افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم.
#10604[صحيح]
HadeethEnc · 1.34.0

“အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ကျွန်ုပ်တို့အား သုံးခုသောအချိန်များ၌ ဆွလာသ်ဝတ်ပြုရန် သော်လည်းကောင်း၊ ကျွန်ုပ်တို့၏ သေဆုံးကွယ်လွန်သူများကို မြှုပ်နှံရန် သော်လည်းကောင်း တားမြစ်တော်မူခဲ့သည်

Available translations

Choose an available translation of this Hadeeth

01

Hadeeth text

အွတ်က်ဗဟ် ဗင်န် အာမိရ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ “အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ကျွန်ုပ်တို့အား သုံးခုသောအချိန်များ၌ ဆွလာသ်ဝတ်ပြုရန် သော်လည်းကောင်း၊ ကျွန်ုပ်တို့၏ သေဆုံးကွယ်လွန်သူများကို မြှုပ်နှံရန် သော်လည်းကောင်း တားမြစ်တော်မူခဲ့သည်- (၁) နေထွက်စပြုချိန်မှ နေမြင့်တက်လာချိန်အထိ၊ (၂) နေမွန်းတည့်ချိန်မှ အနောက်သို့ စတင်ယိုင်ဆင်းသည်အထိ၊ (၃) နေဝင်စပြုချိန်မှ နေလုံးဝဝင်သွားသည်အထိ ဖြစ်သည်။"
02

Explanation

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် နေ့တွင် အောက်ပါအချိန်သုံးခု၌ နဖိလ်ဆွလားသ်ဝတ်ပြုခြင်းနှင့် သေဆုံးကွယ်လွန်သူများကို မြုပ်နှံခြင်းမပြုရန် တားမြစ်တော်မူခဲ့သည်။ ပထမအချိန်- နေထွက်စဉ် ပထမဆုံး အလင်းရောင်စတင်ပေါ်ပြီး နေဟာ လှံတစ်ဖျားစာ (အမြင့်) အထိ မြင့်တက်ချိန်အထိဖြစ်သည်။ ယင်းမှာ ခန့်မှန်းခြေ (၁၅)မိနစ်ခန့် ကြာမြင့်သည်။ ဒုတိယအချိန် – နေသည် ကောင်းကင်အလယ်သို့ ရောက်ရှိချိန်၌(နေမွန်းတည့်ချိန်) ဖြစ်သည်။ ဆိုလိုသည်မှာ အရိပ်သည် အရှေ့ သို့မဟုတ် အနောက်သို့ မညွှတ်ဘဲ အတိအကျ အလယ်၌ရှိသော အချိန်မှ နေစောင်းသွားသည့် အချိန်အထိဖြစ်သည်။ ထို့နောက် အရှေ့ဘက်မှ အရိပ်စတင်ပေါ်လာချိန်သည် နေ့လယ်ဇုဟုရ်ဆွလာသ်အချိန် စတင်ချိန်ဖြစ်သည်။ ထိုအချိန်သည် အလွန်တိုတောင်းပြီး (၁၅)မိနစ်ခန့် ဖြစ်သည်။ တတိယအချိန် – နေဝင်စပြုချိန်မှနေ၍ နေလုံးဝဝင်သွားသည်အထိ ဖြစ်သည်။
03

