HadeethEnc · 1.34.0
မည်သူမဆို တိရစ္ဆာန်များ(သိုး၊ဆိတ်၊ကုလားအုပ်) ကို စောင့်ရှောက်သည့် ခွေး သို့မဟုတ် အမဲလိုက်ခွေး မှအပ ခွေးကို မွေးမြူမည်ဆိုလျှင် သူ၏ ကောင်းမှုမှနေ့စဉ် ကီရာသွ်နှစ်ခုလျော့နည်းသွားလိမ့်မည်
Available translations
Choose an available translation of this Hadeeth
01
Hadeeth text
အိဗ်နုအုမရ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ "မည်သူမဆို တိရစ္ဆာန်များ(သိုး၊ဆိတ်၊ကုလားအုပ်) ကို စောင့်ရှောက်သည့် ခွေး သို့မဟုတ် အမဲလိုက်ခွေး မှအပ ခွေးကို မွေးမြူမည်ဆိုလျှင် သူ၏
ကောင်းမှုမှနေ့စဉ် ကီရာသွ်နှစ်ခုလျော့နည်းသွားလိမ့်မည်။" စာလင်မ်က ပြောပြသည်- အဘူဟုရိုင်ရဟ်က 'သို့မဟုတ် လယ်ယာစောင့်ခွေး'ဟု ထည့်ပြောလေ့ရှိပြီး အဘူဟိုရိုင်ရဟ်ကိုယ်တိုင် လယ်ယာရှင်တစ်ဦးဖြစ်သည်။
02
Explanation
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် အမဲလိုက်ခြင်း၊ တိရစ္ဆာန်များနှင့် သီးနှံများကို စောင့်ရှောက်ကာကွယ်ရန်မှတစ်ပါး အခြားလိုအပ်ချက်များအတွက် ခွေးမွေးခြင်းကို သတိပေးတားမြစ်ထားသည်။ ထိုသို့လိုအပ်ချက်မရှိဘဲ ခွေးမွေးသူသည် နေ့စဉ် မိမိ၏
ကောင်းမှုအကျိုးမှ ကီရာသွ်နှစ်ခု လျော့နည်းသွားသည်။ ကီရာသွ်၏ တိတိကျကျပမာဏကို အလ္လာဟ်အရှင်မြတ်သာ လျှင် သိရှိတော်မူသည်။
ကောင်းမှုအကျိုးမှ ကီရာသွ်နှစ်ခု လျော့နည်းသွားသည်။ ကီရာသွ်၏ တိတိကျကျပမာဏကို အလ္လာဟ်အရှင်မြတ်သာ လျှင် သိရှိတော်မူသည်။
03
Benefits
မွတ်စ်လင်မ်တစ်ဦးအတွက် ခြွင်းချက်ဖြစ်သော အခြေ အနေများမှအပ ခွေးမွေးခွင့်မရှိပေ။
ခွေးမွေးခြင်းကို တားမြစ်ရခြင်းမှာ ၎င်းတွင် ဆိုးကျိုးများနှင့် အန္တရာယ်များစွာ ပါဝင်သောကြောင့်ဖြစ်သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံတော်မှ ခိုင်မာသည့် ဆင့်ပြန်ချက်အရ ခွေးရှိသောအိမ်သို့ ကောင်းကင်တမန်များ မဝင်ရောက်ပေ။ ထို့ပြင် ခွေး၏အညစ်အကြေးမှာ အလွန်ပြင်းထန်ပြီး ရေနှင့် မြေကြီးဖြင့် အကြိမ်ကြိမ်ဆေးမှသာ သန့်စင်နိုင်သောကြောင့်ဖြစ်သည်။

Attribution
[متفق عليه]
Categories
Share
Share hadeeth
Sharing options · 0 Total shares