افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم.
#3689[صحيح]
HadeethEnc · 1.34.0

ကျွန်တော်မျိုးအား အမလ်ကျင့်ဆောင်မှုတစ်ခု ညွှန်ပြပေးတော်မူပါ ကျွန်တော်မျိုးသည် ထိုအမလ်ကိုဆောင်ရွက်ပါက ဂျန္နသ်သုခဘုံသို့ဝင်ရောက်ရမည်။ ထိုအခါ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ သင်သည် အလ္လာဟ်အရှင်မြတ်ကိုသာ ခဝပ်ကိုးကွယ်ပါ။ အရှင်မြတ်နှင့် မည်သည့်အရာကိုမျှ ယှဉ်တွဲကိုးကွယ်ခြင်းမပြုနှင့်။ ဖရ်ဿ်ွအဖြစ် ပြဌာန်းထားသည့် ဆွလာသ်ကို ဆောက်တည်ပါ။ ဖရ်ဿ်ွအဖြစ် ပြဌာန်းထားသည့် ဇကာသ်ကို ပေးဆောင်ပါ။ ရမဿွာန်လတွင် ဆွိယာမ်ဥပုသ် စောင့်ထိန်းပါ။

Available translations

Choose an available translation of this Hadeeth

01

Hadeeth text

အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျေးတောသားတစ်ဦးသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံလာရောက်၍ လျှောက်ထားသည်မှာ ကျွန်တော်မျိုးအား အမလ်ကျင့်ဆောင်မှုတစ်ခု ညွှန်ပြပေးတော်မူပါ ကျွန်တော်မျိုးသည် ထိုအမလ်ကိုဆောင်ရွက်ပါက ဂျန္နသ်သုခဘုံသို့ဝင်ရောက်ရမည်။ ထိုအခါ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ သင်သည် အလ္လာဟ်အရှင်မြတ်ကိုသာ ခဝပ်ကိုးကွယ်ပါ။ အရှင်မြတ်နှင့် မည်သည့်အရာကိုမျှ ယှဉ်တွဲကိုးကွယ်ခြင်းမပြုနှင့်။ ဖရ်ဿ်ွအဖြစ် ပြဌာန်းထားသည့် ဆွလာသ်ကို ဆောက်တည်ပါ။ ဖရ်ဿ်ွအဖြစ် ပြဌာန်းထားသည့် ဇကာသ်ကို ပေးဆောင်ပါ။ ရမဿွာန်လတွင် ဆွိယာမ်ဥပုသ် စောင့်ထိန်းပါ။ ထိုအခါ ကျေးတောသားက အကြင်အရှင်မြတ်၏လက်တော်တွင် ကျွန်တော်မျိုး၏ အသက်ဝိညာဉ်ရှိပြီး ထိုအရှင်မြတ်ကို တိုင်တည်ပါသည်ကျွန်တော်မျိုးသည် ဤအချက်များထက် ပို၍မလုပ်ပါဟု ပြောကြားခဲ့သည်။ ၎င်းသူ လှည့်ပြန်သွားသည့်အခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ မည်သူမဆို ဂျန္နသ်သုခဘုံသားကို ကြည့်ရှု့ပြီး ဝမ်းမြောက်ကြည်နူးလိုလျှင် ဤပုဂ္ဂိုလ်ကိုကြည့်ပါ။
02

