افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم.
#3285[صحيح]
HadeethEnc · 1.34.0

အသင်တို့အနက် တစ်စုံတစ်ဦးသည် မိမိနှစ်သက်သော အိပ်မက်တစ်ခုမက်မြင်လျှင် ထိုအိပ်မက်သည် အလ္လာဟ်အရှင်မြတ်အထံတော်မှ ဖြစ်၏။ သို့ဖြစ်၍ အလ္လာဟ်အရှင်မြတ်အား ချီးမွမ်းထောပနာပြုလော့။ ထို့‌နောက် အိပ်မက်ကို (မိမိချစ်ခင်နှစ်သက်သူတို့အား) ပြောပြရမည်။ အကယ်၍ မိမိမနှစ်သက်သော အခြားအိပ်မက်ကို မက်လျှင်မူကား ထိုအိပ်မက်သည် ရှိုင်တွာန်ထံမှဖြစ်၏။ သို့ဖြစ်၍ ထိုအိပ်မက်၏ ဆိုးယုတ်မှုမှ (အရှင်မြတ်ထံ) ခိုလှုံခွင့်တောင်းခံလော့။ ထိုအိပ်မက်အား မည်သူ့ကိုမျှ မပြောပြရ။ ထိုသို့ပြုလျှင် ယင်းအိပ်မက်သည် သူ့အား ဘယ်သောအခါမျှ အန္တရာယ်ဖြစ်စေမည် မဟုတ်ပေ။

Available translations

Choose an available translation of this Hadeeth

01

Hadeeth text

အဗူစအီးဒ် ခွဒ်ရီး (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်တော်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်တော်မူသည်ကို ကြားသိခဲ့ရသည်။ အသင်တို့အနက် တစ်စုံတစ်ဦးသည် မိမိနှစ်သက်သော အိပ်မက်တစ်ခုမက်မြင်လျှင် ထိုအိပ်မက်သည် အလ္လာဟ်အရှင်မြတ်အထံတော်မှ ဖြစ်၏။ သို့ဖြစ်၍ အလ္လာဟ်အရှင်မြတ်အား ချီးမွမ်းထောပနာပြုလော့။ ထို့‌နောက် အိပ်မက်ကို (မိမိချစ်ခင်နှစ်သက်သူတို့အား) ပြောပြရမည်။ အကယ်၍ မိမိမနှစ်သက်သော အခြားအိပ်မက်ကို မက်လျှင်မူကား ထိုအိပ်မက်သည် ရှိုင်တွာန်ထံမှဖြစ်၏။ သို့ဖြစ်၍ ထိုအိပ်မက်၏
ဆိုးယုတ်မှုမှ (အရှင်မြတ်ထံ) ခိုလှုံခွင့်တောင်းခံလော့။ ထိုအိပ်မက်အား မည်သူ့ကိုမျှ မပြောပြရ။ ထိုသို့ပြုလျှင် ယင်းအိပ်မက်သည် သူ့အား ဘယ်သောအခါမျှ အန္တရာယ်ဖြစ်စေမည် မဟုတ်ပေ။"
02

Explanation

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်ကြားတော်မူသည်မှာ အိပ်ပျော်နေစဉ် မြင်မက်သော ကောင်းသော၊ ပျော်ရွှင်ဖွယ်အိပ်မက်သည် အလ္လာဟ်အရှင်မြတ်အထံတော်မှ ဖြစ်၏။ ထို့ကြောင့် အလ္လာဟ်အရှင်မြတ်အား ချီးမွမ်းခြင်းပြုပြီး ထိုအိပ်မက်ကို (မိမိချစ်ခင်နှစ်သက်သူတို့အား) ပြောပြရမည်။ အကယ်၍ မနှစ်မြို့ဖွယ်၊ ဝမ်းနည်းဖွယ် အိပ်မက်ကို မြင်မက်လျှင် ယင်းသည် ရှိုင်တွာန်ဘက်မှဖြစ်၏။ သို့ဖြစ်၍ ထိုအိပ်မက်၏ ဆိုးယုတ်မှုမှ အလ္လာဟ်အရှင်မြတ်ထံ ခိုလှုံခွင့်တောင်းခံပြီး မည်သူ့ကိုမျှ မပြောပြရ။ ဤသို့ဆောင်ရွက်လိုက်ခြင်းဖြင့် ထိုအိပ်မက်သည် ၎င်းအား မည်သည့်ဘေးအန္တရာယ်မျှ မဖြစ်စေနိုင်တော့ပေ။ အဘယ်ကြောင့်ဆိုသော် အလ္လာဟ်အရှင်မြတ်သည် ဤအမှုကိစ္စများကို အိပ်မက်ဆိုး၏ ဆိုးကျိုးများမှ ကာကွယ်ရန် နည်းလမ်းအဖြစ် ပြုလုပ်ပေးထားသောကြောင့်ဖြစ်၏။
03

