HadeethEnc · 1.34.0
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အလ္လာဟ်အရှင်မြတ်က ၎င်းအား အသက်နုတ်သိမ်းတော်မူတယ့်အထိ ရမဿွာန်လ၏ နောက်ဆုံး (၁၀) ရက်၌ အိအ်သိကာဖ်ထိုင်တော်မူလေ့ရှိခဲ့သည်။ ကိုယ်တော်ကွယ်လွန်ပြီးနောက်တွင်လည်း ကိုယ်တော် ၏ ဇနီးကြင်ယာတော်များက အိအ်သိကာဖ်ထိုင်ခဲ့ကြသည်။
Available translations
Choose an available translation of this Hadeeth
01
Hadeeth text
တမန်တော်မြတ် ( ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ် )၏ ဇနီးကြင်ယာတော်၊ မုအ်မင်န်တို့၏ မိခင်ကြီး အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အလ္လာဟ်အရှင်မြတ်က ၎င်းအား အသက်နုတ်သိမ်းတော်မူတယ့်အထိ ရမဿွာန်လ၏ နောက်ဆုံး (၁၀) ရက်၌ အိအ်သိကာဖ်ထိုင်တော်မူလေ့ရှိခဲ့သည်။ ကိုယ်တော်ကွယ်လွန်ပြီးနောက်တွင်လည်း ကိုယ်တော်
၏ ဇနီးကြင်ယာတော်များက အိအ်သိကာဖ်ထိုင်ခဲ့ကြသည်။
02
Explanation
မိခင်မွန်ကြီးအာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)ကဆင့်ပြန်ခဲ့သည်။ ကိုယ်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ကဒရ်ညကို ရှာဖွေရန် ရည်ရွယ်ချက်ဖြင့် ရမဿွာန်လ၏ နောက်ဆုံး (၁၀) ရက်၌ အိအ်သိကာဖ်ထိုင်တော်မူလေ့ရှိခဲ့သည်။ အလ္လာဟ်အရှင်မြတ်သည် ကိုယ်တော့်အား အသက်နုတ်သိမ်းတော်မူတယ့်အထိ ထိုအတိုင်း အမြဲတစေကျင့်သုံးတော်မူခဲ့သည်။ ကိုယ်တော်ကွယ်လွန်ပြီးနောက်တွင် ကိုယ်တော်၏ ဇနီးကြင်ယာတော်များ (ရဿွိယလ္လာဟုအန်ဟွန်းန)သည်လည်း အိအ်သိကာဖ်ထိုင်ခဲ့ကြသည်။
03
Benefits
၁။ ဗလီများ၌ အိအ်သိကာဖ်ထိုင်ခြင်းသည် တရားတော်၌ ပညတ်ထားသည့် ကိစ္စရပ်တစ်ခု ဖြစ်သည်။ အမျိုးသမီးများအနေဖြင့်လည်း ရှရီအတ်က သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့် အညီ၊ ဖိသ်နဟ်မှ လုံခြုံစိတ်ချရပါက ဗလီများ၌ အိအ်သိကာဖ်ထိုင်နိုင်သည်။
၂။ ရမဿွာန်လ၏နောက်ဆုံး (၁၀) ရက်၌ အိအ်သိကာဖ်ထိုင်ခြင်းသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ စွဲစွဲမြဲမြဲကျင့်သုံးမှုကြောင့် ပို၍လေးနက်မှုရှိသွားပေသည်။
၃။ အိအ်သိကာဖ်ထိုင်ခြင်းသည် ပယ်ဖျက်ခြင်း မခံရသည့် အမြဲတစေပြုလုပ်အပ်သော စွန္နသ်တော်တစ်ရပ် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော် ကွယ်လွန်တော်မူပြီးနောက်တွင်လည်းကိုယ်တော်၏ ဇနီးကြင်ယာတော်များက အိအ်သိကာဖ်ထိုင်ခဲ့ကြသောကြောင့် ဖြစ်သည်။

Attribution
[متفق عليه]
Categories
Share
Share hadeeth
Sharing options · 0 Total shares