Explanation

ကျေးတောသားတစ်ဦးသည် မိမိအား ဂျန္နသ်သုခဘုံသို့ ဝင်ရောက်ခွင့်ရစေမည့် အမလ်ကောင်းမှုများကို ညွှန်ပြပေးရန်အတွက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံ ရောက်လာခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ဂျန္နသ်သုခဘုံသို့ဝင်ရောက်ခွင့်ရပြီး ဂျဟန္နမ်ငရဲမီးမှ လွတ်ကင်းခြင်းသည် အစ္စလာမ့်မဏ္ဍိုင်များကို လိုက်နာကျင့်သုံးခြင်း ပေါ်တွင်မူတည်ပြီး ၎င်းတွင် အလ္လာဟ်အရှင်မြတ် တစ်ဆူတည်းကိုသာ ခဝပ်ကိုးကွယ်ခြင်း၊ အလ္လာဟ်အရှင်မြတ်နှင့် မည့်သည့်အရာကိုမျှ ယှဉ်တွဲကိုးကွယ်မှုမပြုခြင်း၊ သင့်အနေဖြင့် အလ္လာဟ်အရှင်မြတ်က နေ့နှင့်ညတွင် မိမိကျေးကျွန်များအပေါ်တွင် ဖရ်ဿ်ွတာဝန်အဖြစ် သတ်မှတ်ထားသော ဆွလာသ်ငါးကြိမ်ကို ဆောက်တည်ခြင်း၊ သင့်အပေါ်တွင် ဖရ်ဿ်ွတာဝန်အဖြစ် သတ်မှတ်ထားသော ဥစ္စာပစ္စည်းနှင့် သက်ဆိုင်သည့် ဇကာသ်ကို စားထိုက်သူများအားပေးခြင်း၊ ရမဿွာန်လ၏ ဆွိယာမ်ဥပုသ်ကို သတ်မှတ်ထားသည့် အချိန်တွင် စောင့်ထိန်းခြင်းတို့ပါဝင်ကြောင်း ပြန်လည်ဖြေကြားတော်မူခဲ့သည်။ ထိုအခါ ၎င်းက အကြင်အရှင်မြတ်၏လက်တော်တွင် ကျွန်တော်မျိုး၏ အသက်ဝိညာဉ်ရှိပြီး ထိုအရှင်မြတ်ကို တိုင်တည်ပါသည် ကိုယ်တော့်ထံမှ ကျွန်တော်ကြားသိရသည့် ဖရ်ဿ်ွတာဝန်များထဲတွင် မည်သည့် အမလ်ကျင့်ဆောင်မှုကိုမျှ အပိုထပ်ထည့်မည်လည်း မဟုတ်သလို လျော့၍လုပ်မည်လည်း မဟုတ်ပါဟု လျှောက်ထားခဲ့သည်။ ထိုသူ လှည့်ပြန်သွားသည့်အခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မည်သူမဆို ဂျန္နသ်သုခဘုံသားကို ကြည့်ရှု့ပြီး ဝမ်းမြောက်ကြည်နူးလိုလျှင် ဤကျေးတောသားကို ကြည့်ပါဟု မိန့်ကြားတော်မူခဲ့သည်။
03

Benefits

အလ္လာဟ်အရှင်မြတ်ဘက်တော်သို့ ဖိတ်ခေါ်ရာတွင် အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းကိုသာ ခဝပ်ကိုးကွယ်ရမည်ဟူသည့်အချက်ကို ပထမဦးဆုံး ဖိတ်ခေါ်ရမည်။
အစ္စလာမ်သာသနာသို့ ဝင်ရောက်လာသူ သစ်လွင်မွတ်စ်လင်မ်အား ဖရ်ဿ်ွတာဝန်များကို အဓိကထား၍ သင်ကြားပေးရမည်။
အလ္လာဟ်အရှင်မြတ် ဘက်တော်သို့ ဖိတ်ခေါ်ရာတွင် အဆင့်ဆင့်ဆောင်ရွက်ခြင်း (သဒရုဂျ်) လိုအပ်သည်။
သာသနာရေးကိစ္စများကို သင်ယူရန် ထိုပုဂ္ဂိုလ်၏ စိတ်အားထက်သန်မှုကို ဖော်ပြထားသည်။
မွတ်စ်လင်မ်တစ်ဦးသည် ဖရ်ဿ်ွတာဝန်များကိုသာ ဆောင်ရွက်လျှင်လည်း အောင်မြင်မှု ရရှိလိမ့်မည်ဖြစ်သည်။ သို့သော် ဤသည် အမိန့်နာခံမှုတွင် ပေါ့လျော့ခွင့်ရှိသည်ဟု ဆိုလိုခြင်းမဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် နဖ်လ် အိဗာဒသ်များသည် ဖရ်ဿ်ွတာဝန်များ၏ လျော့နည်းမှုများကို ဖြည့်စွက်ပေးမည်ဖြစ်သည်။
အချို့ အိဗာဒသ်များကိုသာ သီးသန့်‌‌တင်ပြခြင်းသည် ထိုအိဗာဒသ်များ၏ အရေးပါမှုကို ညွှန်ပြခြင်းနှင့် လိုက်နာကျင့်သုံးရန် နှိုးဆော်ထားခြင်းဖြစ်သည်။ ဤသည် ထိုအိဗာဒသ်များမှလွဲ၍ အခြားဖရ်ဿ်ွတာဝန်များမရှိပါဟု ဆိုလိုခြင်း မဟုတ်ပါ။

Attribution

[متفق عليه]

Categories

Share

Share hadeeth

Sharing options · 0 Total shares

Share

← Back to encyclopedia
Shopping Basket

Loading...