افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم.
#4454[صحيح]
HadeethEnc · 1.34.0

ကျွန်ုပ်တို့သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ကျွန်ုပ်တို့နှင့်အတူရှိစဉ်အခါက ဇကားသုလ်ဖိသွိရ် (ဖိသ်ရဟ်) ကို ကလေးဖြစ်စေ၊ လူကြီးဖြစ်စေ၊ လွတ်လပ်သူဖြစ်စေ၊ ကျွန်ဖြစ်စေ၊ အားလုံးဘက်မှ အစားအစာတစ်စွာအ် သို့မဟုတ် နို့ခဲတစ်စွာအ် သို့မဟုတ် မုယောစပါးတစ်စွာအ် သို့မဟုတ် စွန်ပလွံသီးတစ်စွာအ် သို့မဟုတ် စပျစ်ခြောက်တစ်စွာအ်ကို ပေးလေ့ရှိကြသည်

Available translations

Choose an available translation of this Hadeeth

01

Hadeeth text

အဘူစအီဒ်ခုဒ်ရီ ( ရဿွိယလ္လာဟုအန်ဟု ) ကဆင့်ပြန်ခဲ့သည်။ ကျွန်ုပ်တို့သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ကျွန်ုပ်တို့နှင့်အတူရှိစဉ်အခါက ဇကားသုလ်ဖိသွိရ် (ဖိသ်ရဟ်) ကို ကလေးဖြစ်စေ၊ လူကြီးဖြစ်စေ၊ လွတ်လပ်သူဖြစ်စေ၊ ကျွန်ဖြစ်စေ၊ အားလုံးဘက်မှ အစားအစာတစ်စွာအ် သို့မဟုတ် နို့ခဲတစ်စွာအ် သို့မဟုတ် မုယောစပါးတစ်စွာအ် သို့မဟုတ် စွန်ပလွံသီးတစ်စွာအ် သို့မဟုတ် စပျစ်ခြောက်တစ်စွာအ်ကို ပေးလေ့ရှိကြသည်။ ထိုအတိုင်းပင် ကျွန်ုပ်တို့သည် အမြဲတမ်းပေးခဲ့ကြသည်။ နောက်ဆုံး ကျွန်ုပ်တို့ထံ မုအာဝိယဟ် ဗင်န် အဘူစွဖ်ယားန်သည် ဟဂ်ျ သို့မဟုတ် အွမ်ရဟ် ပြုလုပ်ရန် ရောက်လာခဲ့သောအခါ သူသည် မင်န်ဘရ်ပေါ်မှ လူထုအား မိန့်ခွန်းပြောကြားခဲ့ရာ ၎င်းမိန့်ခွန်း၌ လူထုအား သူပြောခဲ့သည်မှာ- "ဧကန်မုချ ကျွန်ုပ်သည် ရှာမ်ဒေသမှ ဂျုံနှစ်မွဒ်သည် စွန်ပလွံသီးတစ်စွာအ်နှင့် တန်ဖိုးညီမျှသည်ဟု ယူဆပါသည်" ဟူ၍ဖြစ်သည်။ ထိုအခါ လူတို့သည် သူ၏ဤစကားကို လက်ခံလိုက်နာခဲ့ကြသည်။ အဘူစအီးဒ် (ရဿွိယလ္လာဟုအန်ဟု) က - "ကျွန်ုပ်ကတော့ ဇကားသုလ်ဖိသွိရ်ကို ကျွန်ုပ်အသက်ရှင်နေသမျှကာလပတ်လုံး ပေးလေ့ပေးထရှိသည့်အတိုင်းပင် ပေးသွားမည်ဖြစ်သည်" ဟု ပြောခဲ့လေသည်။
02

Explanation

မွတ်စ်လင်မ်တို့သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ ခေတ်ကာလနှင့် ခုလဖာအေရာရှီဒီးန် (ခလီဖဟ်ကြီးလေးပါး) တို့၏ ခေတ်ကာလများတွင် ကလေးဖြစ်စေ၊ လူကြီးဖြစ်စေ အားလုံးအတွက် အစားအစာ တစ်စွာအ် ပမာဏဖြင့် ဇကာသုလ်ဖိသိရ် (ဖိသ်ရဟ်) ထုတ်လေ့ရှိခဲ့ကြသည်။ ထိုစဉ်က ၎င်းတို့၏ အစားအစာများမှာ မုယောစပါး၊ စပျစ်သီးခြောက် (ဇဗီးဗ်)၊ နို့ခဲ နှင့် စွန်ပလွံသီးတို့ ဖြစ်ကြသည်။ တစ်စွာအ်၏ ပမာဏမှာ လေးမွဒ် ရှိပြီး၊ တစ်မွဒ်၏ ပမာဏမှာ သာမန်လူတစ်ဦး၏ လက်ဖဝါးနှစ်ဖက်စာခန့် ရှိသည်။ မုအာဝိယဟ် (ရဿွိယလ္လာဟုအန်ဟု) ခလီဖဟ်ဖြစ်ပြီး မဒီနဟ်သို့ရောက်လာချိန်၌ ရှာမ်ဒေသထွက် ဂျုံများ ပေါများလာသောအခါ သူသည် မိန့်ခွန်းပြောကြားခဲ့ပြီး - "ဧကန်အမှန် ကျွန်ုပ်သည် ရှာမ်ဒေသမှ ဂျုံနှစ်မွဒ် (စွာအ်တစ်ဝက်) သည် စွန်ပလွံသီးတစ်စွာအ်နှင့် တန်ဖိုးညီမျှသည်ဟု ယူဆပါသည်" ဟု မိန့်ကြားခဲ့သည်။ ထို့နောက် လူများသည် သူ၏ဤစကားကို လက်ခံလိုက်နာခဲ့ကြသည်။ အဘူစအီးဒ်အလ်ခွဒ်ရီ (ရဿွိယလ္လာဟုအန်ဟု) က "ကျွန်ုပ်ကတော့ ဖိသ်ရဟ်အား ကျွန်ုပ်အသက်ရှင်နေသမျှကာလပတ်လုံး တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ခေတ်ကာလတွင် ထုတ်ခဲ့သည့်အတိုင်းပင် ထုတ်မည်ဖြစ်သည်" ဟု ဆိုခဲ့လေသည်။
03

