افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم.
#3407[صحيح]
HadeethEnc · 1.34.0

ရောဂါကူးစက်သည်ဟု (အယူသီးယုံကြည်ခြင်း) မရှိ၊ ငှက်ဖြင့် အတိတ်နမိတ်ဆိုးကောက်ခြင်း မရှိ၊ ဇီးကွက်ဖြင့်အတိတ်နမိတ်ဆိုး ကောက်ခြင်း မရှိ၊ 'စွဖရ်' လသည် ဆိုးကျိုးရှိမည်ဟု ယူဆခြင်း မရှိ။ ထို့ပြင် အနာကြီးရောဂါသည်မှ အသင်သည် ခြင်္သေ့မှ ထွက်ပြေးသကဲ့သို့ ထွက်ပြေးပါ။

Available translations

Choose an available translation of this Hadeeth

01

Hadeeth text

အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ ရောဂါကူးစက်သည်ဟု (အယူသီးယုံကြည်ခြင်း) မရှိ၊ ငှက်ဖြင့် အတိတ်နမိတ်ဆိုးကောက်ခြင်း မရှိ၊ ဇီးကွက်ဖြင့်အတိတ်နမိတ်ဆိုး ကောက်ခြင်း မရှိ၊ 'စွဖရ်' လသည် ဆိုးကျိုးရှိမည်ဟု ယူဆခြင်း မရှိ။ ထို့ပြင် အနာကြီးရောဂါသည်မှ အသင်သည် ခြင်္သေ့မှ ထွက်ပြေးသကဲ့သို့ ထွက်ပြေးပါ။
02

Explanation

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ဂျာဟိလီယသ်အမှောင်ခေတ်၏ အချို့သော ( အယူသီးမှုများကို ) ၎င်းတို့မှ သတိပေးတားမြစ်ရန်နှင့် အရာခပ်သိမ်း၏ စီမံခန့်ခွဲမှုသည် အလ္လာဟ်အရှင်မြတ်၏ လက်တွင်းသာရှိကြောင်း၊ အရှင်မြတ်၏ အမိန့်တော်နှင့် သတ်မှတ်စီမံချက်မှတစ်ဆင့်သာ ဖြစ်ပေါ်ကြောင်း ရှင်းလင်းတင်ပြခဲ့သည်။ ၎င်းတို့မှာ-

၁။ ဂျာဟီလီယသ်အမှောင်ခေတ်တွင် လူများကရောဂါသည် ပင်ကိုယ်အားဖြင့် ကူးစက်နိုင်သည်ဟု မှတ်ယူကြသည်။ ထို့ကြောင့် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် ရောဂါသည် လူနာတစ်ဦးမှ အခြားသူထံသို့ သူ့ပင်ကိုယ်အားဖြင့်ကူးစက်သည်ဟူသော အယူအဆကို ယုံကြည်ခြင်းမှ တားမြစ်ခဲ့သည်။ အကြောင်းမှာ အလ္လာဟ်အရှင်မြတ်သည်သာ စကြဝဠာကို စီမံအုပ်ချုပ်တော်မူသူဖြစ်ပြီး၊ အရှင်မြတ်သည်သာ ရောဂါကို ချပေးတော်ပြီး၊ ထိုအရှင်မြတ်ကသာ ယင်းရောဂါကို ဖယ်ရှား‌ေပးတော်မူသောအရှင်ဖြစ်သည်။ ထို့ပြင် ၎င်းသည် အရှင်မြတ်၏ အလိုတော်နှင့် သတ်မှတ်စီမံမှုမှတစ်ဆင့်သာ ဖြစ်ပေါ်
သည်။

၂။ ဂျာဟီလီယသ်အ‌မှောင်ခေတ်ရှိ လူများသည် ခရီးထွက်ချိန် သို့မဟုတ် ကူးသန်းရောင်းဝယ်ရန် ထွက်ခွာတော့မည်ဆိုလျှင် ငှက်များကို မောင်းထုတ်ကြသည်။ အကယ်၍ ငှက်သည် ညာဘက်သို့ ပျံသန်းသွားပါက နမိတ်ကောင်းအဖြစ် မှတ်ယူကြပြီး၊ ဘယ်ဘက်သို့ ပျံသန်းသွားပါက နမိတ်ဆိုးအဖြစ်မှတ်ယူကာ ( ခရီးဆက်မထွက်တော့ဘဲ ) ပြန်လာ‌လေ့ရှိကြသည်။ ထို့ကြောင့် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် ဤသို့သော ငှက်ဖြင့် အတိတ်နမိတ်ဆိုး ကောက်ခြင်းမှ တားမြစ်ခဲ့ပြီး ၎င်းသည် မှားယွင်းသော အယူအဆဖြစ်ကြောင်း ရှင်းလင်းတင်ပြတော်မူခဲ့သည်။

၃။ ဂျာဟိလီယသ်အ‌မှောင်ခေတ်ရှိ လူများက ဇီးကွက်သည် အိမ်တစ်အိမ်ပေါ်သို့ ကျရောက်လာပါက ၎င်းအိမ်သူအိ
မ်သားများအတွက် ဘေးဒုက္ခတစ်စုံတစ်ရာ ကြုံတွေ့ရမည်ဟု ပြောဆို(ယုံကြည်)
ကြသည်။ ထို့ကြောင့် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ထိုသို့သော အတိတ်နမိတ်ဆိုးကောက်ခြင်းမှ တားမြစ်ခဲ့သည်။