Benefits

ဤဟဒီးစ်နှင့် အခြားသောဟဒီးစ်တော်များအရ ဆွလာသ်ဝတ်ပြုခွင့်မရှိသောအချိန်များမှာ အောက်ပါအတိုင်းဖြစ်သည်- (၁) ဖဂျရ်ဆွလာသ်ဝတ်ပြုပြီးချိန်မှ နေထွက်ချိန်အထိ။ (၂) နေထွက်ချိန်၌ နေသည် မျက်စိဖြင့်ကြည့်လျှင် လှံတစ်ဖျားခန့် (ခန့်မှန်းခြေ မိနစ် ၁၅ ခန့်) မြင့်တက်လာသည်အထိ။ (၃) နေ့လယ်ခင်းတွင် (မိုးကောင်းကင်အလယ်၌)နေတည့်တည့်ဖြစ်ချိန်၊ ဤသည်မှာ နေ့လယ်အချိန်၌ ရပ်နေသောလူ၏ အရိပ်သည် အရှေ့ သို့မဟုတ် အနောက်ဘက်သို့ မရောက်တော့သောအချိန်ဖြစ်သည်။ အချို့က ထိုအချိန်အား ခန့်မှန်းခြေ ၅ မိနစ်ခန့် ဟု သတ်မှတ်ကြသည်။ (၄) အစွရ်ဆွလာသ်ပြီးနောက်မှ နေဝင်ချိန်အထိ။ (၅) (နေဝင်ဆဲအချိန်၌) နေသည် အဝါရောင်ပြောင်းလာချိန်မှ နေဝင်သည်အထိ။
တားမြစ်ထားသော အချိန်ငါးခု၌ ဆွလာသ်ဝတ်ပြုခြင်းအား တားမြစ်ချက်မှ ဖရဿ်ွဆွလားသ်များနှင့် ဝတ်ပြုရန်အကြောင်းရှိသည့် ဆွလာသ်များ (ဥပမာ-သဟိယသုလ်မတ်စ်ဂျစ်ဒ်) ကို ချန်လှပ်ထားသည် (ယင်းတို့ကို ထိုအချိန်များ၌ ဖတ်ခွင့်ရှိသည်)။
ဟဒီးစ်တော်တွင် ဖော်ပြထားသော ကျဉ်းမြောင်းသည့် အချိန်သုံးခုအထိ ဒဖန်မြေမြုပ်ခြင်းအား ရည်ရွယ်ချက်ရှိရှိ နောက်ဆိုင်းထားခြင်းကို တားမြစ်ထားပြီး ထိုအချိန်များမှအပ ညဘက်ဖြစ်စေ၊ နေ့ဘက်ဖြစ်စေ မည်သည့်အချိန်၌မဆို ဒဖန်မြေမြုပ်ခြင်း ပြုလုပ်ခွင့်ရှိသည်။
ဤအချိန်များ၌ ဆွလာသ်မဝတ်ပြုရန် တားမြစ်ခြင်း၏ ဟိက်မသ်ဉာဏ်အ‌မြှော်အမြင် - အခြေခံအချက်မှာ မွတ်စ်လင်မ်သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များရှေ့တွင် မိမိကိုယ်ကိုအပ်နှင်းနာခံခြင်းနှင့် အရှင်မြတ်၏ တားမြစ်ချက်များကို အရှင်မြတ်အား ဆည်းကပ်ကိုးကွယ်သည့်အနေဖြင့် ရှောင်ရှားခြင်း ဖြစ်သည်။ အမိန့်တော် သို့မဟုတ် တားမြစ်ချက်တစ်ခုခု၏ နောက်ကွယ်ရှိ ဟိက်မသ်ဉာဏ်အ‌မြှော်အမြင် သို့မဟုတ် အကြောင်းခံ တစ်စုံတစ်ရာကို သိရှိသွားသည့်တိုင်အောင် ဝတ်ပြုခြင်းကို ရပ်တန့်မထားသင့်ပေ။ ယင်းအစား သူ့အပေါ်၌ တာဝန်ရှိသည်မှာ အမိန့်ကို နာခံရန်သာဖြစ်သည်။ သို့ရာတွင် အခြားသော ဟဒီးစ်တော်များ၌ ဤတားမြစ်ချက်၏ ဟိက်မသ်ဉာဏ်အမြှော်အမြင်အကြောင်းတရားများကို ရှင်းပြထားသည်- (၁) မွန်းမလွဲမီ နေမွန်းတည့်ချိန်တွင် ငရဲမီးအား အရှိန်အပြင်းထန်ဆုံး လောင်ကျွမ်းတောက်လောင်စေသောကြောင့်ဖြစ်သည်။ (၂) နေထွက်ချိန်နှင့် နေဝင်ချိန်၌ ဆွလာသ်မဝတ်ပြုရန် တားမြစ်ခြင်း၏ ဟိက်မဟ်ဉာဏ်အမြှော်အမြင်မှာ မုရှ်ရစ်က်တို့နှင့် တူညီစေခြင်းကို ရှောင်ရှားရန်ဖြစ်သည်။ အဘယ်ကြောင့်စေသော် ၎င်းတို့သည် နေထွက်ချိန်နှင့် နေဝင်ချိန်တို့တွင် နေကို ဦးညွှတ်ကိုးကွယ်ကြသောကြောင့်ဖြစ်သည်။ (၃) ဖဂျရ်ဆွလာသ်ပြီးနောက်မှ နေထွက်သည်အထိ၊ အစွရ်ဆွလာသ်ပြီးနောက်မှ နေဝင်သည်အထိ ဆွလာသ်မဝတ်ပြုရန် တားမြစ်ခြင်းသည် စဒ်ဒုဇရီအဟ် (တားမြစ်ရာသို့ဦးတည်စေသောလမ်းကြောင်းကို ပိတ်ခြင်း) အနေဖြင့် ဖြစ်သည်။ ယင်းသို့ဖြင့် ကာဖိရ်များနှင့် တူညီခြင်းကို ရှောင်ရှားနိုင်ပြီး မွတ်စ်လင်မ်တို့သည် သူတို့၏ရှိရ်က်လုပ်ရပ်၌ သူတို့နှင့် တူညီမည်မဟုတ်ပေ။ အဘယ် ကြောင့်ဆိုသော် ကာဖိရ်များသည် နေထွက်ချိန်နှင့် နေဝင်ချိန်တို့တွင် နေကို ဦးညွှတ်ကိုးကွယ်ကြသောကြောင့်ဖြစ်သည်။

Attribution

[رواه مسلم]

Categories

Share

Share hadeeth

Sharing options · 0 Total shares

Share

← Back to encyclopedia
Shopping Basket

Loading...