆွဟာဗဟ် တစ်ဦးဦးထံမှ ဆင့်ပြန်လာရှိသည့်) စကားလုံးများကို သို့မဟုတ် မိမိဘက်မှ သင့်လျော်သော စကားလုံးများကို ရွေးချယ်၍ ရွတ်ဆိုလိုလျှင်‌သော် လည်းကောင်း၊ ထိုအရာများကို မရ်ဖူအ်(တမန်တော်မြတ်ထံတော်မှ တိုက်ရိုက်ဆင့်ပြန်လာရှိသည့်) စကားလုံးများနှင့် ရောနှောခြင်းမရှိစေရန် သီးခြားရွတ်ဆိုရမည်။ ယင်း(သလ်ဗီယဟ်)သည် သ ရှဟ်ဟုဒ် ပြီးနောက် ရွတ်ဖတ်သော ဒုအာနှင့် ဆင်တူသည်။ အဘယ်ကြောင့်ဆို‌သော် ထိုဒုအာနှင့် ပတ်သက်၍ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်ကြားတော်မူခဲ့သည်- "ထို့နောက် (သရှဟ်ဟုဒ် ပြီးလျှင်) ၎င်းသည် မိမိအလိုရှိရာ ဆုတောင်းခြင်း နှင့် ချီးမွမ်းခြင်းစကားများကို ရွေးချယ်ရွတ်ဆိုပါလေ။" ဆိုလိုသည်မှာ မရ်ဖူအ် (တမန်တော်မြတ်ထံမှ ဆင့်ပြန်လာရှိသည့်) စကားလုံးများကို ရွတ်ဆိုပြီးနောက်တွင် ဖြစ်သည်။
သလ်ဗီယဟ်ကို အသံကျယ်ကျယ် ရွတ်ဆိုခြင်းသည် မွတ်စ်သဟဗ် ဖြစ်သည်။ ဤသည် အမျိုးသားများအတွက် ဖြစ်သည်။ အမျိုးသမီးများသည် ဖိသ်နဟ်(ဖောက်ပြားမှုအန္တရာယ်)ကို စိုးရိမ်ရသဖြင့် အသံကို နှိမ့်ချရွတ်ဆိုသင့်သည်။

Attribution

[متفق عليه]

Categories

Share

Share hadeeth

Sharing options · 0 Total shares

Share

← Back to encyclopedia
Shopping Basket

Loading...