အမှန်ပင် အသင်တို့အပေါ်ဝယ် ခေါင်းဆောင်အချို့အား ခန့်အပ်ခြင်းခံရလိမ့်မည်။ အသင်တို့သည် ၎င်းတို့၏ လုပ်ရပ်အချို့ကို လက်ခံကြပြီး အချို့ကို ငြင်းပယ်ကြလိမ့်မည်။ အကြင်သူသည် (၎င်းတို့၏ ကောင်းသောလုပ်ရပ်များကို) လက်ခံပါက အပြစ်ကင်းစင်သူဖြစ်သည်။ အကြင်သူသည် (၎င်းတို့၏ မကောင်းသောလုပ်ရပ်အား) ငြင်းပယ်ပါက ငြိမ်းချမ်းသူဖြစ်သည်။ သို့သော် အကြင်သူသည် ယင်းမကောင်းသောလုပ်ရပ်များကို ကျေနပ်နှစ်သက်ပြီး ၎င်းတို့နောက်သို့လိုက်ပါက ၎င်းတို့ကဲ့သို့ပင် (အပြစ်ထိုက်မည်)ဖြစ်သည်။
Choose an available translation of this Hadeeth
Hadeeth text
မုအ်မင်န်တို့၏ မိခင်ကြီး အုမ္မုစလမဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အမှန်ပင် အသင်တို့အပေါ်ဝယ် ခေါင်းဆောင်အချို့အား ခန့်အပ်ခြင်းခံရလိမ့်မည်။ အသင်တို့သည် ၎င်းတို့၏ လုပ်ရပ်အချို့ကို လက်ခံကြပြီး အချို့ကို ငြင်းပယ်ကြလိမ့်မည်။ အကြင်သူသည် (၎င်းတို့၏ ကောင်းသောလုပ်ရပ်များကို) လက်ခံပါက အပြစ်ကင်းစင်သူဖြစ်သည်။ အကြင်သူသည် (၎င်းတို့၏ မကောင်းသောလုပ်ရပ်အား) ငြင်းပယ်ပါက ငြိမ်းချမ်းသူဖြစ်သည်။ သို့သော် အကြင်သူသည် ယင်းမကောင်းသောလုပ်ရပ်များကို ကျေနပ်နှစ်သက်ပြီး ၎င်းတို့နောက်သို့လိုက်ပါက ၎င်းတို့ကဲ့သို့ပင် (အပြစ်ထိုက်မည်)ဖြစ်သည်။ သာဝကကြီးများက အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကျွန်ုပ်တို့သည် ၎င်းတို့အား စစ်တိုက်ရမည်မဟုတ်လောဟု လျှောက်ထားမေးမြန်းခဲ့ရာ ကိုယ်တော်က မိန့်တော်မူသည်မှာ ၎င်းတို့သည် အသင်တို့ထဲတွင် ဆွလာသ်ဆောက်တည်နေသရွေ့ ၎င်းတို့အား စစ်မတိုက်ကြလေနှင့်။
Explanation
ထို့နောက် သာဝကကြီးများက တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား ကျွန်ုပ်တို့သည် ထိုကဲ့သို့သော အာဏာပိုင်များကို စစ်တိုက်ရမည် မဟုတ်လောဟု မေးမြန်းခဲ့ကြရာ ကိုယ်တော်က ၎င်းတို့အား တားမြစ်တော်မူပြီး ၎င်းတို့အသင်တို့ထဲတွင် ဆွလာသ်ဆောက်တည်နေသရွေ့ ၎င်းတို့အား စစ်မတိုက်ကြလေနှင့်ဟု မိန့်ကြားတော်မူခဲ့သည်။
Benefits
မကောင်းမှုအား နှစ်သက်ခြင်း၊ မကောင်းမှု၌ ပူးပေါင်းပါဝင်ခြင်း မပြုပိုင်ပါ။ မကောင်းမှုအား ငြင်းပယ်ရန် အရေးကြီးသည်။
အကယ်၍ အာဏာပိုင်များက (ရှရီအဟ်) တရားတော်နှင့် ဆန့်ကျင်သည့် တရားသစ်တီထွင်ဖန်တီးလျှင် ပြည်သူများအနေဖြင့် ထိုကိစ္စအပေါ် ၎င်းတို့၏အမိန့်ကို နာခံခြင်း မပိုင်ပါ။
မွတ်စ်လင်မ် အာဏာပိုင်များလက်အောက်မှ ခွဲထွက်ခွင့်မရှိပါ။ အဘယ်ကြောင့်ဆိုသော် ထိုသို့ခွဲထွက်ခြင်း၌ ဘေးဒုက္ခဖြစ်ခြင်း၊ သွေးချောင်းစီးခြင်း၊ လုံခြုံမှုဆုံးရှုံးခြင်းများ ဖြစ်ပေါ်စေသည်။ အပြစ်ကျူးလွန်သော အာဏာပိုင်တို့၏ မကောင်းမှုနှင့် ၎င်းတို့ ပေးသည့်ဒုက္ခအပါ် သည်းခံခြင်းသည် ထို့ထက်ပို၍ ဆိုးကျိုးသက်သာသည်။
ဆွလာသ်သည် အလွန်ကြီးကျယ်လှပြီး ကုဖ်ရ်နှင့် အစ္စလာမ်အကြား ခြားနားပေးသောအရာဖြစ်သည်။
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