၄။ ဆွဖရ်လနှင့်ပတ်သတ်၍ ( ထို လသည် မကောင်း‌ သော အ မင်္ဂလာဖြစ်သော လ )ဟု အတိတ်နမိတ်ဆိုး ကောက်ယူခြင်းမှလည်း တားမြစ်ခဲ့သည်။ ယင်းလသည် ဟိဂ်ျရီလများအနက် ဒုတိယမြောက် လ ဖြစ်သည်။ အချို့က "ဆွဖရ်" ဆိုသည်မှာ ဝမ်းဗိုက်တွင် ရှိသော မြွေတစ်မျိုးဖြစ်ပြီး (တကယ့်မြွေအစစ်ကို ဆိုလိုခြင်းမဟုတ်ဘဲ လူနဲ့ ကျွဲနွားတရိစ္ဆာန်များကို ဒုက္ခပေးတတ်သော ရောဂါဆန်းတစ်ခုကို ဆိုလိုခြင်းဖြစ်သည် ) ကျွဲနွားစသည့် တိရစ္ဆာန်များနှင့် လူသားများကို ထိခိုက်စေကာ ၎င်းတို့က ယင်း‌ရောဂါသည် ယားနာထက် ပိုမိုပြင်းထန်စွာ ကူးစက်နိုင်သည်ဟု ယူဆကြသည်။ ထို့ကြောင့် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် ဤအယူအဆကို ပယ်ချ တော်မူခဲ့သည်။

၅။ ခြင်္သေ့မှ ဝေးဝေးရှောင်သကဲ့သို့ အနာကြီးရောဂါ ရှိသူထံမှ ဝေးဝေးရှောင်ရန် အမိန့်ပေးခဲ့ခြင်းမှာ ယင်းသည် မိမိကိုယ်ကို ကာကွယ်ခြင်း၊ ဘေးကင်းလုံခြုံမှုရှာဖွေခြင်းနှင့် အလ္လာဟ်အရှင်မြတ် အမိန့်ပေးထားသော အကြောင်းခံများကို ကိုင်တွယ်လိုက်နာခြင်းဖြစ်သည်။ အနာကြီးရောဂါဆိုသည်မှာ လူ၏ ကိုယ်ခန္ဓာအစိတ်အပိုင်းများကို ဆွေးမြေ့စေသော ရောဂါတစ်မျိုး ဖြစ်သည်။
03

Benefits

အလ္လာဟ်အရှင်မြတ်အပေါ် ယုံကြည်အားထားခြင်း နှင့် အရှင်မြတ်အပေါ် အားကိုးအားထား ပြုရန် တာဝန်ရှိပြီး၊ အရှင်မြတ် ခွင့်ပြုထားသော အ ကြောင်းခံများကို လိုက်နာဆောင်ရွက်ရန် တာဝန်ရှိသည်။
အလ္လာဟ်အရှင်မြတ်၏ သက္ကဒီရ် သတ်မှတ်စီမံချက်နှင့် ဆုံးဖြတ်ချက်အပေါ် အီမာန်သက်ဝင်ယုံကြည်ရန် တာဝန်ရှိပြီး၊ အကြောင်းခံအားလုံးသည် အလ္လာဟ်အရှင်မြတ်၏ လက်တော်တွင်း၌ရှိပြီး အရှင်မြတ်သည်သာ ၎င်းတို့ကို ဖြစ်စေတော်မူ‌ေသာ်အရှင် သို့မဟုတ် ၎င်းတို့၏ သက်ရောက်မှုကို ရုပ်သိမ်းတော်မူသော်အရှင် ဖြစ်တော်မူသည်။
လူအချို့ ပြုလုပ်လေ့ရှိသော အရောင်များ (ဥပမာ- အနက်ရောင်၊ အနီရောင်)၊ အချို့သောကိန်းဂဏန်းများ၊ အမည်များ၊ ပုဂ္ဂိုလ်များနှင့် ကိုယ်အင်္ဂါချို့တဲ့သူများ စသည်တို့ဖြင့် အတိတ်နမိတ်ဆိုး ကောက်ယူခြင်းကို ပယ်ဖျက်‌ခြင်း။
အနာကြီးရောဂါရှိသူနှင့် အလားတူအခြားကူးစက်ရောဂါရှိသူများ၏ အနီးသို့ မချဉ်းကပ်ရန် တားမြစ်ထားရခြင်းမှာ အလ္လာဟ်အရှင်မြတ်က ထိုအကြောင်းတရားများသည် ၎င်းတို့၏ အကျိုးဆက်များဆီသို့ ရောက်ရှိစေသည်ဟူ၍ နိယာမ ထားရှိခဲ့သော အကြောင်းရင်းများထဲမှ တစ်ခုဖြစ်သော ကြောင့်ဖြစ်သည်။ သို့ရာတွင် အကြောင်းတရားများသည် မိမိတို့ပင်ကိုယ်အားဖြင့် အစွမ်းအစမရှိပေ။ စင်စစ်မှာမူ အလ္လာဟ်အရှင်မြတ်သည် အကြောင်းတရားများ၏ စွမ်းအားကို ရုပ်သိမ်းလိုက်လျှင် ၎င်းတို့သည် ဘာမျှမသက်ရောက်နိုင်တော့ပေ။ ထိုနည်းတူ ထားရှိခွင့်ပြုလိုက်လျှင်မူ ၎င်းတို့သည် သက်ရောက်မှုရှိသွားကြသည်။

Attribution

[متفق عليه]

Categories

Share

Share hadeeth

Sharing options · 0 Total shares

Share

← Back to encyclopedia
Shopping Basket

Loading...