Benefits

၁။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ ခေတ်ကာလ၌ စွဒကသုလ်ဖိသ်ရ်၏ ပမာဏကို ရှင်းလင်းတင်ပြထားသည်။ ၎င်းမှာ အမျိုးအစားနှင့် တန်ဖိုးကွဲပြားနိုင်သော်လည်း အစားအစာ တစ်စွာအ် ပင် ဖြစ်သည်။
၂။ လူတို့စားသုံးသည့် မည်သည့်အစားအစာမဆို ဖိသ်ရဟ်‌အဖြစ် ပေးခွင့်ပြုထားသည်။ သို့ရာတွင် အထက်ဖော်ပြပါ အမျိုးအစားလေးမျိုးကို သီးသန့်ဖော်ပြထားခြင်းမှာ ယင်းတို့သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ ခေတ်ကာလက လူတို့စားသုံးသည့် အဓိက အစားအစာများ ဖြစ်သောကြောင့် ဖြစ်သည်။
၃။ စားနပ်ရိက္ခာအစား ငွေကြေးပေးခြင်းအားဖြင့် ဖိသ်ရဟ်အထမြောက်မည် မဟုတ်ပေ။
၄။ အိမာမ်နဝဝီက ဆွဟီးဟ်မွတ်စ်လင်မ်ကျမ်း၏ ရှရဟ်( အကျယ်ဖွင့်ဆိုချက်)၌ ဤသို့ရှင်းလင်းမိန့်ကြားသည်မှာ- "ဆွဟာဗဟ်များကြား၌ သဘောထားကွဲလွဲမှုရှိပါက၊ ၎င်းတို့အနက် တစ်ဦးတစ်ယောက်၏ အဆိုပြုချက်သည် အခြားသူတစ်ဦး၏ အဆိုပြုချက်ထက် ပိုမိုဦးစားပေးရန်မဖြစ်နိုင်သည့်အတွက် ကျွန်ုပ်တို့သည် အခြားသော သက်သေအထောက်အထားများဆီသို့ ပြန်လှည့်ရမည်။ ဟဒီးဆ်တော်များ၏ ပေါ်လွင်ထင်ရှားသည့်အဓိပ္ပါယ်နှင့် ကိယားစ် (နှိုင်းယှဉ်ဆင်ခြင်မှု) များသည် အခြားစားနပ်ရိက္ခာများကဲ့သို့ပင် ဂျုံအတွက်လည်း တစ်စွာအ်သတ်မှတ်ရန် လိုအပ်သည်ဟူသောအဆိုနှင့် ကိုက်ညီနေသည်ကို ကျွန်ုပ်တို့တွေ့ရှိရသည်။ ထို့ကြောင့် ဤအဆိုကို ယုံကြည်အားထားရမည်ဖြစ်သည်။
၅။ အစ်ဗ်နေဟဂျရ်က ဆိုသည်မှာ- အဘူစအီးဒ် (ရဿွိယလ္လာဟုအန်ဟု) ၏ ဟဒီးဆ်တွင် သူသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ နောက်သို့ တင်းပြည့်ကျပ်ပြည့် လိုက်နာခြင်း၊ တမန်တော်မြတ်၏ အမိန့်တော်များကို စွဲကိုင်ထားခြင်း၊ နတ်စ်ွ (ကုရ်အာန်၊ စွန္နသ်၏ ) သက်သေအထောက် အထား ရှိပါက အိဂျ်သိဟာဒ် (ဆင်ခြင်တုံတရားဖြင့် ကောက်ချက်ချခြင်း) မှ ရှောင်ကြဉ်ရန် ဆန္ဒပြင်းပြမှုမည်မျှရှိကြောင်း ဖော်ပြနေသည်။ မုအာဝိယဟ် (ရဿွိယလ္လာဟုအန်ဟု) ၏ လုပ်ဆောင်ချက်နှင့် ယင်အား လူတို့၏လက်ခံမှုသည် အိဂျ်သိဟာဒ် (ဆင်ခြင်တုံတရားဖြင့် ကောက်ချက်ချခြင်း)သည် ပြုပိုင်ကြောင်းနှင့် ၎င်းသည် ချီးမွမ်းထိုက်သည့် အရာဖြစ်ကြောင်း ညွှန်ပြနေသည်။ သို့ရာတွင် နတ်စ်ွ(ကုရ်အာန်၊ စွန္နသ်၏ ) ရှင်းလင်းပြတ်သားသော သက်သေအထောက်အထားရှိပါက၊ ယင်း (အိဂျ်သိဟာဒ်) သည် လက်ခံခြင်းခံရမည် မဟုတ်ပေ။

Attribution

[متفق عليه]

Categories

Share

Share hadeeth

Sharing options · 0 Total shares

Share

← Back to encyclopedia
Shopping Basket

Loading...