အသင်တို့အနက်တစ်ဦးတစ်ယောက်သည် အလ္လာဟ်အရှင်မြတ်အပေါ် အထင်အမြင်ကောင်း ရှိသည့်အခြေအနေမှအပ အခြားမည်သည့်အခြေအနေတွင်မျှ သေဆုံးခြင်းမပြုကြလေနှင့်။
Choose an available translation of this Hadeeth
Hadeeth text
ဂျာဗိရ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်ုပ်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့သည်။ "အသင်တို့အနက်တစ်ဦးတစ်ယောက်သည် အလ္လာဟ်အရှင်မြတ်အပေါ် အထင်အမြင်ကောင်း ရှိသည့်အခြေအနေမှအပ အခြားမည်သည့်အခြေအနေတွင်မျှ သေဆုံးခြင်းမပြုကြလေနှင့်။"
Explanation
သည် ကောင်းသောလုပ်ရပ်များ ဆောင်ရွက်ရန်အတွက် လိုအပ်ပြီး၊ ထိုအချိန်(ကွယ်လွန်သေဆုံးချိန်) သည် ကောင်းသောလုပ်ရပ်များ ဆောင်ရွက်ရန် အချိန်မဟုတ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ထိုအချိန်တွင် မျှော်လင့်ချက်ကသာ လွှမ်းမိုးသင့်သည်။
Benefits
အိမာမ်သွီဗီက ဤသို့ဆိုသည်- သင်တို့၏ အမလ်ကျင့်ဆောင်မှုများကို ယခုပင် ကောင်းမွန်အောင် ပြုလုပ်ထားကြလော့၊ သို့မှသာ ကွယ်လွန်သေဆုံးချိန်တွင် အလ္လာဟ်အရှင်မြတ်အပေါ် အထင်အမြင်ကောင်းထား ရှိနိုင်မည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မကွယ်လွန်မီ မိမိ၏လုပ်ရပ်များ ပျက်စီးယိုယွင်းနေသူတစ်ဦးသည် ကွယ်လွန်သေဆုံးချိန်တွင် (အလ္လာဟ်အရှင်မြတ်အပေါ် ) အထင်အမြင်ပျက်စီးယိုယွင်းတတ်သောကြောင့် ဖြစ်သည်။
ဗန္ဒဟ်ကျေးကျွန်တစ်ဦးအတွက် ပြီးပြည့်စုံဆုံးအခြေအနေမှာ မျှော်လင့်ချက်နှင့် ကြောက်ရွံ့မှုနှစ်ခုလုံးကို ဟန်ချက်ညီညီထားရှိခြင်းနှင့် ချစ်ခြင်းမေတ္တာကသာ လွှမ်းမိုးခြင်းဖြစ်သည်။ ချစ်ခြင်းမေတ္တာသည် ယာဉ်ဖြစ်၏၊ မျှော်လင့်ချက်သည် စီးနင်းသူဖြစ်၏၊ ကြောက်ရွံ့မှုသည် ယာဉ်မောင်းဖြစ်၏၊ အလ္လာဟ်အရှင်မြတ်သည် မိမိ၏ ကျေးဇူးတော်ဖြင့် ခရီးပန်းတိုင်သို့ ရောက်ရှိစေတော်မူ၏။
အသက်ထွက်မည့်အချိန်နီးကပ်လာသော သူတစ်ဦး၏အနားတွင် ရှိသူများအနေဖြင့် ၎င်းအား (အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်အား) မျှော်လင့်ချက်ထားရှိရန်နှင့် အရှင်မြတ်အား အထင်အမြင်ကောင်းထားရှိရန် အားပေးတိုက်တွန်းသင့်သည်။ ဤဟဒီးဆ်တွင် နဗီတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မကွယ်လွန်မီ (၃) ရက်အလိုတွင် ထိုသို့မိန့်ကြားခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

