HadeethEnc · 1.34.0
ဟစန်နှင့် ဟုစိုင်န်တို့သည် ဂျန္နတ်ရှိ လူငယ်များ၏ ခေါင်းဆောင်နှစ်ဦးဖြစ်ကြသည်။
Available translations
Choose an available translation of this Hadeeth
01
Hadeeth text
အဗူစအီးဒ်ခုဒ်ရီ(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်။ "ဟစန်နှင့် ဟုစိုင်န်တို့သည် ဂျန္နတ်ရှိ လူငယ်များ၏ ခေါင်းဆောင်နှစ်ဦးဖြစ်ကြသည်။"
02
Explanation
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားခဲ့သည်မှာ မိမိ၏မြေးတော်နှစ်ပါး၊ အလီ ဗင်န် အဘူသွာလိဗ်နှင့် ကိုယ်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏သမီးတော် ဖာသွိမဟ်တို့၏သားတော်နှစ်ပါးဖြစ်သည့် ဟစန်နှင့် ဟုစိုင်န် (ရဿွိယလ္လာဟုအန်ဟွမ်) တို့သည် မြင့်မြတ်မှုအားဖြင့် လူငယ်ဘဝ၌ ကွယ်လွန်ပြီး ဂျန္နတ်သို့ ဝင်ရောက်ကြမည့် လူငယ်အားလုံး၏ခေါင်းဆောင်များ သို့မဟုတ် နဗီတမန်တော်များနှင့် ခုလဖာအေရာရှီဒီးန် (တရားလမ်းမှန်ကို လိုက်နာသော ခလီဖဟ်ခေါင်းဆောင်ကြီးများ) မှလွဲ၍ ဂျန္နသ်သုခံဘုံသားများအနက် လူငယ်များ၏
ခေါင်းဆောင်များဖြစ်ကြောင်း မိန့်ကြားခဲ့သည်။

03
Benefits
ဟဒီးဆ်တော်တွင် ဟစန်နှင့် ဟုစိုင်န် (ရဿွိယလ္လာဟုအန်ဟုမာ) တို့၏ ထင်ရှားသည့် ထူးကဲမြင့်မြတ်မှု ကိုဖော်ပြထားသည်။
ဤဟဒီးဆ်တော်၏ အဓိပ္ပာယ်နှင့်စပ်လျဉ်း၍ အချို့ပညာရှင်များက ဆိုကြသည်မှာ- ၁။ ဤဟဒီးဆ်ကို တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားချိန်တွင် ထိုအချိန်၌ ရှိသော ဂျန္နတ်ဝင်ထိုက်သူ လူငယ်များ၏ ခေါင်းဆောင်များအဖြစ် ဤနှစ်ဦး တည်ရှိခဲ့သည်ဟု ဆိုသည်။ ၂။ ဤနှစ်ဦးသည် နဗီတမန်တော်များနှင့် ခုလဖာအေရာရှီဒီးန် (တရားလမ်းမှန်ကို လိုက်နာသော ခလီဖဟ်ခေါင်းဆောင်ကြီးများ) လွဲ၍ အထွေထွေ မြင့်မြတ်မှု အတိအကျ မရှိသူများထက် သာလွန်မြင့်မြတ်သည်ဟု ဆိုသည်။ ၃။ ဤနှစ်ဦးသည် လူငယ်ဘဝ၏ အရည်အသွေးများဖြစ်သည့် လူပျိုဖော်ဝင်ခြင်း၊ ရက်ရောမှု၊ ရဲစွမ်းသတ္တိစသည်တို့ဖြင့် ပြည့်စုံသူများ၏ ခေါင်းဆောင်များ ဖြစ်ကြသည်ဟု ဆိုသည်။ ဤတွင် ဆိုလိုရင်းမှာ အသက်အရွယ် လူငယ်ဘဝ မဟုတ်ဘဲ လူငယ်စိတ်ဓာတ်နှင့် ဂုဏ်သတ္တိများကိ ရည်ညွှန်းခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဟစန်နှင့် ဟုစိုင်န် (ရဿွိယလ္လာဟု အန်ဟုမာ) တို့သည် အသက်အလယ်အလတ် ပိုင်းတွင် ကွယ်လွန်ခဲ့ကြသောကြောင့် ဖြစ်သည်။

Attribution
[رواه الترمذي وأحمد]
Categories
Share
Share hadeeth
Sharing options · 0 Total shares