Benefits

အိပ်မက်အမျိုးအစား( ၃ )- ၁။ ကောင်းသောအိပ်မက် - ယင်းသည် မှန်ကန်သောအိပ်မက်ဖြစ်ပြီး အလ္လာဟ်အရှင်မြတ်ထံမှ ပေးအပ်သော သတင်းကောင်းဖြစ်၏။ ၂။ အတွေးအမြင်များ (စိတ်ကူးယဥ်မှု) - နိုးနေစဉ် မိမိကိုယ်တိုင် စဉ်းစားတွေးတောနေမိသော အကြောင်းအရာများသည် (အိပ်မက်ထဲ ဝင်ရောက်လာခြင်းဖြစ်၏။) 3. ရှိုင်တွာန်ဘက်မှ လူသားအား ဝမ်းနည်း၊ ကြောက်ရွံ့စေခြင်း- ရှိုင်တွာန်သည် လူသားအား ဝမ်းနည်းပူ‌ဆွေးသောကရောက်စေရန် ကြောက်မက်ဖွယ်များကို ဖန်တီးပြသခြင်း။
ကောင်းသောအိပ်မက်အတွက် လိုက်နာရန် အချက် (၃) ချက် - ၁။ ထိုအိပ်မက်အတွက် အလ္လာဟ်အရှင်မြတ်အား ချီးမွမ်းခြင်း၊ ကျေးဇူးတင်ခြင်းပြုရမည်။ ၂။ ထိုအိပ်မက်ကြောင့် ဝမ်းမြောက်ဝမ်းသာ ပျော်ရွှင်ရမည်။ ၃။ ထိုအိပ်မက်အား မိမိချစ်ခင်နှစ်သက်သူကိုသာ ပြောပြရမည်။ မနှစ်သက်သူအား မပြောပြရ။
အိပ်မက်ဆိုးအတွက် လိုက်နာရန် အချက် (၅) ချက် - ၁။ ထိုအိပ်မက်၏ဆိုးယုတ်မှုမှ အလ္လာဟ်အရှင်မြတ်ထံ ခိုလှုံခွင့်တောင်းခံရမည်။ ၂။ ရှိုင်တွာန်၏ အန္တရာယ်မှ အလ္လာဟ်အရှင်မြတ်ထံ ခိုလှုံခွင့်တောင်းခံရမည်။ ၃။ အိပ်ယာမှနိုးလျှင် ဘယ်ဘက်သို့ လှည့်၍ သုံးကြိမ် တံတွေးထွေး(သကဲ့သို့) ပြုရမည်။ ၄။ မည်သူ့ကိုမျှ လုံးဝမပြောပြရ။ ၅။ ပြန်၍အိပ်လိုပါက ယခင်အိပ်ခဲ့သော ဘေးတစ်ဖက်သို့ မဟုတ်ဘဲ အခြားတစ်ဖက်သို့ လှည့်၍ အိပ်ရမည်။ ဤအချက်များအား လိုက်နာပါက ထိုအိပ်မက်ဆိုးသည် ၎င်းအား မည်သည့်ဘေးအန္တရာယ်မျှ မဖြစ်စေနိုင်တော့ပေ။
အိဗ်နုဟဂျရ်က မိန့်ဆိုသည်မှာ - ထိုသို့တားမြစ်ရခြင်း၏ ဟိက်မသ်ဉာဏ်ပညာဆိုင်ရာ အကြောင်းရင်းမှာ၊ အကယ်၍ လူတစ်ဦးသည် ကောင်းသော အိပ်မက်ကို မိမိမနှစ်သက်သူတစ်ဦးဦးအား ပြောပြလျှင်၊ ထိုသူသည် အမုန်းတရားကြောင့်ဖြစ်စေ၊ မနာလိုဝန်တိုစိတ်ကြောင့်ဖြစ်စေ အိပ်မက်၏အနက်ကို ပြန်လည်ရှင်းပြရာတွင် အိပ်မက်မက်သူ မနှစ်သက်သည့်ပုံစံဖြင့် ရှင်းပြတတ်သည်။ တခါတရံ ထိုအနက်ဖွင့်ဆိုချက်အတိုင်း အိပ်မက်သည် ဖြစ်လာနိုင်သည်၊ သို့မဟုတ် အိပ်မက်မက်သူသည် ထို့ကြောင့် စိတ်ဆင်းရဲခြင်း၊ ဒုက္ခရောက်ခြင်းတို့ကို မြန်မြန်ဆန်ဆန် ကြုံတွေ့ရနိုင်သည်။ ထို့ကြောင့် မိမိမနှစ်သက်သူအား (ကောင်းသောအိပ်မက်ကို) ပြောပြခြင်းမှ ရှောင်ကြဉ်ရန် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က အမိန့်ပေးတော်မူခဲ့ခြင်းဖြစ်သည်။
နိအ်မသ်တော်များ ရရှိသောအခါ၊ ကျေးဇူးတော်များ ဆက်တိုက် ချီးမြှင့်ခြင်းခံရသည့်အခါ အလ္လာဟ်အရှင်မြတ်အား ကျေးဇူးတင်ချီးမွမ်းခြင်းသည် ထိုကောင်းချီးမင်္ဂလာ တည်တံ့ခိုင်မြဲစေရန် အကြောင်းခံတစ်ရပ် ဖြစ်သည်။

Attribution

[رواه البخاري]

Categories

Share

Share hadeeth

Sharing options · 0 Total shares

Share

← Back to encyclopedia
Shopping Basket

Loading...