လူတွေရဲ့အခြေအနေဟာ မည်သို့ဖြစ်သွားကြသနည်း။ သူတို့ဟာ မိမိတို့ရဲ့ဆွလာသ်ဝတ်ပြုမှုအတွင်း မျက်လုံးတွေကို မိုးကောင်းကင်ဘက်သို့ မော့ကြည့်နေကြသည်။" ထိုကိစ္စနှင့် ပတ်သက်၍ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ မိန့်ကြားချက်မှာ အလွန်ပြင်းထန်ခဲ့ပြီး၊ နောက်ဆုံး ကိုယ်တော်သည် (ဤမျှထိပင်ပြင်းထန်စွာ) မိန့်တော်မူသည်။ " ၎င်းတို့သည် ထိုအပြုအမူမှ သေချာပေါက် ရှောင်ကြဉ်ရမည်။ သို့မဟုတ်ပါက သူတို့၏ အမြင်အာရုံများကို သုတ်ယူသွားခြင်း (မျက်စိများကန်းသွားကျလိမ့်မည်) ခံရလိမ့်မည်။
Choose an available translation of this Hadeeth
Hadeeth text
အနတ်စ် ဗင်န် မာလစ်က် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော် မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ "လူတွေရဲ့အခြေအနေဟာ မည်သို့ဖြစ်သွားကြသနည်း။ သူတို့ဟာ မိမိတို့ရဲ့ဆွလာသ်ဝတ်ပြုမှုအတွင်း မျက်လုံးတွေကို မိုးကောင်းကင်ဘက်သို့ မော့ကြည့်နေကြသည်။" ထိုကိစ္စနှင့် ပတ်သက်၍ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ မိန့်ကြားချက်မှာ အလွန်ပြင်းထန်ခဲ့ပြီး၊ နောက်ဆုံး ကိုယ်တော်သည် (ဤမျှထိပင်ပြင်းထန်စွာ) မိန့်တော်မူသည်။ " ၎င်းတို့သည် ထိုအပြုအမူမှ သေချာပေါက် ရှောင်ကြဉ်ရမည်။ သို့မဟုတ်ပါက သူတို့၏ အမြင်အာရုံများကို သုတ်ယူသွားခြင်း (မျက်စိများကန်းသွားကျလိမ့်မည်) ခံရလိမ့်မည်။"
Explanation
Benefits
၂။ ဆွလာသ်ဝတ်ပြုနေစဉ်အတွင်း မျက် စိကိုမိုးကောင်းကင်ဘက်သို့ မော့ကြည့်သူအတွက် ပြင်း။ထန်စွာ တားမြစ်ချက်နှင့် ကြောက် မက်ဖွယ် သတိ ပေးချက် ရှိသည်။
၃။ 'အောင်နုလ်မအ်ဗူဒ်' ကျမ်းတွင် ဖော်ပြထားသည်- ထိုသို့ တားမြစ်ရခြင်း၏ အကြောင်း ရင်းမှာ အကြင်သူသည် မိုးကောင်း ကင်ဘက်သို့ မော့ကြည့်မိသော် ကိဗ်လဟ်ဘက်သို့မျက်နာမူရာမှ လွဲသွားပြီး ထို ကိဗ်လဟ်နှင့် ဆွလာသ်၏ ကျင့်စဉ်ပုံစံကို ကျောခိုင်းသကဲ့သို့ ဖြစ်သွားသော ကြောင့် ဖြစ်သည်။
၄။ ဆွလာသ်အတွင်း (အပေါ်သို့) မျက်လုံးများ မော့ကြည့်ခြင်းသည် ဆွလာသ်အတွင်း အာရုံစူးစိုက်မှုပြုခြင်း (ခုရှူးအ်) နှင့် ဆန့်ကျင်ဘက်ဖြစ်သည်။
၅။ ဆွလာသ်၏ ကြီးမြတ်မြင့် မြတ်သော ဂုဏ်သိက္ခာနှင့်၊ ဆွလာသ်ပြုသူသည် ဆွလာသ်ဝတ်ပြုနေစဉ်အတွင်း အလ္လာဟ်အရှင်မြတ်အပေါ် ပြီးပြည့်စုံလင်သော ယဉ်ကျေးကျိုးနွံမှုဖြင့် ရှိရမည်ဖြစ်ကြောင်း (ဖော်ပြထားသည်)။
Attribution
Categories
Share hadeeth
Sharing options

